ဆင်းသက်နိုင်ခဲ့ **
(အယ်မာတီ(ကာဇက်စတန်) စက်တင်ဘာလ ၂၅-ရက်)
နိုင်ငံတကာ အာကာသစခန်းတွင် ခြောက်လကြာနေထိုင်ခဲ့သော အာကာသယာဉ်မှူး သုံးဦးလိုက်ပါလာသည့် ဆိုယုဇ်အာကာသယာဉ်ထိပ်ဖူးသည် စက်တင်ဘာလ ၂၅-ရက်နေ့ နံနက်ပိုင်းက ကာဇက်စတန်နိုင်ငံအလယ်ပိုင်းသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်ဟု နာဆာက ပြောကြားသည်။ (အင်တာနက်)
** အင်ဒိုလေကြောင်းပြပွဲ၌ လေယာဉ်ငယ်ပျက်ကျ **
(ဂျကာတာ၊ စက်တင်ဘာလ ၂၅-ရက်)
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပြည်နယ်အနောက်ပိုင်း၌ စက်တင်ဘာလ ၂၄-ရက်နေ့ နံနက်ပိုင်းက ကျင်းပသည့် လေကြောင်းပြပွဲတွင် မပေါ့စားလေယာဉ်ငယ်တစ်စင်းပျက်ကျရာ လေယာဉ်မှူးပြင်းထန်စွာ ဒဏ်ရာရရှိသည်ဟု စစ်ဘက်ဆိုင်ရာက ပြောကြားသည်။ (အင်တာနက်)
** ပါကစ္စတန်ခရီးသည်တင်လေယာဉ် ဗုံးလန့်မှုကြောင့် ဆွီဒင်၌ အရေးပေါ်ဆင်းသက်ခဲ့ရ **
(စတော့ဟုမ်း၊ စက်တင်ဘာလ ၂၅-ရက်)
ဗုံးလန့်မှုဖြစ်ပွားခြင်းကြောင့် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့သို့ စနေနေ့က လမ်းကြောင်းပြောင်းဆင်းသက်လာသော ပါကစ္စတန်နိုင်ငံတကာ လေကြောင်းလိုင်းပိုင် ဂျက်လေယာဉ်တစ်စင်းမှ ခရီးသည် ၂၇၃ ဦးကို ဆွီဒင်ရဲတပ်ဖွဲ့က ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။ (အင်တာနက်)
** အိန္ဒိယလေတပ်အတွက် မှာယူထားသော စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဥင်္များ လော့ခ်ဟိဒ်မာတင်ကုမ္မဏီ တည်ဆောက် **
(နယူးဒေလီ၊ စက်တင်ဘာလ ၂၅-ရက်)
အိန္ဒိယလေတပ်အတွက် အမေရိကန်နိုင်ငံတွင် တည်ဆောက်နေသော စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေး လေယာဉ်ခြောက်စင်းအနက် ပထမဆုံးလေယာဉ်သည် လာမည့်လတွင် စမ်းသပ်ပျံသန်းမည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းသတင်းရပ်ကွက်က စက်တင်ဘာလ ၂၄-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အာကာကျော် **
** အာကာသယာဉ်မှူး သုံးဦး လိုက်ပါလာသည့်ထိပ်ဖူးကာဇက်စတန်သို့ အောင်မြင်စွာ

No comments:
Post a Comment