ရီးရဲမက်ဒရစ်အသင်းမှ ဂိုးသမား ကားဆီးလက်စ်လမ်းဖြတ်ကူးစဉ် ဆိုင်ကယ်တစ်စီးက ၄င်းကိုဝင်တိုက်ပြီး မောင်းပြေးသွားသည်။ ဖြစ်စဉ်ကိုမမြင်တွေ့လိုက်သော ယာဉ်ထိန်းရဲရောက်လာပြီးမေးသည်။
`လူကြီးမင်း ဆိုင်ကယ်တစ်စီးက တိုက်ပြီးမောင်းပြေးသွားတယ်ဆို၊ ဘာမှကြီးကြီးမားမား မထိခိုက်ဘူးမလား´
`ရပါတယ်… မထိခိုက်ပါဘူး´
`ဒါနဲ့ ဆိုင်ကယ်ကမောင်းပြေးသွားတာဆိုတော့ နံပါတ်မှတ်မိလိုက်သေးလား´
`ဟင့်အင်း… နံပါတ်တော့မမှတ်မိလိုက်ဘူး။ ဒါပေမယ့် သူ့ပိုက်ဆံအိတ်တော့ နှိုက်ထားလိုက်တယ်။ ဒီမှာရော့´
မှတ်ချက်။ ။နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment