ထိုင်းနိုင်ငံတောင်ပိုင်းနခိုစီဌာမရမြို့နယ်၊ခနုန်လှေဆိပ်တွင် ပြီးခဲ့သည့်ညဥ့် ကမြန်မာငါးဖမ်းလှေအလုပ်သမားအချင်းချင်းခိုက်ရန်ဖြစ်
ပွားသဖြင့်တစ်ဦးသေဆုံးခဲ့သည်။
ခနုန်ရဲစခန်းမှူး ဒုဗိုလ်မှူးကြီး Apiwat က“လှေတွေကဖုန်းဆက်အကြောင်းကြားလာတယ်၊သေဆုံးသူက အသက် ၃၅နဲ့ ၄၀နှစ်အရွယ်လောက်ရှိတဲ့ မြန်မာဖြစ်တယ်၊အလောင်းရဲ့ နောက်ကြောမှာ ငါးထိုးမှိန်းနဲ့ ထိုးသွင်း
ဒဏ်ရာ ၅ချက်တွေ့ ရတယ်”ဟုပြောသည်။
စခန်းမှူး၏စစ်ဆေးချက်အရ သေဆုံးသူအား တစ်လှေတည်းအလုပ်သမားများက ငါးထိုးစူးဖြင့်ထိုးချပြီး ပင်လယ်ထဲသို့ ပစ်ချခဲ့ကြောင်း ဒဏ်ရာများဖြင့် ကူးခတ်နေသူအားအခြားငါးဖမ်းလှေများကမြင်သဖြင့် ရဲစခန်း
သို့ အကြောင်းကြားစဉ် ငါးဖမ်းပိုက်ပေါ်တွင်ပင်အသက်ပျောက်သွားခဲ့ကြောင်း ယနေ့ ထုတ်ခေါင်စွတ်သတင်းစာ တွင်ရေးထားသည်။သေဆုံးသည့်မြန်မာလေလုပ်သား၏အမည်ကိုသတင်းစာတွင်ဖေါ်ပြထားခြင်းမရှိပါ။
**(စက်တင်ဘာ ၂၃၊ကိုတီး -ရခိုင့်တံခွန်ဂျာနယ်)**

No comments:
Post a Comment