ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, September 17, 2010

ဖီးနစ်ငှက်တွေ ပင်လယ်ကမ်းခြေမှာ ပျံသန်းကြတဲ့အခါ

> လမင်းလိုပဲ မအိပ်ဖြစ်တဲ့ညတွေ
ပင်လယ်လို စီးဆင်းခဲ့တယ်
အရှိန်အဟုန်တဲ့လား
ကမ္ဘာမြေရဲ့ပြဿနာပေါင်းစုံအတိုင်းပါပဲ ။ ။
( ပင်လယ်မဂ္ဂဇင်း ပိုစတာမှ )

နိုင်ငံရေးအကျဉ်းသမားတချို့က သူတို့တတွေ အင်းစိန်ထောင်ထဲမှာ အကျဉ်းကျခံနေရစဉ် ဖန်တီးခဲ့တဲ့ အနုပညာတခုအကြောင်းကို ပြောပြကြဘူးတယ်။
ပါးစပ်နဲ့ ပြောဆိုထုတ်ဝေခဲ့တဲ့ မဂ္ဂဇင်းလေးတခုအကြောင်းပါ။ တကယ်တော့ အနုပညာ ကို နှလုံးသားနဲ့ အသေးစိတ်မှတ်ပြီး သူများကို လှလှပပ ပြန်ပြောတတ်တဲ့သူတွေ ဆိုတာ ညနေခင်းပင်လယ်ကမ်းခြေပေါ်ပျံဝဲနေတဲ့ ဖီးနစ်ငှက်လိုနေမှာပေါ့ လို့ မှတ်ချက်ချမိတယ်။
သူက ဘာလို့လဲ တဲ့ ပြန်မေးတယ်။“ ခင်ဗျားစဉ်းစားကြည့်လေ၊ ထောင်ထဲမှာ ဒဏ်ရာနဲ့ရေးထားတဲ့ အနုပညာကို ပြန်ဖတ်ပြတယ် ဆိုတာ
အဲ့သလိုပဲနေမှာပါ။ ဖီးနစ်ငှက်ဆိုတာ မီးလောင်နေတဲ့နှလုံးသားနဲ့ ပြန်လည်ရှင်သန်နေတဲ့ ငှက်။ အဲ့ဒီ ငှက်တွေ ပင်လယ်ကမ်းခြေမှာ လှလှပပတွေကိုတွေ့လည်း ဒဏ်ရာတွေက မကျက်နိုင်သေးဘူး။
သေသေချာချာရှင်းပြရင် ပေါ့သွားမှာ စိုးလို့ ကိုယ့်ဘာသာ စဉ်းစားကြည့်ပါ လို့
တိုက်တိုက်ဆိုင်ဆိုင်၊ အာဖရိက အနောက်ခြမ်းက မာလီ အင်ပါယာအကြောင်း လေ့လာကြည့်တဲ့အချိန်မှာအကျဉ်းထောင်ထဲက
“ပါးစပ် မဂ္ဂဇင်းလေး” ကို ဖြတ်ကနဲ သွားသတိယမိတယ်။

မာလီ နိုင်ငံမှာ “ဂရီရော့တ်” ( Griot) လို့ ခေါ်တဲ့ တေးဂီတပညာရှင်တွေရှိတယ်။
သူတို့က ကဗျာရွတ်တဲ့ အခါ သံစဉ်တွေလို အနိမ့်အမြင့်ထည့်ပြီးရွတ်တယ်။
ကဗျာသီချင်းတွေက တဆင့် သမိုင်းတွေကိုပြောပြတယ်။ နိုင်ငံရေးသတင်းတွေကိုပြောသွားတယ်။
တကယ်တော့ အာဖရိက အနောက်ခြမ်းဒေသတွေမှာ “ဂရီရော့တ်” တေးဂီတသမားတွေဟာ (၁၄) ရာစုကတည်းက အရေးပါတဲ့ သူတွေဖြစ်တယ်။ တရားမျှတမှု၊ ကိုယ်ချင်းစာမှု၊ လွတ်လပ်မှုအကြောင်းတွေကို ရေးသားဟောပြောလေ့ရှိတဲ့ အနုပညာရှင်တွေဖြစ်တယ်။
အခုခေတ်မှာတော့ အာဖရိကအနောက်ခြမ်းနိုင်ငံတွေဆီက မြို့ကြီးတွေရဲ့ညဦးယံတွေမှာ ဂရီရော့တ် မြူးစစ်တော်လှန်ရေး ( Griot Music Revolution) သံစဉ်တွေက အရှိန်ပြင်းလာတယ်။ စစ်ပွဲတွေအကြောင်းကို နာနာကျင်ကျင်ဖောက်ခွဲတယ်။လူမှုရေးပြဿနာတွေကိုပြောဆိုကြတယ်။

စင်မြင့် နောက်ကနေ အရောင်အမျိုးမျိုးထွက်နေတဲ့ မီးစလိုက်အပြောင်းအရွေ့တွေက ဗုံးကွဲနေတဲ့ လမ်းမတွေပေါ်ရောက်နေသလိုမျိုး၊
(ဒါမှမဟုတ်) မြို့ပျက်တခုအောက်မှာ အော်ဟစ်နေတဲ့ ခင်ဗျားရဲ့ခန္ဓာကိုယ်ကိုပြန်ကြည့်နေရသလိုမျိုး ခံစားရမယ်။
နောက်-- ခင်ဗျားလည်း ဒဏ်ရာရနေတဲ့ ကျားနာတကောင်လို အော်ဟစ်လိုက်မိလိမ့်မယ်။
အာဖရိကအနောက်ခြမ်းမှာ မြို့ရွာအနှံ့ခရီးလျှောက်သွားပြီး ပြည်သူလူထုကို အနုပညာနဲ့ အလင်းရောင်ပေးနေတဲ့ ဂရီရော့တ် ဆိုတဲ့
ဂီတသမားတွေ ကျနော်တို့နိုင်ငံထဲမှာသာ ရှိခဲ့ရင်--------------

ဒီတပတ် အင်္ဂါနေ့ည က လွတ်လပ်တဲ့အာရှအသံမှာ မာလီနိုင်ငံရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုအကြောင်းကို ဆွေးနွေးထားပါတယ်။

**သောတရှင်များခင်ဗျား **

အာဖရိကအနောက်ခြမ်းမှာ တည်ရှိတဲ့ မာလီ နိုင်ငံဟာ တချိန်တုန်းက မက်ဒီတေးရီးယန်းကမ္ဘာနဲ့အာဖရိက ဆာဟာရ ကမ္ဘာနှစ်ခုကြားမှာ
ရွှေ၊ အဘိုးတန်လူသုံးကုန်ပစ္စည်းနဲ့ ကျွန်ကုန်ကူးခြင်း လုပ်ငန်းတွေထွန်းကားခဲ့တဲ့ အင်ပါယာသုံးခုအနက် တခုဖြစ်ပါတယ်။
အင်ပါယာစစ်ပွဲတွေ၊ကြားမှာ ရာစုနှစ်များစွာဖြတ်သန်းခဲ့၊ ပြင်သစ် ကိုလိုနီဖြစ်ခဲ့တဲ့ မာလီနိုင်ငံဟာ ၁၉၆၀ မှာတော့လွတ်လပ်တဲ့နိုင်ငံတခုအဖြစ်
တည်ရှိခဲ့ပြီး “မိုဒီဘို ကီယက်တာ” ကို သမ္မတအဖြစ်ရွေးချယ်တင်မြှောက်လိုက်ပါတယ်။ တပါတီဆိုရှယ်လစ်စံနစ်ကိုကျင့်သုံးခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင်တဲ့အရှေ့အုပ်စုနဲ့နီးစပ်လာခဲ့ပါတယ်။

“ နိုင်ငံမှာရှိသမျှစီးပွားရေးတွေကို ပြည်သူပိုင်သိမ်းတဲ့ တပါတီဆိုရှယ်လစ်စံနစ်အောက်မှာ မာလီနိုင်ငံရဲ့စီးပွားရေးက ကျဆင်းလာခဲ့တယ်။ ဒါကိုအကြောင်းရှာပြီး ၁၉၆၈ မှာ ဗိုလ်ချုပ် မူဆာထွာအိုရီ က အာဏာသိမ်းယူလိုက်တယ်။ သူ က လစ်ဘရယ်ဈေးကွက်စီးပွားရေးစံနစ်ကို အကောင်အထည်ဖေါ်မယ် လို့ ကြွေးကြော်ခဲ့ပေမဲ့ စစ်အာဏာသိမ်းမှုကို အန်တုငြင်းဆန်တဲ့နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် တိုင်းပြည်ရဲ့
အခြေအနေပိုဆိုးလာခဲ့တယ်။ ၁၉၆၈ ကနေ၁၉၇၄ အထိ ထောင်ပေါင်းများစွာ ငတ်ပြတ်ဆင်းရဲဒုက္ခရောက်ခဲ့ကြ၊ သေဆုံးခဲ့ကြတယ်။
ကျောင်းသားဆန္ဒပြပွဲတွေကလည်း နေရာအနှံ့ပေါ်ပေါက်လာခဲ့သလို၊“မူဆာထွာအိုရီ” ကိုတန်ပြန်အာဏာသိမ်းဖို့ ကြံစည်တဲ့
ဖြစ်ရပ်(၃)ခုပေါ်ပေါက်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအရာအားလုံးကို အာဏာရှင် ထွာအိုရီ က ချေမှုန်းနိုင်ခဲ့တယ် ”

ဖိနှိပ်မှုတွေပြင်းထန်လှတဲ့အာဏာရှင်လက်အောက်က မာလီနိုင်ငံဟာ လှုပ်ရှားမှုမဲ့နေတဲ့အနေအထားကိုတော့မရောက်ခဲ့ပါဘူး။
ပြည်သူလူထုရဲ့ပါတီစုံစံနစ်တောင်းဆိုမှုတွေကို ကြားနေရတဲ့ မာလီအာဏာရှင် ထွာအိုရီ ဟာ အကန့်အသတ် လွတ်လပ်မှုတချို့ကို
ပေးခဲ့ပါတယ်။ ဒီမိုကရက်တစ်နိုင်ငံတခုကို မရရှိကြပေမဲ့ အတိုက်အခံအင်အားစုတွေဟာ ရရှိနေတဲ့ အနေအထားအတွင်းကနေ
သူတို့ရဲ့လှုပ်ရှားမှုပုံစံတွေကို တဖြည်းဖြည်းပြောင်းလဲလုပ်ဆောင်ခဲ့ကြပါတော့တယ်။
“မာလီအလုပ်သမားပါတီ ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ထင်ရှားတဲ့ပါတီဖြစ်တယ်။ အလုပ်သမားလှုပ်ရှားမှုသမိုင်းတွေ၊ ဝါဒဖြန့်ချီရေးတွေ၊ ပညာပေးဟောပြောမှုတွေ ကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခဲ့ကြတယ်။ ကျောင်းသားတွေနဲ့ နီးနီးကပ်ကပ်နေပြီး လေးစားမှု ရအောင်ဆွဲဆောင်ကြသလို၊ တချို့ ပညာတတ်တွေကို အစိုးရဝန်ကြီးဋ္ဌာနတွေမှာ ဝင်ရောက်အမှုထမ်းစေတယ်။
တချိန်မှာ မာလီနိုင်ငံရဲ့သမ္မတဖြစ်လာမဲ့ “အယ်လ်ဖာ ကိုနာရီ” ဟာ အလုပ်သမားပါတီရဲ့မြေအောက်ပါတီဝင်တယောက်ဖြစ်သလို၊
မြို့တော် ဘာမာကို မှာ ကျောင်းဆရာတယောက်အဖြစ်နေထိုင်ခဲ့တယ်။ ၁၉၇၈ မှာ အာဏာရှင် ထွာအိုရီ ဟာ တန်ပြန်အာဏာသိမ်းဖို့ သံသယရှိတဲ့ ကာကွယ်ရေးဋ္ဌာနအကြီးအကဲတချို့ကို ဖြတ်ချပြီးတဲ့နောက် အယ်ဖာကိုနာရီ ကို ယဉ်ကျေးမှု၊ အနုပညာနဲ့အားကစားဝန်ကြီးဋ္ဌာနအကြီးအကဲ
အဖြစ်တာဝန်ယူဖို့ ကမ်းလှမ်းတဲ့အခါ ဝင်ရောက်လုပ်ကိုင်ခဲ့တယ်”

အစိုးရအဖွဲ့တွင်းမှာဝင်ရောက်လုပ်ကိုင်ပြီး ပြည်သူလူထုလေးစားလာနိုင်တဲ့ ပုံသဏ္ဍန်အဖြစ်ရပ်တည်ပြီးတဲ့အခါ အနုပညာ၊ မီဒီယာတွေမှ
တဆင့်လူထုကိုပညာပေးရေးအစီအစဉ်တွေကို အယ်ဖာကိုနာရီ လို အလုပ်သမားပါတီရဲ့မြေအောက်အဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့ကြပါတယ်။
တဘက်မှာတော့ အာဏာရှင်ထွာအိုရီ ရဲ့ နိုင်ငံရေးဖိနှိပ်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ရှုတ်ချလာနေတာကြောင့်
မာလီအာဏာရှင်ဟာ နိုင်ငံရေးပါတီတချို့တရားဝင်တည်ထောင်ခွင့်ကို ခွင့်ပြုခဲ့ပါတယ်။
အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေကလည်း အဲ့ဒီအခွင့်အရေးကို အမိအရအသုံးချခဲ့ပါတယ်။ အားလုံးညှိနှိုင်းလို့ရနိုင်တဲ့
မာလီ ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ချုပ်ကို စတင်တည်ထောင်ခဲ့ပြီး၊ ပြည်သူတွေနဲ့ထိတွေ့ဖို့ကြိုးစားလိုက်ကြပါတော့တယ်။

“မာလီနိုင်ငံမှာ မျိုးရိုးအစဉ်အလာ ကို ဆက်ခံတဲ့ တေးဂီတပညာရှင်တွေရှိတယ်။ သူတို့ကို “ဂရီရော့တ်” လို့ခေါ်တယ်။
သူတို့ဟာ ဟိုးအရင်ကတည်းက မာလီနိုင်ငံမှာ နိုင်ငံရေးသတင်းတွေကိုလက်ဆင့်ကမ်း သယ်ဆောင်လာကြသလို၊ ကဗျာရွတ်ဆိုပြီး သမိုင်းတွေ ပြောပြတာမျိုး၊နိုင်ငံရေးဝေဖန်မှုတွေမှာ ထင်ရှားကျော်ကြားသူတွေဖြစ်တယ်။ စာမတတ်တဲ့ဒေသတွေဆီကိုသွားရောက်ပြီး ပြည်သူလူထုကို ပညာပေးလှုံ့ဆော်ခဲ့ကြသူတွေဖြစ်တယ်။ မာလီနိုင်ငံမှာ ထင်ရှားခဲ့တဲ့ပုံပြင်တွေ၊ စကားပုံတွေ၊ ကဗျာတွေကို ရွတ်ပြပြီး တရားမျှတမှုနဲ့လွတ်လပ်ခွင့် အကြောင်းကို မီးမောင်းထိုးပြကြတယ်။ ၁၄ ရာစုတုန်းက နာမည်ကြီးပုံပြင်တခုကို အာရုံစိုက်ပြီး ရှင်းပြကြတယ်။
ပုံပြင်ထဲမှာ အင်ပါယာ ဆန်ချတာ ကို ဒေသဆိုင်ရာအကြီးအကဲ က သူ့ရဲ့လှံကိုအပ်နှင်းသစ္စာခံတဲ့ အခါ ဘုရင် က လှံကို အကြီးအကဲဆီ
ပြန်ပေးပြီးမိမိရဲ့ဒေသကို လွတ်လပ်စွာအုပ်ချုပ်နိုင်တယ် ဆိုတဲ့ ခွင့်ပြုမှုတွေပေးခဲ့တယ်။ ဒါကြောင့် မာလီ နိုင်ငံဟာ ၁၄ ရာစုလောက်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ရေးပြဋ္ဌာန်းခွင့်နဲ့လွပ်လပ်ခွင့်အတွေးအခေါ်တွေကို တည်ဆောက်ခဲ့တာဖြစ်တယ် လို့ ရှင်းပြပြီး အဲ့ဒီအရာနှစ်ခုဟာ မာလီနိုင်ငံရဲ့ရိုးရာအစဉ်အလာအမွေအနှစ်တွေဖြစ်တယ် လို့ရှင်းပြခဲ့ကြတယ်။ ဒါကြောင့်မိရိုးဖလာရိုးရာအမွေအနှစ်ကို ဆန့်ကျင်ဖိနှိပ်နေတဲ့ အစိုးရဟာ နိုင်ငံတော်ကို သစ္စာဖောက်တဲ့အစိုးရတရပ်ဖြစ်တယ် လို့ ဟောပြောလှုံ့ဆော်ကြတယ်။”

ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ်ဟာ လူထုကြားမှာအတွေးအခေါ်တည်ဆောက်ရေးကို ပညာတတ်တွေဖြစ်တဲ့ ကျန်းမာရေးလုပ်သားတွေနဲ့ ကျောင်းဆရာတွေက တဆင့်လုပ်ကိုင်ခဲ့ကြပါတယ်။ ကျေးလက်ဒေသတွေမှာ ရှိတဲ့ ပြည်သူတွေရဲ့ကျန်းမာရေး၊ ပညာရေးတွေ ကို သွားရောက်ကူညီ လုပ်ကိုင်ကြတဲ့အခါ၊ အစိုးရရဲ့တာဝန်မဲ့မှုတွေကို မသိမသာထောက်ပြကြသလို၊ဒေသဆိုင်ရာအာဏာပိုင်တွေနားမှာ
ပြည်သူလူထုရဲ့ဒုက္ခကို ခံစားနားလည်လာနိုင်မဲ့နည်းလမ်းတွေ၊ နီးနီးစပ်စပ်ပြောဆိုလို့ရမဲ့အကြောင်းအရာတွေကို စဉ်းစားခဲ့ကြပါတယ်။
“ ၁၉၉၁ ဂျန်နဝါရီလမှာ ကျောင်းသားဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့တယ်။ဖမ်းခံရတဲ့ကျောင်းသားခေါင်းဆောင်ဟာစစ်ကြောရေးစခန်းမှာ
နှိပ်စက်သတ်ဖြတ်ခံရတယ်။ မတ်လ ၂၂-၂၆ ထိဒီမိုကရေစီအင်အားစုတွေဟာ အထွေထွေသပိတ်ကိုဆင်နွဲကြပြီး သူတို့ရဲ့မကျေနပ်မှုကိုပြခဲ့ကြတယ်။
စစ်တပ်ကလည်း လမ်းတွေကို ပိတ်ဆို့ပစ်လိုက်ပြီး အရေးပေါ်ဥပဒေထုတ်ပြန်ကြေငြာခဲ့တယ်။ ဆန္ဒပြသူတွေကို ရာချီပြီး ဖမ်းဆီးခဲ့တယ်။
ဆန္ဒပြသူ (၃၀၀) ကျော် ကို ပစ်ခပ်သတ်ဖြတ်ပြလိုက်တယ်။”

**သောတရှင်များခင်ဗျား **
ဗိုလ်ချုပ်ထွာအိုရီ ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုဟာ ပြည်သူတွေကို နောက်မဆုတ်စေနိုင်ခဲ့ပါဘူး။
အာဏာရှင်နှုတ်ထွက်ပေးရေးကြွေးကြော်သံတွေက သေနတ်သံတွေကြားက ကျယ်လောင်နေခဲ့ပါတယ်။
သောင်းချီနေတဲ့လူအုပ်ကိုဆက်လက်ပစ်ခပ်ချင်စိတ်မရှိတော့တဲ့ စစ်သားတွေဟာ ဆန္ဒပြပြည်သူတွေနဲ့ ပူးပေါင်းလိုက်ကြပါတယ်။ မြို့တော်ရဲ့အသံလွှင့်ရုံဆီက အာဏာရှင် “မူဆာထွာအိုရီ”ကို လက်ရဖမ်းလိုက်ပြီဖြစ်ကြောင်း၊
မာလီစစ်ခေါင်းဆောင်တဦးက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

သောတရှင်တို့လည်း စာနာနားလည်တတ်တဲ့ စစ်ခေါင်းဆောင်တွေနဲ့ဆုံစည်းနိုင်ကြပါစေ။

အရင်တုန်းက “ဂရီရော့တ် ဂီတပညာရှင်တွေ ခုခေတ်မှာ တော်လှန်ရေးနဲ့အတူ စစ်ပွဲတွေကို ဖောက်ခွဲတယ်

**Aung Moe Win**

လမင်းလိုပဲ မအိပ်ဖြစ်တဲ့ညတွေ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)