(မက်ဒရစ်၊ စက်တင်ဘာလ ၂၄-ရက်)
စပိန်လာလီဂါ ပွဲစဉ်များကို စက်တင်ဘာလ ၂၃-ရက်နေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဗီလာရီးရဲအသင်းက ဒီပို့တီဗိုအသင်းကို တစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရပြီး အမှတ်ပေးဇယား တတိယနေရာသို့ ခုန်တက်လာသည်။ ဗီလာရီးရဲအသင်းအတွက် တစ်လ်ုံးတည်းသော အနိုင်ဂိုးကို ဘရာဇီးတိုက်စစ်မှူးနေမာက ပထမပိုင်းတွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ယင်းဂိုးသည် ယခုနှစ် စပိန်လာလီဂါရာသီတွင် နေမာ၏ စတုတ္ထမြောက်ဂိုးဖြစ်သည်။ (အင်တာနက်)
** ပရီးမီးယားလိဂ် ထိပ်သီးနေရာ လီဗာပူးရောက်ရှိရေး ကြိုးစားမည် **
(လန်ဒန်၊ စက်တင်ဘာလ ၂၄-ရက်)
မိမိအနေဖြင့် ယခုနှစ် ပရီးမီးယားလ်ဂ်ရာသီကုန်ဆုံးချိန်တွင် ထိပ်သီးနံပါတ်လေးနေရာသို့ ရောက်ရှိအောင် ကြိုးစားပေးသွားမည်ဖြစ်ကြောင်း လီဗာပူးအသင်းခေါင်းဆောင် စတီဗင်ဂျရတ်က နည်းပြဟော့ဂ်ဆင်အား ကတိပြုပြောကြားလိုက်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ကောင်းမြတ်သူ **
** စပိန်လာလီဂါပြိုင်ပွဲ ဗီလာရီးရဲ တတိယနေရာ ရောက်လာ **

No comments:
Post a Comment