(ဒါကာ၊ စက်တင်ဘာလ ၂၄-ရက်)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော် စက်မှုဒေသမှ ဓာတုဗေဒအငွေ့များကို ရှူရှိုက်မိသဖြင့် ကလေးသူငယ်နှင့် အမျိုးသမီးများအပါအ၀င် လူ ၅၀ ကျော်တို့ ဖျားနာကုန်ကြကြောင်း ရဲတပ်ဖွဲ့နှင့် ဆေးရုံသတင်းရပ်ကွက်က ပြောကြားသည်။ ဖျားနာသူများကို မြို့တော်ရှိ အစိုးရဆေးရုံသို့ အလျင်အမြန်တင်ပို့သည့်အတွက် အသေအပျောက်မရှိကြောင်း၊ သို့သော် ကလေးသူငယ်လေးဦးမှာ ဖျားနာမှု ပြင်းထန်ကြောင်း ဆေးရုံမှ ဆရာဝန်များက ပြောကြားသည်။ ဓာတုဓာတ်ငွေ့များယိုစိမ့်သည့် စက်ရုံသို့ ရဲတပ်ဖွဲ့ဝင်များရောက်သော်လည်း ပိုင်ရှင်ကို မတွေ့ရကြောင်း ဆင်ဟွာသတင်း၌ ဖော်ပြထားသည်။ (ဆင်ဟွာ)
** ကမ္ဘာ့အကြီးဆုံး ကမ်းလွန် လေအားလျှပ်စစ်ထုတ်လုပ်ရေးစခန်း အင်္ဂလန်နိုင်ငံအရှေ့တောင်ပိုင်း၌ ဖွင့်လှစ်လိုက်ပြီ **
(လန်ဒန်၊ စက်တင်ဘာလ ၂၄-ရက်)
ကမ္ဘာ့အကြီးဆုံး ကမ်းလွန်လေအားလျှပ်စစ် စွမ်းအင်ထုတ်လုပ်ရေးစခန်းကို ဗြိတိသျှအစိုးရက ပြည့်မြဲစွမ်းအင်တိုးမြှင့်သုံးစွဲရေး အစိတ်အပိုင်းတစ်ရပ်အဖြစ် အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း ကမ်းလွန်၌ စက်တင်ဘာလ ၂၃-ရက်နေ့က ဖွင့်လှစ်လိုက်သည်။ (အင်တာနက်)
** တရုတ်ပြည်ရှေ့ဟောင်းမြို့ ကျို့ချောင် ကမ္ဘာ့လှည့်ခရီးသည်များဖြင့် စည်ကား **
(ကျို့ချောင်၊ စက်တင်ဘာလ ၂၄-ရက်)
တရုတ်ပြည်အရှေ့ပိုင်း ကျန်စုပြည်နယ် စူကျို့ဒေသအတွင်း တည်ရှိသည့် ရှေးဟောင်းကျို့ချောင်မြို့မှာ စက်တင်ဘာလ ၂၃-ရက်နေ့က ကမ္ဘာလှည့်ခရီးသည်များဖြင့် စည်ကားလျက်ရှိကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။ ရှေ့ဟောင်းကျို့ချောင်မြို့တွင် ရှေးလက်ရာမြောက် လူနေအိမ်များ၊ သာမောဖွယ်ရေကြောင်းလမ်းရှုခင်းများနှင့်တကွ ဒေသခံပြည်သူတို့၏ ရိုးရာယဉ်ကျေးမှုနှင့် အ၀တ်အထည်များက ဆွဲဆောင်မှုရှိသဖြင့် ကမ္ဘာလှည့်ခရီးသည်များ ကြိတ်ကြိတ်တိုးလာရောက် အပန်းဖြေကြကြောင်း သိရှိရသည်။ (ဆင်ဟွာ)
** ပါကစ္စတန် အမျိုးသမီးသိပ္ပံပညာရှင် အမေရိကန်၌ ထောင်ဒဏ် ၈၆ နှစ်ကျ **
(နယူးယောက်၊ စက်တင်ဘာလ ၂၄-ရက်)
ပါကစ္စတန် အမျိုးသမီးသိပ္ပံပညာရှင်တစ်ဦးအား အမေရိကန် တရားရုံးချုပ်က အမေရိကန်နိုင်ငံသား အရာရှိများအား အာဖဂန်နစ္စတန်နိုင်ငံ၌ ရှိနေစဉ်အတွင်း သတ်ဖြတ်ရန်ကြိုးစားမှုဖြင့် ထောင်ဒဏ် ၈၆ နှစ်ကျခံစေရန် ပြစ်ဒဏ်ချမှတ်လိုက်သည်။ သူမ၏ အမည်မှာ ဒေါက်တာဆစ်ဒီကွေးဖြစ်ပြီး အသက် ၃၈ နှစ်သာရှိသေးသည်။ သူမက ဖေဖော်ဝါရီလကုန်က အမေရိကန်နိုင်ငံသားများအား သတ်ရန်ကြိုးစားခဲ့ကြောင်း ၀န်ခံပြောကြားခဲ့သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အာကာကျော် **
**ဓာတုဓာတ်ငွေ့ ရှူရှိုက်မိသဖြင့် ဒါကာမှ လူ ၅၀ ကျော် ဖျားနာ **

No comments:
Post a Comment