(ကာရာကတ်စ်၊ စက်တင်ဘာလ ၁၄-ရက်)
ဗင်နီဇွဲလားနိုင်ငံပိုင် ကွန်ဗီယာဆာလေကြောင်းလိုင်းမှ လေယာဉ်တစ်င်းသည် ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၁၀-နာရီခွဲတွင် ဘိုလီဗာပြည်နယ် အရှေ့တောင်ပိုင်း၌ ပျက်ကျခဲ့ရာ သေဆုံးသူ စုစုပေါင်း ၁၅-ဦးအထိ ရှိလာပြီး ၃၆-ဦး ထိခိုက်ဒဏ်ရာရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ လေယာဉ်ပေါ်တွင် ခရီးသည်နှင့် လေ ယာဉ်အမှုထမ်း စုစုပေါင်း ၅၁ ဦးလိုက်ပါလာခြင်းဖြစ်ပြီး ဒဏ်ရာရသူ ၃၆ ဦးကို ဆေးဝါးပြုစုကုသပေးလျက် ရှိသည်။ ခရီးသည် အများစုမှာ ဘိုလီဗာပြည်နယ်တွင် နေထိုင်ကြသည့် ဗင်နီဇွဲလားလူမျိုးများဖြစ်ကြောင်း သ တင်းများတွင် ဆက်လက်ဖော်ပြသည်။ (ဆင်ဟွာ)
** မက္ကဆီကို မူးယစ်ရာဇာတစ်ဦးအား ဖမ်းမိ **
(မက္ကဆီကိုစီးတီး၊ စက်တင်ဘာလ ၁၄-ရက်)
မက္ကဆီကိုအစိုးရက အလိုရှိဆုံးသော မူးယစ်ရာဇာများအနက်မှ တစ်ဦးဖြစ်သည့် အဲလ်ဂရန်ဒီးဟု လူသိများသော ဆာဂျီယိုဗီလာရီးယဲလ်ကို နိုင်ငံအရှေ့ပိုင်း ပွီဗလာမြို့တွင် မရိန်းတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်များက တနင်္လာနေ့တွင် ကြေညာသည်။ ယင်းဂိုဏ်းအဖွဲ့ဝင် ပြိုင်ဘက်အုပ်စုခေါင်းဆောင်ဖြစ်သည့် ဗာဗီးဟု သိကြသော အခြားမူးယစ်ရာဇာတစ်ဦးကိုဖမ်းဆီးရမိပြီး နှစ်ပတ်အကြာတွင် ၄င်းကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ဆာဂျီယို ဗီလာရီးယဲလ်ကို ဖမ်းဆီးနိုင်ရန် သတင်းပေးသူအား ပေါင် ၁ ဒသမ ၅ သန်း(အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းခန့်) ဆုငွေပေးမည်ဟု ကြေညာထားသည်။ (အင်တာနက်)
** အမေရိကန်တောင်တက်သမားတစ်ဦးကို အာမခံဖြင့် အီရန်ပြန်လည်လွှတ်ပေး **
(တီဟီရန်၊ စက်တင်ဘာလ ၁၄-ရက်)
ထိန်းသိမ်းခံထားရသော အမေရိကန်တောင်တက်သမားသုံးဦးအနက် တစ်ဦးကို အမေရိကန်ဒေါ်လာ ၅၀၀၀၀၀ တန်အာမခံဖြင့် ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း အီရန်ရှေ့နေချုပ်ရုံးက အင်္ဂါနေ့တွင် ပြောကြားသည်။ (အင်တာနက်)
** အီဂျစ် လူမှောင်ခိုထုတ်သူတစ်ဦး အသတ်ခံရမှု ရုရှားနှင့် မော်လ်ဒိုဗာနိုင်ငံသား ၁၆-ဦးကို ထိန်းသိမ်း **
(ကိုင်ရို၊ စက်တင်ဘာလ ၁၄-ရက်)
အီဂျစ်လူမျိုး လူမှောင်ခိုထုတ်သူတစ်ဦး အသတ်ခံရမှုနှင့် စပ်လျဉ်း၍ ရုရှားနှင့် မော်လ်ဒိုဗာနိုင်ငံသား ၁၆-ဦးကို အီဂျစ်နိုင်ငံတွင် ထိန်းသိမ်းထားကြောင်း လုံခြုံရေးတာဝန်ရှိသူများက စက်တင်ဘာလ ၁၄-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ၀ါးလ်ရပ်စ်ဖျံကြီးများ အလာစကာသို့ရောက် **
ကောင်ရေ သောင်းနှင့်ချီသော ၀ါးလ်ရပ်စ်ပင်လယ်ဖျံကြီးများသည် ၄င်းတို့ ခိုနားရာ ပင်လယ်ရေခဲမျောများအရည်ပျော်လာမှုကြောင့် အလာစကာပြည်နယ် အနောက်မြောက်ပိုင်း ကမ်းခြေဒေသများသို့ တက်ရောက်ခိုလှုံလာကြသည်ကို စက်တင်ဘာလ ၇ ရက်နေ့က တွေ့ရသည်။ ယင်းကဲ့သို့ ဖြစ်စဉ်မျိုးမှာ ၂၀၀၇ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တို့တွင်လည်း ဖြစ်ပွားခဲ့သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ငြိမ်း **
** ဗင်နီဇွဲလား လေယာဉ်ပျက်ကျမှု သေဆုံးသူ ၁၅-ဦးအထိရှိလာ **

No comments:
Post a Comment