စိတ်ကျန်းမာရေးဆေးရုံသို့ မန်ယူအသင်းမှ တိုက်စစ်မှူး ရူနီအလှူဒါနသွားရောက်ပြုလုပ်သည်။ အခမ်းအနားအပြီးတွင် လေကောင်းလေသန့်ခံရန် ပန်းခြံအတွင်းသို့ထွက်လာခဲ့သည်။ ထိုစဉ်မှာပင် ၄င်းထံသို့လူ တစ်ဦးခုံတစ်လုံးကိုင်ရင်းပြေးလာသည်။ စိတ်ရောဂါရှင်မှန်းသိသဖြင့် ရုတ်တရက် လန့်သွားသော ရူနီ၏အနီးသို့ရောက်လာသောအခါမပြောမဆိုဖြင့် ထိုင်ခုံအား လက်ကမ်းပေးလိုက်သည်။
`ညောင်းနေမှာစိုးလို့´
`ဟူး… တော်သေးတာပေါ့´
နောက်နှစ်အတန်အကြာတွင်ယင်း ဆေးရုံသို့ ရူနီထပ်ရောက်သော် အ၀င်ဝ၌ စကားပြောနေစဉ်မှာပင် ယခင်ကလူနာ တုတ်တစ်ချောင်းကိုင်လျက်ပြေးလာသည်။ မှတ်မိနေသော ရူနီက မပြေးဘဲ နေလေရာ အနီးရောက်သော်တုတ်ဖြင့် အရိုက်ခံလိုက်ရသည်။
`ဟေ့… ဘာဖြစ်လို့ရိုက်တာတုန်း၊ ဟိုတစ်ခါတုန်းက ခုံပေးတာ မင်းပဲမဟုတ်လား´
`အေးလေ အဲဒီတုန်းက ဘာလို့ကျေးဇူးတင်စကားမပြောသွားတာလဲ´
မှတ်ချက်။ ။နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment