ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, September 28, 2010

ရှစ်လေးလုံးထဲက ၀ါကျတကြောင်း…

>
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
(၁)
၁၉၈၈ သြဂုတ်လ ၂၄ ရက်
နေ့လည် ၁း၀၀ နာရီ။
မြန်မာ့အသံဟာ
ဒီတခါသာ မင်္ဂလာရှိဘူးပါရဲ့။
(၂)
စစ်အုပ်ချုပ်ရေး ရုပ်သိမ်းလိုက်ပြီ
ဟန့်တား ရေတံခွန်ကြီး ကျိုးကျပေါ့။
သံဆူးကြိုးတွေ ဘေးမှာကပ်
သံချပ်ကာ ကားတွေ စက်ကိုရပ်
ချိန်ရွယ်သေနတ်တွေ အောက်ပြန်ကျ
ရဲဘော်လေးတွေ သက်ပြင်းချ
စစ်ဗိုလ်လေးတွေက ခုမှ ချွေးသုတ်နိုင်ကြ။
အလံ၊ ခေါင်းစည်း၊ လက်ပတ်၊ နဖူးစည်း၊ ယုံကြည်ချက်
အနီရောင်လှိုင်းတွေ တလိမ့်ပြီးတလိမ့်
ဆက်လျှက် ဆက်လျှက် တက်လာ
မြို့တော်ရဲ့ ဗဟိုချက်ချာမှာ။

ဗိုလ်ချုပ်ရဲ့ ဓာတ်ပုံကိုက
အသက်ဝင် ပြုံးပြနေသလို
ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ
ကျောင်းသားပြည်သူ သတ်ဘို့မဟုတ်ဘူး
သတိပေး၊ ဆွဲဆောင် ကြွေးကြော်သံမှ
ပြည်သူ့ စစ်သား ဒို့စစ်သားဖြစ်လာ
ပြည်သူတွေသာ အမေ၊ အဖေ
သူတို့တွေမှာလဲ ၀ဋ်ကျွတ်အပြုံးတွေပေလို့။
(၃)
သံကန့်လန့်ကာ တချပ်
ဖြတ်ကနဲ ကြေမွသွားလေပြီလား။
မြေခွေးနောက်တလှမ်းဆုတ်လိုက်တာ
ကျွန်တော်တို့တတွေ မသိလိုက်ကြပါ။
(၄)
အောက်ပွဲခံစိတ်
ပျော်ကြ… ပျော်ကြ… ပျော်နေကြ
အနှစ် ၄၀ စစ်တလင်း
အဆင်းရဲဆုံး နိုင်ငံဆု
စစ်လူတစုရဲ့ မောင်မာမှု… တွေမှာ
အံတင်းခဲ့ရခြင်းတွေ ပြေကျ
အသစ်ကို ရရှိစိတ်နဲ့ နိုးကြွ
ဒို့နိုင်ငံ ဒို့ပြန်ရပြီ။
(ဒို့ကံကြမ္မာ ဒို့ဖန်ရပြီ။)
ဗိုလ်ချုပ်လမ်းမပေါ်က
`မင်းသားလေး´တေးသံသွင်း
`နဂါးနီသီချင်း´၀မ်းသာခြင်းနှင့်အဖွင့်မှာ
က- ကြ၊ က- ကြ၊ က- ကြ
ကွေးနေအောင် က ကြ
စိတ်လန်း လူနွမ်း က ကြ
က တတ်သူလဲ က ကြ
မ က တတ်သူလည်း ပို က ကြ
ပျော်ရင်း က ကြ
ရယ်ရင်း က ကြ
မျက်ရည်နဲ့ က ကြ
အသစ် စ တဲ့ သင်္ကေတ
သင်ပုန်းချေတဲ့ သင်္ကေတ
ဒဏ်ရာဆေးတဲ့ သင်္ကေတ
က ကြ၊ ပျော်ကြ
ပျော်ကြ၊ က ကြ
မျက်ရည်စတွေ မိုးရေထဲမှာ။
ရဲဘော်တဦးက တိုးဖွဖွ ပွင့်ကျ
`အနှစ် ၄၀ ရှိပြီဗျာ
ပြည်သူတွေ မပျော်နိုင်ခဲ့တာ´
သူ့မှာလဲ မျက်ရည်ဝဲလို့။
(၆)
၁၉၈၈ - ၂၀၀၂
၁၄ နှစ် ၁၄ နှစ်
၁၄ နှစ်။
လွန်ခဲ့တဲ့ ၁၄ နှစ်ဆီက မြင်ကွင်း
အော်… ကြည်နူးခြင်းမှာ
အို မင်းခဲ့သည်မရှိ။ ။



** ထက်မိုး **



(၁၆ ဇူလိုင် ၂၀၀၂၊ ကိုထက်မိုး၏ ပြန်ကျမိုးများမှ)


**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
(၁)
၁၉၈၈ သြဂုတ်လ ၂၄ ရက်
နေ့လည် ၁း၀၀ နာရီ။
မြန်မာ့အသံဟာ
ဒီတခါသာ မင်္ဂလာရှိဘူးပါရဲ့။
(၂)
စစ်အုပ်ချုပ်ရေး ရုပ်သိမ်းလိုက်ပြီ
ဟန့်တား ရေတံခွန်ကြီး ကျိုးကျပေါ့။
သံဆူးကြိုးတွေ ဘေးမှာကပ်
သံချပ်ကာ ကားတွေ စက်ကိုရပ်
ချိန်ရွယ်သေနတ်တွေ အောက်ပြန်ကျ
ရဲဘော်လေးတွေ သက်ပြင်းချ
စစ်ဗိုလ်လေးတွေက ခုမှ ချွေးသုတ်နိုင်ကြ။
အလံ၊ ခေါင်းစည်း၊ လက်ပတ်၊ နဖူးစည်း၊ ယုံကြည်ချက်
အနီရောင်လှိုင်းတွေ တလိမ့်ပြီးတလိမ့်
ဆက်လျှက် ဆက်လျှက် တက်လာ
မြို့တော်ရဲ့ ဗဟိုချက်ချာမှာ။

ဗိုလ်ချုပ်ရဲ့ ဓာတ်ပုံကိုက
အသက်ဝင် ပြုံးပြနေသလို
ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ
ကျောင်းသားပြည်သူ သတ်ဘို့မဟုတ်ဘူး
သတိပေး၊ ဆွဲဆောင် ကြွေးကြော်သံမှ
ပြည်သူ့ စစ်သား ဒို့စစ်သားဖြစ်လာ
ပြည်သူတွေသာ အမေ၊ အဖေ
သူတို့တွေမှာလဲ ၀ဋ်ကျွတ်အပြုံးတွေပေလို့။
(၃)
သံကန့်လန့်ကာ တချပ်
ဖြတ်ကနဲ ကြေမွသွားလေပြီလား။
မြေခွေးနောက်တလှမ်းဆုတ်လိုက်တာ
ကျွန်တော်တို့တတွေ မသိလိုက်ကြပါ။
(၄)
အောက်ပွဲခံစိတ်
ပျော်ကြ… ပျော်ကြ… ပျော်နေကြ
အနှစ် ၄၀ စစ်တလင်း
အဆင်းရဲဆုံး နိုင်ငံဆု
စစ်လူတစုရဲ့ မောင်မာမှု… တွေမှာ
အံတင်းခဲ့ရခြင်းတွေ ပြေကျ
အသစ်ကို ရရှိစိတ်နဲ့ နိုးကြွ
ဒို့နိုင်ငံ ဒို့ပြန်ရပြီ။
(ဒို့ကံကြမ္မာ ဒို့ဖန်ရပြီ။)
ဗိုလ်ချုပ်လမ်းမပေါ်က
`မင်းသားလေး´တေးသံသွင်း
`နဂါးနီသီချင်း´၀မ်းသာခြင်းနှင့်အဖွင့်မှာ
က- ကြ၊ က- ကြ၊ က- ကြ
ကွေးနေအောင် က ကြ
စိတ်လန်း လူနွမ်း က ကြ
က တတ်သူလဲ က ကြ
မ က တတ်သူလည်း ပို က ကြ
ပျော်ရင်း က ကြ
ရယ်ရင်း က ကြ
မျက်ရည်နဲ့ က ကြ
အသစ် စ တဲ့ သင်္ကေတ
သင်ပုန်းချေတဲ့ သင်္ကေတ
ဒဏ်ရာဆေးတဲ့ သင်္ကေတ
က ကြ၊ ပျော်ကြ
ပျော်ကြ၊ က ကြ
မျက်ရည်စတွေ မိုးရေထဲမှာ။
ရဲဘော်တဦးက တိုးဖွဖွ ပွင့်ကျ
`အနှစ် ၄၀ ရှိပြီဗျာ
ပြည်သူတွေ မပျော်နိုင်ခဲ့တာ´
သူ့မှာလဲ မျက်ရည်ဝဲလို့။
(၆)
၁၉၈၈ - ၂၀၀၂
၁၄ နှစ် ၁၄ နှစ်
၁၄ နှစ်။
လွန်ခဲ့တဲ့ ၁၄ နှစ်ဆီက မြင်ကွင်း
အော်… ကြည်နူးခြင်းမှာ
အို မင်းခဲ့သည်မရှိ။ ။



** ထက်မိုး **



(၁၆ ဇူလိုင် ၂၀၀၂၊ ကိုထက်မိုး၏ ပြန်ကျမိုးများမှ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)