(၁)
ဟောဒီ မိုးသားညိုညိုတွေက
ငါတို့ အားလုံးရဲ့ ရင်တွေဖြစ်ခဲ့တယ်။
ကျန်ရစ်ခဲ့ကြ
ထွက်ခွာသွားကြ
အပြုံးပွင့်တွေ ဖွေးဖွေးလှုပ်
နှုတ်ဆက်ခန်းများ
လွမ်းစရာ။
(၂)
ဟောဒီနေရာမှာ
ငါတို့ ဆုံတွေ့ခဲ့ကြရတယ်
တို့ တိုင်းပြည်အထုတ်ပျက်ကို
မိတ်ဆွေတွေရှေ့မှာ
အရှက်တကွဲနဲ့ ဖြေပြဘို့
စာနာမှုကို အားယူဘို့။
(၃)
ကုမ္မဏီဥက္ကဌကြီးရဲ့
အတွင်းရေးမှူးချော ချောမ
ဖော်ရွေမှုပုံစံလို အလုပ်သဘောမဆန်။
(၄)
နှုတ်ခမ်းလှလှလေးပေါ်မှာ
အလုပ်သမားသမဂ္ဂ
ရပိုင်ခွင့်၊ ဆန္ဒပြပွဲတွေ အန်ကျ
ဆံစလေးတလွင်လွင်
စိတ်ဝင်တစားရှိနေပုံတွေ။
ရွယ်တူ နိုင်ငံခြားမိန်းမသားများရဲ့
အသည်းယားဘွယ် ဘ၀များ
အံ့အားသင့်သော ရင်နင့်စရာများ
သူမ နှလုံးသားမှာ ပေကျံ
ခံစားတတ်တဲ့ မိခင်မျက်နှာ
ဟောဒီ ငယ်ရွယ်မှုအပေါ်မှာ။
(၅)
စစ်မီးတောက်ထဲက
တစစီ ပြန်ကောက်ယူခဲ့ရ
ဒို့တိုင်းပြည်တည်ဆောက်ရေးကာလမှာ
သူငယ်မတို့ TACDB ဟာ
ထိုင်း၊ ဗမာ မိတ်ဆွေများအသင်းဖြစ်
အဲဒီနှစ်တွေမှာ
ပြန်ဆုံကြဦးမှာပါ
ဆာ- ၀ါ- ရီ- ခပ်။ ။
(TACDB- Thai Action Committee for Democracy in Burma.)
** ထက်မိုး **
(၂၃ ဇွန်လ ၂၀၀၂၊ မိုးကြိုးဂျာနယ်တိုက်ရဲ့ မိုးသားတွေညိုနေတဲ့ တရက်)
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
**(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)**
(၁)
ဟောဒီ မိုးသားညိုညိုတွေက
ငါတို့ အားလုံးရဲ့ ရင်တွေဖြစ်ခဲ့တယ်။
ကျန်ရစ်ခဲ့ကြ
ထွက်ခွာသွားကြ
အပြုံးပွင့်တွေ ဖွေးဖွေးလှုပ်
နှုတ်ဆက်ခန်းများ
လွမ်းစရာ။
(၂)
ဟောဒီနေရာမှာ
ငါတို့ ဆုံတွေ့ခဲ့ကြရတယ်
တို့ တိုင်းပြည်အထုတ်ပျက်ကို
မိတ်ဆွေတွေရှေ့မှာ
အရှက်တကွဲနဲ့ ဖြေပြဘို့
စာနာမှုကို အားယူဘို့။
(၃)
ကုမ္မဏီဥက္ကဌကြီးရဲ့
အတွင်းရေးမှူးချော ချောမ
ဖော်ရွေမှုပုံစံလို အလုပ်သဘောမဆန်။
(၄)
နှုတ်ခမ်းလှလှလေးပေါ်မှာ
အလုပ်သမားသမဂ္ဂ
ရပိုင်ခွင့်၊ ဆန္ဒပြပွဲတွေ အန်ကျ
ဆံစလေးတလွင်လွင်
စိတ်ဝင်တစားရှိနေပုံတွေ။
ရွယ်တူ နိုင်ငံခြားမိန်းမသားများရဲ့
အသည်းယားဘွယ် ဘ၀များ
အံ့အားသင့်သော ရင်နင့်စရာများ
သူမ နှလုံးသားမှာ ပေကျံ
ခံစားတတ်တဲ့ မိခင်မျက်နှာ
ဟောဒီ ငယ်ရွယ်မှုအပေါ်မှာ။
(၅)
စစ်မီးတောက်ထဲက
တစစီ ပြန်ကောက်ယူခဲ့ရ
ဒို့တိုင်းပြည်တည်ဆောက်ရေးကာလမှာ
သူငယ်မတို့ TACDB ဟာ
ထိုင်း၊ ဗမာ မိတ်ဆွေများအသင်းဖြစ်
အဲဒီနှစ်တွေမှာ
ပြန်ဆုံကြဦးမှာပါ
ဆာ- ၀ါ- ရီ- ခပ်။ ။
(TACDB- Thai Action Committee for Democracy in Burma.)
** ထက်မိုး **
(၂၃ ဇွန်လ ၂၀၀၂၊ မိုးကြိုးဂျာနယ်တိုက်ရဲ့ မိုးသားတွေညိုနေတဲ့ တရက်)
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)


No comments:
Post a Comment