**မှန်အောင်ပစ်မယ်… တဲ့
မသက်သာဘူးသာ မှတ်ပေရော့ တဲ့
ဒါဟာ… လွှတ်တော်ထဲက ခုန်ထွက်လာရမယ့် စကားမျိုးလား။
ဖွံ့ဖြိုးရေး အဝေးပြေးလမ်းမပေါ်မှာ
သံဆူးကြိုးတွေ အထပ်ထပ်ကာဆို့။
မဖြစ်သင့် မဖြစ်ထိုက်တာတွေ မီးကုန်ယမ်းကုန်
မိခင်များ သက်မပင့်တင်
စက်တင်ဘာမိုးစက်တွေက စိတ်ပျက်လက်ပျက်ကြွေကျ။
စာသင်ခန်း၊ သပိတ်စခန်းက စစ်စခန်းဖြစ်တဲ့နောက်
ခွပ်ဒေါင်းအလံဟာ ခေါက်ရိုးကျိုးအောင်
သိမ်းဝှက်ထားရမဲ့အရာလား ဝေးပါသေးရဲ့။
**ဒေါနတောင်တန်းတွေပေါ်
ကျောင်းသားလူငယ်လေးတွေရောက်သွားကြ
အကျဉ်းထောင်တွေထဲ
ကျောင်းသားလူငယ်လေးတွေရောက်သွားကြ
တချို့လဲ ပျောက်ခြင်းမလှကို ပျောက်သွားကြ
စာသင်ခန်းတွေ ဟာလာဟင်းလင်း
တိုင်းပြည်ကြီးကလဲ ဟာလာဟင်းလင်း
အမျိုးသားနာကျည်းစရာဖြစ်မှုကြီးတွေ။
**သမီးလေး `၀င်းမော်ဦး´ရဲ့
သွေးတွေ ရွှဲနစ်နေတဲ့ ကျောင်းဝတ်စုံကလေးရယ်
အပစ်ကင်းစင်တဲ့ နှုတ်ဆက်မျက်နှာလေးရယ်
ရာဇ၀င်ထဲ မေးခွန်းတွေပိုထူလာတော့တယ်။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
(ကိုထက်မိုး၏ ပြန်ကျမိုးများ)
**မှန်အောင်ပစ်မယ်… တဲ့
မသက်သာဘူးသာ မှတ်ပေရော့ တဲ့
ဒါဟာ… လွှတ်တော်ထဲက ခုန်ထွက်လာရမယ့် စကားမျိုးလား။
ဖွံ့ဖြိုးရေး အဝေးပြေးလမ်းမပေါ်မှာ
သံဆူးကြိုးတွေ အထပ်ထပ်ကာဆို့။
မဖြစ်သင့် မဖြစ်ထိုက်တာတွေ မီးကုန်ယမ်းကုန်
မိခင်များ သက်မပင့်တင်
စက်တင်ဘာမိုးစက်တွေက စိတ်ပျက်လက်ပျက်ကြွေကျ။
စာသင်ခန်း၊ သပိတ်စခန်းက စစ်စခန်းဖြစ်တဲ့နောက်
ခွပ်ဒေါင်းအလံဟာ ခေါက်ရိုးကျိုးအောင်
သိမ်းဝှက်ထားရမဲ့အရာလား ဝေးပါသေးရဲ့။
**ဒေါနတောင်တန်းတွေပေါ်
ကျောင်းသားလူငယ်လေးတွေရောက်သွားကြ
အကျဉ်းထောင်တွေထဲ
ကျောင်းသားလူငယ်လေးတွေရောက်သွားကြ
တချို့လဲ ပျောက်ခြင်းမလှကို ပျောက်သွားကြ
စာသင်ခန်းတွေ ဟာလာဟင်းလင်း
တိုင်းပြည်ကြီးကလဲ ဟာလာဟင်းလင်း
အမျိုးသားနာကျည်းစရာဖြစ်မှုကြီးတွေ။
**သမီးလေး `၀င်းမော်ဦး´ရဲ့
သွေးတွေ ရွှဲနစ်နေတဲ့ ကျောင်းဝတ်စုံကလေးရယ်
အပစ်ကင်းစင်တဲ့ နှုတ်ဆက်မျက်နှာလေးရယ်
ရာဇ၀င်ထဲ မေးခွန်းတွေပိုထူလာတော့တယ်။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)


No comments:
Post a Comment