**(စက်တင်ဘာ၂၄၊ကိုတီး-းထိုင်းဘာသာပြန်-ရခိုင့်တံခွန်ဂျာနယ်)**
မြန်မာနိုင်ငံရှမ်းလူမျိုး၊တစ်ဦးစိတ်ကြွဆေးပြားအမြောက်အများနှင့်အတူမယ်ဆိုင်ရဲစခန်းတွင်ကိုယ်တိုင်သွား
ရောက် အဖမ်းခံလိုက်ကြောင်း ယနေ့ ထုတ် ထိုင်းရပ်သတင်းစာ တွင်ရေးသား ထားသည်။
အသက်၂၇နှစ်အရွယ်မောင်သန့်၊ဆိုသူအား၊ချင်းရိုင်ခရိုင် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ က ယမန်နေ့ 
ကမယ်ဆိုင်မြို့၊၀လုန်ဖါခန်းရပ်ကွက်၊နယ်မြေအမှတ်(၄)ရှိ၊ပါရန်းမိုင်အိမ်ဂေဟာတွင်၊ယာဘဆေးလုံးရေလေး
သောင်း ၊ဘတ်ငွေ ၂သန်းခြောက်သိန်းဖိုးဝယ်ယူရန်ချိန်းဆိုခဲ့သည်။ မောင်သန့်ကပစ္စည်းများပို့ ရန်လာရောက်စဉ်ထောက်လှမ်းရေးထိုင်းပုလိပ်များမှန်းသိသဖြင့် ထွက်ပြေးသွားခဲ့သည်။
ထွက်ပြေးတိမ်းရှောင်ပြီး ၃နာရီခန့် အကြာတွင်၊အရောင်းအ၀ယ်မအောင်မြင်သဖြင့် စိတ်ကြွဆေးပြား(ယာဘ)ဆေးပိုင်ရှင်များ ကလာသတ်မည်ကိုစိုးရိမ်သဖြင့် ယခုကဲ့သို့ လာရောက်အဖမ်းခံခဲ့ကြောင်းထွက်ဆိုသွားသည်။
ချင်းလိုင်ရဲဗိုလ်မှူးနလုံးချိုင်ဝုန်းစံနိ က အစည်း၂၀ အလုံးရေ ၄၀၀၀၀ ကိုပိုဆောင်ခအဖြစ်ဘတ်သုံးသောင်းရ
တယ်၊ ပိုင်ရှင်တွေကိုဖမ်းမိအောင်ဆက်လက်ကြိုးပမ်းဖေါ်ထုတ်သွားမည်ဖြစ်ကြောင်း၊သတင်းစာတွင်ရေးသား
ထားသည်။
တချိန်တည်းတွင် ချင်းရိုင်မြို့ရှိပိုလိုယိုချင်းလပ်ဝရမ်းရပ်ကွက်ရှိဧက ၃၀ ခြံကြီးအတွင်းရှိ ရိုဘင်ဆင်အ ဆောက်အဦးဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း၊တရားမ၀င် မြန်မာအလုပ်သမား၁၀၀ခန် အလုပ်လုပ်ကိုင်နေကြောင်း သတင်းအရရှာဖွေဖမ်းဆီးစီစစ်ခဲ့သည်။
ထိုင်းလ၀က၊ထိုင်းရဲများနှင့်အလုပ်အကိုင်ရှာဖွေရေးဌာနတို့ ပူးပေါင်းစီစစ်ခဲ့ရာတွင်၊
အလုပ်သမားအားလုံးတို့ မှာ နေထိုင်အလုပ်လုပ်ကိုင်ခွင့်စာရွက်စာတမ်းများပြည့်စုံသော်လည်း လူ၆ဦးကို
မူထိုအလုပ်မျိုးမဟုတ်သဖြင့်အရေးယူမည်ဖြစ်သည်။အသက်၂၁နှစ်အရွယ်မောင်ပုဆိုသူမှာဘတ်ရှိသူမ
ဟုတ်ချေ။ ထို့ကြောင့် ဘတ်မရှိသည့်မောင်ပုကို ခိုင်းစေထားသည့် ဆောက်လုပ်ရေးကန်ထရိတ်အား
ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်းINN အင်တာနက်စာမျက်နှာတွင်ဖေါ်ပြထားသည်။

No comments:
Post a Comment