
**အရောင်မဲ့သက်သက်
ရာဇ၀င်အဆက်ဆက်
ပြည့် အတွက်ဆို
အမောင်ဒေါင်းတို့ ..ေ့ ရှကဦးဆောင်..
**ရှစ်ပူးနှစ်ပယ်မှာ
အဆိပ်လူးကျည်ဖူး
ရင်ဘက်တွေခံကတုတ်နဲ့ 
အံတုဘက်ပြိုင်..
သွေးပျက်ကာပြေးထွက်သူက
မ.ဆ.လ…
ဧကရာဇ်ပန်းတွေလဲ
သုံးပွင့်ဆက်ကြွေကျ..
ရိုက်ချက်တွေပီသပေမယ့်
ဘာမျှ .ဒို့ မရလိုက်ဘူး.
သွေးဆာသူမိစ္ဆာတစုရဲ့ 
မောင်းပြန်တွေအောက်
တမလွန်ရောက်သူရောက်
အကျဉ်းကျသူကျ
သူပုန်ထသူ.ထ…
ကြယ်တွေတစင်းပြီးတစင်းကြွေ
သွေးတွေတကွက်ပြီးတကွက်စွန်း…
**ဒီလိုနဲ့ 
၂၂ နှစ်ကျော်ကာလ
အတိတ်မေ့ရောဂါသည်တွေက
အတ္တတွေကိုအပြိုင်ပျိုးလို့ 
ဇာတ်တူသားတွေအလုအယက်စား
အရင်ရောက်သူတန်းစီးလုပ်..
အဝေးကွင်းမှာ..ရောမလိုကျင့်ရင်း
ကိုယ်ယုံကြည်ချက်..ကိုယ်ပြန်တိုက်စား
သိက္ခာတွေ.ရိက္ခာနဲ့ လဲ
အပြို ပြိုအကွဲကွဲ..စာရိတ္တတွေနဲ့ 
စားခွက်လုလို့ ကောင်းနေဆဲ…
ရန်သူနဲ့ စီးချင်းမထိုးခင်
နောက်ကျောဓါးဝင်…
**အိမ်ကြီးကတော့.အမိုးတွေလန်
တိုင်တွေနဲ့ ..အကာတွေရွဲ့ 
သာသနာကိုချ စတေးတာတောင်
End game ကမရောက်…
**အနိုင်ရပါတီက
လူမှူ့ ရေးအသင်းဖြစ်..
**စစ်ဧကရာဇ်ကတော့
ထင်ရာဆိုင်းဖို့ 
၂၀၀၈ ဥပဒေတွေနဲ့ 
တံတိုင်းခတ်
နျုကရီးယားပေါ်တက်ရပ်ဖို့ ကြံဆောင်
သယံဇာတတွေလဲပြောင်
**၀မ်းမ၀လို့ 
တန်းအပြင်ရောက်သူရောက်
ကောင်းခြင်းတွေအားလုံးပျက်သုန်းတဲ့
ရာဇ၀င်ရိုင်းရိုင်းခောတ်သမိုင်းမှာ
စစ်ခွေးဘီလူးရဲ့ အစွယ်ဖွေးဖွေးတွေကြား
အသားဒစ်တွေပါသွားမှာ
တွေးကြောက်လို့ 
မျိုးဆက်သစ်ကိုချကြွေးတော့မှာလား…..
**ဆောင်းယွန်းနွေ**

**အရောင်မဲ့သက်သက်
ရာဇ၀င်အဆက်ဆက်
ပြည့် အတွက်ဆို
အမောင်ဒေါင်းတို့ ..ေ့ ရှကဦးဆောင်..
**ရှစ်ပူးနှစ်ပယ်မှာ
အဆိပ်လူးကျည်ဖူး
ရင်ဘက်တွေခံကတုတ်နဲ့ 
အံတုဘက်ပြိုင်..
သွေးပျက်ကာပြေးထွက်သူက
မ.ဆ.လ…
ဧကရာဇ်ပန်းတွေလဲ
သုံးပွင့်ဆက်ကြွေကျ..
ရိုက်ချက်တွေပီသပေမယ့်
ဘာမျှ .ဒို့ မရလိုက်ဘူး.
သွေးဆာသူမိစ္ဆာတစုရဲ့ 
မောင်းပြန်တွေအောက်
တမလွန်ရောက်သူရောက်
အကျဉ်းကျသူကျ
သူပုန်ထသူ.ထ…
ကြယ်တွေတစင်းပြီးတစင်းကြွေ
သွေးတွေတကွက်ပြီးတကွက်စွန်း…
**ဒီလိုနဲ့ 
၂၂ နှစ်ကျော်ကာလ
အတိတ်မေ့ရောဂါသည်တွေက
အတ္တတွေကိုအပြိုင်ပျိုးလို့ 
ဇာတ်တူသားတွေအလုအယက်စား
အရင်ရောက်သူတန်းစီးလုပ်..
အဝေးကွင်းမှာ..ရောမလိုကျင့်ရင်း
ကိုယ်ယုံကြည်ချက်..ကိုယ်ပြန်တိုက်စား
သိက္ခာတွေ.ရိက္ခာနဲ့ လဲ
အပြို ပြိုအကွဲကွဲ..စာရိတ္တတွေနဲ့ 
စားခွက်လုလို့ ကောင်းနေဆဲ…
ရန်သူနဲ့ စီးချင်းမထိုးခင်
နောက်ကျောဓါးဝင်…
**အိမ်ကြီးကတော့.အမိုးတွေလန်
တိုင်တွေနဲ့ ..အကာတွေရွဲ့ 
သာသနာကိုချ စတေးတာတောင်
End game ကမရောက်…
**အနိုင်ရပါတီက
လူမှူ့ ရေးအသင်းဖြစ်..
**စစ်ဧကရာဇ်ကတော့
ထင်ရာဆိုင်းဖို့ 
၂၀၀၈ ဥပဒေတွေနဲ့ 
တံတိုင်းခတ်
နျုကရီးယားပေါ်တက်ရပ်ဖို့ ကြံဆောင်
သယံဇာတတွေလဲပြောင်
**၀မ်းမ၀လို့ 
တန်းအပြင်ရောက်သူရောက်
ကောင်းခြင်းတွေအားလုံးပျက်သုန်းတဲ့
ရာဇ၀င်ရိုင်းရိုင်းခောတ်သမိုင်းမှာ
စစ်ခွေးဘီလူးရဲ့ အစွယ်ဖွေးဖွေးတွေကြား
အသားဒစ်တွေပါသွားမှာ
တွေးကြောက်လို့ 
မျိုးဆက်သစ်ကိုချကြွေးတော့မှာလား…..
**ဆောင်းယွန်းနွေ**


No comments:
Post a Comment