ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, September 15, 2010

ကိုယ်လာရင် ကြိုမှာလားလို့ .. အတည်

>
ဟေ့ကောင် မန်ယူ။ မင်းသတင်းထူး သိပြီးပြီလား။ ကိုကျော်ညွန့်  မန်ယူလက်ဘက်ရည်ဆိုင်ထဲဝင်လာလာချင်း မေးလိုက်သည်။ ဘာလဲ။ နိုင်ငံရေးပါတီတွေ ဖျက်တာလား။ မန်ယူ စားပွဲထိုးလေးကို လက်ညှိုးထောင်ပြရင်း ဖြေလိုက်သည်။ ရှစ်၊ မင်းလေးစားတဲ့ကဗျာဆရာကိုမြေလွှာလေ ခွေးကိုက်လို့ ။ ဗျာ ဘယ်က ခွေးလဲ။ ထုံထောင်း အရှေ့ ခြမ်းကခွေး။ အရှေ့ ခြမ်းကလူတွေပြောတာက အရှေ့ ကခွေးတွေက ယဉ်ပါတယ်တဲ့။ ကိုမြေလွှာလည်း သောက်ပြီးရင် မျက်နှာနီတာပဲ။ ယဉ်ကျေးပါတယ်။ ဘာဆိုင်လဲ။ အရှေ့ ကလူတွေက အနီတွေဆို။ တော်စမ်းကွာ မန်ယူ။ မတော်နိုင်သေးဘူးကိုကျော်ညွန့်  ၊ စောစောက နိုင်ငံရေးပါတီတွေ ဖျက်တဲ့သတင်းနောက်ဆက်တွဲပေါ့။ ဟီဟိ။ ဘာဖြစ်တာလဲ။ ၀မ်းသာနေတာ။ ဘာဝမ်းသာနေတာလဲ။ မဲဆောက်က တပ်ပေါင်းစုတွေနဲ့ ကျောင်းသား လူငယ်အဖွဲ့ အစည်းတွေ နယ်စပ်တွေမှာ ကြိုဆိုရေးဂိတ်တွေ ဖွင့်ထားမယ်တဲ့။ ဘာဆိုင်လို့ လဲ။ ဟာ ကိုကျော်ညွန့် ကလဲ။ ထူပြန်ပြီ။ ပြေးလာမဲ့ လူတွေကို အမေရိကန်အရောက် ဘယ်လောက်၊ မဲဆောက်နေ ဘယ်လောက်၊ ကန့် ဝင်ရင် ဘယ်လောက် ဈေးနှုန်းတွေပါ ကပ်ထားသတဲ့။ ဟုတ်လို့ လားကွာ မင်းလာ ကျပ်မနေနဲ့ ။ နေဗျာ။ ခင်ဗျားမယုံရင်။ ကိုကျော်ညွန့် ငိုင်ကျသွာသည်။ အင်းဖြစ်နိုင်တယ်ဟုလည်း စိတ်ထဲက မှတ်ထားလိုက်သည်။
ကဗျာဆရာခွေးကိုက်တယ်ဆိုလို့ ခွေးဇာတ်လမ်း မင်းကို ငါပြောပြမယ်။ နားထောင်မလား။ ဘီယာ တလုံးတိုက်ရင် နားထောင်မယ်။ ကိုကျော်ညွန့်  စားပွဲထိုးလေးကို လက် ၂ချောင်းထောင်ပြလိုက်သည်။ ဘီယာ ၂ လုံးဆိုတဲ့သဘော။ ဒီလိုကွ မန်ယူရ။ ငါဖတ်ဖူးတာလေး။

အခါတပါး၌ ထိုအခါတပါးဆိုသည်မှာ လက်ဝဲ လက်ယာ အယူဝါဒ ၂ ခု အားပြိုင်စစ်ခင်းနေချိန်ကို ဆိုလိုခြင်း ဖြစ်တန်ရာသည်။
ထိုအခါတပါး၌ ခွေးသုံးကောင်သည် ထိုင်း မြန်မာ လာအိုနယ်စပ်တွင် လာရောက်ဆုံမိကြ၏။ ယခုခေတ် ကာလ၌မူ ထို ၃ နိုင်ငံ နယ်စပ်အား ရွှေတြိဂံဟု ဘိန်းဘုရင် ဧကရာဇ်ခွန်ဆာက ကင်ပွန်းတပ်သွားခဲ့သည်ဟု မှတ်သားနာယူကြသော အနောက်တိုင်းသား ဘိန်းစားများက ဂုဏ်ယူပြောကြားလေ့ရှိ၏။
ယင်းခွေး ၃ ကောင်မှာ ဘယ်ဆီ ဘယ်အရပ်များက ပြေးလွှားရောက်ရှိလာကြမှန်း မသိရသော်ငြား အတော်ပင် မောဟိုက်ပင်ပန်း ဆာလောင်နေပုံပေါက်နေသည်။ အရိပ်ကောင်းသော သစ်တပင်အောက်၌ အမောအပန်းဖြေရင်းမှ တကောင်ကို တကောင် အကဲခတ်လျက်ရှိသည်။ ခွေးသုံကောင်၏ ထူးခြားကွဲပြားချက် မှာ တကောင်ကား အနက်။ တကောင်ကားအနီ အညိုကျား။ တကောင်ကား အဖြူဖြစ်ချေသည်။ သို့ ဆို လျှင် အောင်နက်၊ ဂုတ်ကျား၊ ဘိုဖြူဟု အမည်ပေးက သင့်တင့်လျှောက်ပတ်နိုင်၏။
ဂုတ်ကျားက ဘိုဖြူကို ခပ်စိမ်းစိမ်းကြည့်၍ မင်းက ဘယ်က လာတာလဲ ဟုမေးလိုက်သည်။ ဘိုဖြူက ငါ ထိုင်းနိုင်ငံကလာတာ မင်းက ဘာလုပ်ချင်လို့ လဲလို့  ပြန်မေး၏။ မင်းနိုင်ငံမှာ အစာရေစာ မရှိလို့  ငတ်လို့ ပြေး လာတာပေါ့ ဟုတ်လားဟု အောင်နက်က မေးပြန်သည်။ ဟား ဟား ပေါမှပေါ။ ကွတ်တီယို၊ ကြက်ကင် ၀က်ကင် ဘဲကင်၊ လုချင်း စားလို့ ကောင် မကုန်ဘူး။ ဒါဖြင့် မင်းဘာလို့ ပြေးလာတာလဲလို့ ဂုတ်ကျားက မကြေမလည် မေးသောအခါ။ အေး မင်းမေးချင်စရာပဲ။ ငါ့နိုင်ငံမှာ အစားအသောက်ပေါတယ်။ ဒါပေမဲ့စစ်တပ်က ခန ခန အာဏာသိမ်းတာတွေဖြစ်တော့ ကျောင်းသားတွေနဲ့  စစ်တပ်နဲ့ ပစ်လိုက်။ အရပ်သားတွေနဲ့ စစ်တပ်နဲ့ ပစ်လိုက်။ ဆန္ဒတွေပြလိုက်။ ပစ်တာခတ်တာတွေ များလွန်းလို့ ငါ့ကို မထိအောင် ပြေးလာရတာလို့ ပြန်ဖြေတဲ့အခါ ဂုတ်ကျား ခေါင်းကို ခွေချလိုက်ပြီး စဉ်းစားရုပ်လုံးဖော်ကြည့်နေမိသည်။
ဘိုဖြူကလည်း နေစမ်းပါအုန်း မင်းက ငါ့ကိုမေးပြီး မင်းကရော ဘယ်ကပြေးလာတာလဲ။ ငတ်လို့ လား။ သေနတ်ကြောက်လို့ လား။ ငါ မြန်မာပြည်ကပဲ။ စိန်ခေါ်တာလား။ သွားသွားချင်း ခွေးခွေးချင်း အချိန်မရွေးပဲ။ လူမိုက်အထာနှင့် ပြန်ဟောက်လိုက်သဖြင့် ဘိုဖြူလေပြေထိုးပြီး မဟုတ်ပါဘူးသူငယ်ချင်းရယ်။ တို့ က အိမ်နား နီးချင်းတွေပဲ။ ဘာလို့  ပြေးလာတာလဲ မေးမလို့ ပါ ကူညီဖို့ လိုရင်လည်းပြော ဟုတ်လား။ ဘိုဖြူ မျက်နှာချို သွေးနေတာကြည့်၍ အောင်နက် တဖက်စောင်းလိုက်သည်။
ဂုတ်ကျား မဖြေချင့်ဖြေချင် ဖြေသည်။
အေး တို့ ဆီမှာတော့ အာဏာသိမ်းတာတွေ၊ ပစ်တာခတ်တာတွေ၊ အရေးအခင်းတွေ ပြတ်တယ် ကိုမရှိဘူး။ နေ့ တိုင်း ဆန္ဒပြတာတွေ ပစ်တာခတ်တာ ဖမ်းတာသတ်တာတွေ အမြဲပဲပေါ့ကွာ။ ဒီကြားထဲ စားစရာ မရှိဘူးကွာ။ ငတ်တာပေါ့။ တနေ့ အိမ်ရှင်သောက်မဲ့ထမင်းရည်ကို ငါခိုးသောက်တာ မိသွားလို့ ဓားနဲ့ လိုက် ခုတ်တယ်။ ငါလည်း ခုလို သေဘေးကလွတ်အောင် ပြေးလာခဲ့ရတာပဲလို့ ကြေကြေကွဲကွဲ ပြောပြတော့ မလှမ်း မကမ်းက နားစွင့်နေသော အောင်နက်သည် လည်ကိုခါရမ်း၍ ထထိုင်လိုက်သည်။ နားရွက်ကို ညာလက်ဖြင့် ကုတ်ခြစ် လိုက်သည်။
ဂုတ်ကျားနှင့် ဘိုဖြူတို့ က အောင်နက်ကို လှမ်းကြည့်လိုက်သောအခါ တတောလုံး ပွက်ပွက်ဆူ သွား အောင် တ၀ုတ်ဝုတ်နှင့် ဟောင်နေလေတော့သည်။ အောင်နက်နှင့် ဘိုဖြူတို့  တယောက်မျက်နှာ တယောက် ကြည့်၍ မင်းမေး ငါမေးလုပ်နေကြသည်။ ဘိုဖြူက ဟေ့ကောင် မင်း ဘယ်က ကောင်လဲ။
အောင်နက် ဂရုမပြုဟန်ဖြင့် ငါတရုတ်ပြည်ကပဲ။ ဘာသိချင်သေးလဲ လို့ ဘိုဖြူကို ပြန်မေးတော့။ ဘယ်လို လုပ်ပြီး မင်းက ဒီနယ်စပ်ရောက်လာတာလဲ၊ အဝေးကြီးကွာလို့ ပြန်ပြောတော့။ တကမ္ဘာလုံး ဘယ်လောက် ဝေးဝေး တို့ တရုတ်တွေက ရောက်အောင်သွားနိုင်တာ မင်းမကြားဖူးဘူးလားလို့ ပြန်ဟောက်သည်။ မင်းတို့  နိုင်ငံမှာ လူဦးရေများတော့ အစာရေစာတွေ ရှားတော့ ငတ်တော့ ပြေးလာတာပေါ့ ဟုတ်လားလို့ မေးပြန်တော့ တ၀ါးဝါး တဟားဟားဖြင့် အောင်နက် တကောင် အော်ကြီးဟစ်ကျယ် ရယ်နေပြီး အကျယ်လောင်ဆုံး အသံနက်ကြီးဖြင့် တ၀ုတ်ဝုတ် ဟောင်ပြန်လေတော့သည်။ အောင်မလေး ၀က်အူချောင်းများ မင်းလည်ပင်း ပတ်သတ်လို့ ရတယ်။ ပေါသလားမမေးနဲ့ ၊ ခေါက်ဆွဲ၊ ပေါက်စီ၊ အီကြာကွေး၊ မင်းဘာဆွဲချင်လည်းပြော၊ ငတ်သေတဲ့မသာမရှိဘူး လို့ အောင်နက်က ခပ်ကြွားကြွား ပြန်ဖြေလိုက်သည်။ ဒါဖြင့် မင်းတို့ ဆီမှာ အာဏာ သိမ်းတာတွေ ဘာတွေ မရှိဘူးလား။ ဂုတ်ကျား ထ မေးလိုက်သည်။ ဘာမှ မရှိဘူး။ ဆန္ဒပြရင်လည်း တင့်ကားနဲ့  ကြိတ်လိုက်ရင် ပြီးသွားရော။ ပစ်ရင်ခတ်ရင်လည်း ရတယ်။ ဘယ်သူမှ မော်မကြည့်ရဘူး။ ဒီလောက်ကောင်းတဲ့ တိုင်းပြည်ကနေ မင်းမို့ ထွက်ပြေးလာတယ်ကွာ။ အံ့ပါ့။ အောင်နက် မယုံကြည်သလို ပြောလိုက်သည်။ ဘိုဖြူက ဒါဆိုရင် မင်းဘာအကြောင်းနဲ့ ပြေးလာတာလဲ။ အေး မင်းတို့  နားလည်အောင် ငါတိုတိုပဲပြောမယ်။ တို့ နိုင်ငံမှာ မဟောင်ရဘူး။ အောင်နက် ဖြေပြီး တတောလုံးညံအောင် တ၀ုတ်ဝုတ်ဟောင်နေပြန်တော့သည်။
မင်းသားကြီး လက်ဘက်ရည်ဆိုင်ရှေ့ မှ ခွေးတကောင်သည် ဖြတ်မောင်းသွားသည့် ဆိုင်ကယ်တစီးကို အမဲလိုက်သလို လိုက်၍ တ၀ုတ်ဝုတ် ဟောင်နေသည်ကိုကြည့်၍ တရုတ်ပြည်က ခွေးလား ဟု မန်ယူ စဉ်းစားနေပုံကိုကြည့်၍ ကိုကျော်ညွန့် ကျေနပ်နေလေသည်။

**ကျော်သက်ထွေး**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)