(ကင်ဘာရာ၊ စက်တင်ဘာလ ၂၂-ရက်)
နေစွမ်းအင်ကို အပြည့်အ၀အသုံးချရန် ကြိုးစားနေသည့် ကမ္ဘာ့နိုင်ငံများအနက် သြစတြေးလျနိုင်ငံလည်း အပါအ၀င်ဖြစ်ရာ ယခုအခါ ကမ္ဘာ့အကြီးဆုံး နေစွမ်းအင် ရယူနိုင်မည့် စခန်းတစ်ခုကို တည်ဆောက်ရန် စီစဉ်နေပြီဟု သြစတြေးလျမီဒီယာများက စက်တင်ဘာလ ၂၂-ရက်နေ့၌ ဖော်ပြလိုက်သည်။ (အင်တာနက်)
** ဓနသဟာယအားကစားကွင်းအနီး လူကူးတံတားပြိုကျ ၊ဆောက်လုပ်ရေးလုပ်သား
၂၃-ဦး ဒဏ်ရာရ **
(နယူးဒေလီ၊ စက်တင်ဘာလ ၂၂-ရက်)
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ဓနသဟာယ အားကစားပွဲကျင်းပမည့် အားကစားကွင်းအနီး လူကူးတံတားကျိုးကျခဲ့ရာ အနည်းဆုံး ဆောက်လုပ်ရေးအလုပ်သမား ၂၃-ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း တာဝန်ရှိသူများက စက်တင်ဘာလ ၂၂-ရက်နေ့က ပြောကြားသည် အဆိုပါ လူကူးတံတားမှာ စက်တင်ဘာလ ၂၁-ရက်နေ့က ကျို့ကျခဲ့ခြင်းဖြစ်ကြောင်း ဒဏ်ရာရသူများအနက် ငါးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ရဲအရာရှိ ဒါလီဝယ်က ပြောကြားသည်။ (အင်တာနက်)
** အီရတ်အယ်လ်ခိုင်ဒါတို့၏ ရင်သွေးများ နိုင်ငံသားအခွင့်အရေး အပြည့်အ၀မရ **
(ဘာကူးဘား၊ စက်တင်ဘာလ ၂၂-ရက်)
မွေးစာရင်းမှတ်တမ်းမှတ်ရာများ မရှိခြင်းကြောင့် အစိုးရအလုပ်ခွင် တာဝန်ထမ်းဆောင်ခွင့်နှင့် ပညာသင်ကြားခွင့်မရှိသော အီရတ်ကလေးထောင်ပေါင်းများစွာ ရှိနေနိုင်ကြောင်း ဥပဒေရေးရာကျွမ်းကျင်သူများ၏ အဆိုကို ကိုးကား၍ စက်တင်ဘာလ ၂၁-ရက်နေ့က သတင်းများတွင် ဖော်ပြထားသည်။ (အင်တာနက်)
** ၂၀၀၃ ခုနှစ်တွင် ကုလအဆောက်အအုံ ဗုံးခွဲမှု၌ ပါဝင်သော အီရတ်နိုင်ငံသားနှစ်ဦးကို ပြစ်ဒဏ်ချ **
(ဘဂ္ဂဒက်၊ စက်တင်ဘာလ ၂၂-ရက်)
၂၀၀၃ ခုနှစ်တွင် ဘဂ္ဂဒက်မြို့တော်ရှိ ကုလသမဂ္ဂဌာနချုပ်ကို ဗုံးခွဲမှု ကျူးလွန်ခဲ့ပြီးနောက် တစ်နှစ်တွင် ပြင်သစ်သတင်းစာဆရာနှစ်ဦးကို ပြန်ပေးဆွဲမှုများ ကျူးလွန်ခဲ့ရာတွင် ပါဝင်သတ်သက်သော အီရတ်နိုင်ငံသားနှစ်ဦးကို အီရတ်တရားရုံးတစ်ရုံးက ထောင်ဒဏ်တစ်သက် အပြစ်ပေးခဲ့ကြောင်း ယနေ့သတင်းများတွင် ဖော်ပြထားသည်။ (အင်တာနက်)
** ကုလထောင်စုနှစ်ရည်မှန်းချက်များဆိုင်ရာ ထိပ်သီးညီလာခံပြီးဆုံး **
(နယူးယောက်၊ စက်တင်ဘာလ ၂၂-ရက်)
၂၀၁၅ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းဆင်းရဲမွဲတေမှုကို သိသိသာသာလျှော့ချနိုင်ရေးအတွက် ကမ္ဘာ့ခေါင်းဆောင်များကို တွန်းအားပေးရန် ရည်ရွယ်ပြုလုပ်ခဲ့သော သုံးရက်ကြာ ကုလသမဂ္ဂထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များဆိုင်ရာ သုံးရက်ကြာထိပ်သီးညီလာခံသည် ယနေ့ပြီးဆုံးခဲ့ပြီဖြစ်သည်။ (အင်တာနက်)
** တရုတ်တောင်ပိုင်းရေကြီး၍ ၁၈-ဦး သေဆုံးခဲ့ရ **
(ကွမ်ကျိုး၊ စက်တင်ဘာလ ၂၂-ရက်)
တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်အတွင်း ဖာနာပီမုန်တိုင်း ၀င်ရောက်ခဲ့ပြီးနောက် ရေကြီးမှုဖြစ်ပွား၍ အနည်းဆုံး ၁၈-ဦးသေဆုံးပြီး ၃၄ ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက စက်တင်ဘာလ ၂၂-ရက်နေ့တွင် ပြောကြားသည်။ အဆိုပါ မုန်တိုင်းကြောင့် စက်တင်ဘာလ ၂၁-ရက်နေ့က ဂွမ်ဒေါင်းပြည်နယ်အတွင်း မိုးများသည်းထန်စွာ ရွာသွန်းခဲ့သည်။ ဂွမ်ဒေါင်းပြည်နယ်အတွင်း အဆိုးရွားဆုံး ရေကြီးသည့်ဒေသများမှာ စင်ရီ၊ ရူပင်တန်၊ ယန်ချွမ်း၊ ဂေါ်ကျို့မြို့များဖြစ်ပြီး သေဆုံးသူများမှာ ရေကြီးမြေပြိုမှုများကြောင့် ဖြစ်သည်ဟုဆိုသည်။ (ဆင်ဟွာ)
** စုစည်းဘာသာပြန်- အာကာကျော် **
** နေစွမ်းအင် စခန်းကြီး သြစတြေးလျ၌ တည်ဆောက်မည် **

No comments:
Post a Comment