(မက်ဒရစ်၊ စက်တင်ဘာလ ၁၅-ရက်)
ရီးရဲမက်ဒရစ်အသင်းသည် စပိန်လာလီဂါဖလားဆွတ်ခူးနိုင်ရေးအတွက် ဂိုးသွင်းစွမ်းရည်ကောင်းသည့် တိုက်စစ်မှူးကောင်းတစ်ဦး ဇန်န၀ါရီလတွင် ခေါ်ယူရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း နည်းပြမော်ရင်ဟိုက ပြောကြားသည်။ (အင်တာနက်)
** ကွင်းလယ်ကစားသမား ရှနိုက်ဒါအင်တာမီလန်နှင့် စာချုပ်သစ်ချုပ်ဆိုမည် **
(မီလန်၊ စက်တင်ဘာလ ၁၅-ရက်)
နယ်သာလန်ကွင်းလယ်ကစားသမား ၀စ်လေရှနိုက်ဒါသည် မန်ယူက ပေါင် ၂၅ သန်းပေးပြီး ကမ်းလှမ်းခဲ့သော်လည်း အင်တာမီလန် အသင်းမှာသာဆက်လက်ကစားမည်ဖြစ်ကြောင်း၊ အင်တာမီလန်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် အသင့်ရှိကြောင်း ၄င်းက ထုတ်ဖော်ပြောကြားလိုက်သည်။ (အင်တာနက်)
** မန်စီးတီးအတွက် ဒေးဗစ်ဆီးလ်ဗားလာပြီ **
(လန်ဒန်၊ စက်တင်ဘာလ ၁၅-ရက်)
စပိန်တောင်ပံကစားသမား ဒေးဗစ်ဆီးလ်ဗားသည် လာမည့် ပရီးမီးယားလိဂ်ပြိုင်ပွဲများတွင် မန်စီးတီးနှင့်အတူ ခြေစွမ်းပြ ကစားလိမ့်မည်ဖြစ်ကြောင်း နည်းပြ မန်စီနီက ပြောကြားလိုက်သည်။ (အင်တာနက်)
** ဂျာမနီတိုက်စစ်မှူး ၈တ်မူလ်လာ ဥရောပတွင် ဂိုးအများဆုံးသွင်းသူဖြစ်လာမည် **
(မီလန်၊ စက်တင်ဘာလ ၁၅-ရက်)
ဂျာမနီတိုက်စစ်မှူး ဂတ်မူလ်လာသည် ဥရောပတွင် ဂိုးအများဆုံး သွင်းသည့် စံချိန်ရှင် ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း အေစီမီလန် တိုက်စစ်မှူး ဖီးလစ်ပို အင်ဇာဂီက ၀န်ခံပြောကြားလိုက်သည်။ (အင်တာနက်)
** ချန်ပီယံလိဂ် အုပ်စုပွဲများစတင်ယှဉ်ပြိုင် ဘာစီလိုနာ ဂိုးအများဆုံးသွင်းပြီးအောင်ပွဲခံ **
(လန်ဒန်၊ စက်တင်ဘာလ ၁၅-ရက်)
ချန်ပီယံလိဂ် အုပ်စုပြိုင်ပွဲများကို စက်တင်ဘာလ ၁၅-ရက်နေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ လက်ရှိချန်ပီယံ အင်တာမီလန်အသင်းကတော့ အုပ်စု (က)အဖြစ် အက်ဖ်စီတွမ်တီးအသင်းနဲ့ ကစားရာမှာ တစ်ဖက်နှစ်ဂိုးစီ သရေဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းကတော့ ဂရိနိုင်ငံက ကလပ် ပါနာသီနိုင်ကော့အ
သင်းကို (၅) ဂိုး - (၁) ဂိုးဖြင့်  ဂိုးအများဆုံးသွင်းပြီးအနိုင်ရခဲ့ပါတယ်။
(အင်တာနက်)
** စုစည်းဘာသာပြန်-ကောင်းမြတ်သူ **
** ရီးရဲမက်ဒရစ်အသင်းအတွက် တိုက်စစ်မှူးတစ်ဦး နည်းပြမော်ရင်ဟို ခေါ်ယူမည်ဟုဆို **

No comments:
Post a Comment