ဟု ဘာဘာတော့ဗ်ပြောဆို **
(လန်ဒန်၊ စက်တင်ဘာလ ၂၁-ရက်)
ပြီးခဲ့သည့် နွေရာသီ လေ့ကျင့်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ခြင်းကြောင့် အိုးထရက်ဖို့ဒ်၌ ဂိုးများ ဆက်တိုက်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း တိုက်စစ်မှူး ဘာဘာတော့ဗ်က ထုတ်ဖော်ပြောကြားလိုက်သည်။ လွန်ခဲ့သော နှစ်နှစ်က တော့တင်ဟမ်ဟော့စပါးအသင်းမှ မန်ယူသို့ ပေါင်သန်း ၃၀-နှင့် ပြောင်းရွှေ့ကစားခဲ့သည့် ဘာဘာတော့ဗ်သည် အစတွင် ဂိုးမသွင်းနိုင်၍ နေရာမရဖြစ်ခဲ့ရသည်။ ၄င်းသည် ယခုနှစ် ပရီးမီးယားလိဂ်တွင် ၉-ဂိုးသွင်းယူထားသည်။ ဘူလ်ဂေးရီးယား တိုက်စစ်မှူး ဘာဘာတော့ဗ်သည် ပြီးခဲ့သည့် လီဗာပူးနှင့် ကစားသည့်ပွဲတွင်လည်း ဟက်ထရစ်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ (အင်တာနက်)
** တိုက်စစ်မှူး နစ္စတယ်ရွိုင်း ဘောလုံးလောကမှ နားတော့မည် **
(မြူးနစ်၊ စက်တင်ဘာလ ၂၁-ရက်)
ဟမ်းဘတ်တိုက်စစ်မှူး နစ္စတယ်ရွိုင်းက ၄င်းအနေဖြင့် ယခုနှစ် ဘောလုံးရာသီကုန်လျှင် ဘောလုံးလောကမှ အနားယူတော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ (အင်တာနက်)
** အာဆင်နယ် အသင်းခေါင်းဆောင် ဖာဘရီဂတ်စ် သုံးပတ်နားရမည် **
(လန်ဒန်၊ စက်တင်ဘာလ ၂၁-ရက်)
အာဆင်နယ် အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်သည် တံကောက်ကြော ထိခိုက်ဒဏ်ရာရခဲ့သဖြင့် သုံးပတ်ကြာ အနားယူရလိမ့်မည်ဖြစ်ကြောင်း နည်းပြ အာစင်ဝင်းဂါးက ပြောကြားသည်။ ဖာဘရီဂတ်စ်သည် ဆန်းဒါးလန်းနှင့် ကစားခဲ့သည့်ပွဲတွင် ကစားပြီး ၁၃ မိနစ်အကြာ တံကောက်ကြော အနာတရဖြစ်သွားသဖြင့် ထမ်းစင်ဖြင့် ကွင်းထဲမှ ထွက်သွားခဲ့ရသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-ကောင်းမြတ်သူ **
** အပြင်းအထန် လေ့ကျင့်ခဲ့မှုကြောင့် ဂိုးများ ဆက်တိုက်သွင်းနိုင်

No comments:
Post a Comment