(ဆော်ပေါလို၊ စက်တင်ဘာလ ၂၆-ရက်)
ဘရာဇီးနိုင်ငံအရှေ့ပိုင်းမှ အမျိုးသားတစ်ဦးသည် လွန်ခဲ့သော သုံးနှစ်က ဦးခေါင်းထဲသို့ အထိုးခံရသည့်ဓားကို ခွဲစိတ်ဆရာဝန်များက ရေစီဖီးမြို့ဆေးရုံ၌ စက်တင်ဘာလ ၂၅-ရက်နေ့က အောင်မြင်စွာ ခွဲစိတ် ပေးနိုင်ခဲ့ကြောင်း ၄င်းဆေးရုံသတင်းရပ်ကွက်က ပြောကြားသည်။ သုံးနှစ်တာကာလအတွင်း ဦးခေါင်းထဲ၌ ဓားရှိနေခြင်းကြောင့် မကြာခဏ ခေါင်းကိုက်ခြင်းကို ခံစားနေရကြောင်းဖြင့်လည်း ၄င်းက ပြောကြားသည်။ (အင်တာနက်)
** သီရိလင်္ကာ ရှေးဟောင်းဆေးတံ အမေရိကန်ဒေါ်လာ ၈၀၃၀၀ ရရှိ **
(လန်ဒန်၊ စက်တင်ဘာလ ၂၆-ရက်)
သီရိလင်္ကာနိုင်ငံမှ လက်ရာမြောက်စွာ ထုဆစ်ပြုလုပ်ထားသော ရှေးဟောင်းဆေးတံတစ်ခုကို လန်ဒန်မြို့၌ လေလံတင်ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ ၈၀၃၀၀ ရရှိခဲ့ကြောင်း ခရစ္စတီးလေလံရောင်းချရေးအဖွဲ့က စက်တင်ဘာလ ၂၅-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** ဟေတီနိုင်ငံမြို့တော်၌ လေဆင်နှာမောင်းတိုက်ခတ် ငါးဦးသေဆုံးပြီး လူ ၅၀-ကျော်
ဒဏ်ရာရရှိခဲ့ **
(ပို့အော်ပရင့်စ်၊ စက်တင်ဘာလ ၂၆-ရက်)
ဟေတီနိုင်ငံတွင် လေဆင်နှာမောင်းတိုက်ခတ်ခဲ့သဖြင့် ကလေးနှစ်ဦး အပါအ၀င် ငါးဦးသေဆုံးခဲ့ရပြီး လူ ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ လေဆင်နှာမောင်းသည် စက်တင်ဘာလ ၂၄-ရက်နေ့ မွန်းလွဲပိုင်းက တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့တော် ပို့အော်ပရင့်စ်၌ တဲအိမ် ၅၈၇၈ လုံး ပျက်စီးသွားခဲ့ရကြောင်း ဟေတီသဘာဝ ပတ်ဝန်ကျင်းထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး ဂျင်းဘာတစ်စတီက ပြောကြားသည်။ (ရိုက်တာ)
** ယူကရိန်းနိုင်ငံသား ၁၂-ဦးနှင့် သင်္ဘော ဆိုမာလီဓားပြများ ပြန်ပေးဆွဲ **
(နိုင်ရိုဘီ၊ စက်တင်ဘာလ ၂၆-ရက်)
ဆိုမာလီနိုင်ငံ အိုင်းလ်မြို့ အရှေ့ဘက် ရေမိုင် ၉၀၀ အကွာ ဆိုမာလီမြစ်ဝှမ်း၌ ပနားမားအလံစိုက်ထူထားသော သင်္ဘောတစ်စင်းနှင့်အတူ ယူကရိန်းနိုင်ငံသား ၁၂-ဦးအား ဆိုမာလီပင်လယ်ဓားပြများက ပြန်ပေးဆွဲခဲ့ကြောင်း အီးယူပင်လယ်ဓားပြချေမှုန်းရေးတပ်ဖွဲ့က စက်တင်ဘာလ ၂၆-ရက်နေ့က ပြောကြားသည်။ (အင်တာနက်)
** ကိုကင်းရှစ်တန် ပနားမားရဲ ဖမ်းမိ **
(ပနားမားစီးတီး၊ စက်တင်ဘာလ ၂၆-ရက်)
ပနားမားရဲတပ်ဖွဲ့က လွန်ခဲ့သည့် ၄၈ နာရီအတွင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးနောက်ဆုံးစစ်ဆင်မှုတွင် အတ္တလန္တိတ်ကမ်းခြေမှ ကိုကင်းရှစ်တန် ဖမ်းဆီးရမိကြောင်း ပနားမားရဲတပ်ဖွဲ့ ဒုတိယညွှန်ကြားရေးမှူး အက်ဒွပ်ဆာရာစင်က စက်တင်ဘာလ ၂၅-ရက်နေ့က ပြောကြားသည်။ (ဆင်ဟွာ)
** စုစည်းဘာသာပြန်-အာကာကျော်**
** ဘရာဇီးအမျိုးသားတစ်ဦး သုံးနှစ်ကြာပြီးနောက် ဦးခေါင်းအတွင်းမှ ဓားကိုခွဲထုတ် **

No comments:
Post a Comment