(စက်တင်ဘာလ ၂၈-ရက်)
မန်ချက်စတာယူနိုက်တက် အသင်းသည် ချီလီနိုင်ငံ၏ အံ့ဖွယ်ချာတိတ်ဟု တင်စားခံရသော လူငယ်ကစားသမားလေးတစ်ဦးအား စုံစမ်းချိတ်ဆက်နေကြောင်း သိရသည်။ ချီလီဘာသာဖြင့် အယ်လ်နီနိုမာရာဗီးလ် (အံ့ဖွယ်ချာတိတ်)ဟု တင်စားခေါ်ဝေါ်ကြသည့် အလက်ဆစ်ဆန်းချက်ဇ်အား စိတ်ဝင်စားကြောင်း ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က အတည်ပြုထားသည်။ (အင်တာနက်)
** နီမာအား ခေါ်ယူနိုင်ရေး ချဲလ်ဆီးနှင့် ဂျူဗင်းတပ်စ် အပြိုင်ကြိုးပမ်းရဖွယ်ရှိ **
(စက်တင်ဘာလ ၂၈-ရက်)
ချဲလ်ဆီး အသင်းသည် ၄င်းတို့ပစ်မှတ်ထားနေသော ဘရာဇီးလ် လူငယ်တိုက်စစ်မှူးလေး နီမာအား ခေါ်ယူရေးတွင် ဂျုဗင်းတပ်စ်နှင့် အပြိုင် ကြိုးပမ်းသွားရဖွယ်ရှိနေသည်။ ဘရာဇီးလ်ကလပ်ဆန်းတို့စ်တွင် ကစားနေသော ပေါက်ဈေး ပေါင်စတာလင် (၃၂)သန်းရှသည့် သွေးသစ်တိုက်စစ်မှူးလေးကို စိတ်ဝင်စားနေကြောင်း အီတလီထိပ်တန်း ကလပ်အသင်းက အတည်ပြုခဲ့သည်။ (အင်တာနက်)
** လီဗာပူးလ်တိုက်စစ်မှူးများအား ဆန်းဒါးလန်းနည်းပြ စတိဗ်ဘရုစ် ဝေဖန်ပြောကြား **
(စက်တင်ဘာလ ၂၈-ရက်)
ဆန်းဒါးလန်း နည်းပြကြီး စတိဗ်ဘရုစ်က လီဗာပူးလ်အသင်း၏ တိုက်စစ်မှူးများဖြစ်သော ဖာနန်ဒိုတောရက်စ်နှင့် ဒတ်ကွတ်ခ်ျတို့အား အားကစားစိတ်ဓာတ် ကင်းမဲ့သူများအဖြစ် ရှုတ်ချဝေဖန်လိုက်သည်။ (အင်တာနက်)
** ဆဲဗင်းဒေး သတင်းဂျာနယ်မှ ကူးယူဖော်ပြသည် **
** ချီလီလူငယ်ကစားသမား မန်ယူစိတ်ဝင်စားနေ **

No comments:
Post a Comment