ဒါဟာ ကံကြမ္မာ ကိစ္စမဟုတ်ခဲ့ပါ။
ကိုယ်ကျိုးသက်သက်ဖော်ပြချက်ကိစ္စမှာ
တချို့ဟာ တော်တော့်ကို ပညာသားပါတယ်။
အငမ်းမရမှုတွေမှာ
စံပြ ကြောင်ပါးကြီးတွေပ။
ခင်ဗျားတို့အတွက်ကတော့
`ပမ်းတိုင်´အစစ်ပေဘဲ။
(၂)
`ရန်သူ´ကို `ရဲဘော်´လို့ ပွေ့ဖက်တဲ့အခါ
(သဘာဝကျစွာ)
`ရဲဘော်´ဟာ `ရန်သူ´ဖြစ်
ဓားစာခံလဲဖြစ်၊ တရားခံလဲဖြစ် ဖြစ်ရရတာပေါ့။
(၃)
`သေနတ်´နဲ့ `အုပ်စု´ရှိနေသူက
ပက်စက်ဘို့ ပိုင်းဖြတ်တဲ့အခါ
ကျနော် (တို့တွေ)ဟာ
အခြေနေဆိုးမှာ
နေသားကျလိုက်ရပါတယ်။
ဒါပေမယ့်
(၁) အသနားမခံဘူး။ လည်စင်းမခံဘူး။
(၂) အညံ့မခံဘူး။
(၄)
အရှက်အနဲဆုံးပြိုင်ပွဲမှာ
ခွက်ခွက်လန်အောင်ရှုံးရတာ
သိပ်မြင့်မြတ်လှပါတယ်။
(၅)
ရက်စွဲပြောင်းထားတဲ့ ကြေညာချက်ရယ်
`ပြည်သူလူထုကြီးခင်ဗျား´ဆိုတဲ့ ၀ံပုလွေဓာတ်ပြားကွဲရယ်
ပွဲစားတယောက်ရဲ့ အကွက်ခင်းတဲ့ပါးနပ်မှုရယ်
ဒီအသက်ကယ်ဆေးနဲ့ လူရာဝင်ပါလေ
အခြေအနေ မရင့်မှည့်သေးမီမှာ။
** ထက်မိုး **
(၂၀ မေ ၂၀၀၁၊ ည ၇ နာရီ ၈ မိနစ်)
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
(၁)
ဒါဟာ ကံကြမ္မာ ကိစ္စမဟုတ်ခဲ့ပါ။
ကိုယ်ကျိုးသက်သက်ဖော်ပြချက်ကိစ္စမှာ
တချို့ဟာ တော်တော့်ကို ပညာသားပါတယ်။
အငမ်းမရမှုတွေမှာ
စံပြ ကြောင်ပါးကြီးတွေပ။
ခင်ဗျားတို့အတွက်ကတော့
`ပမ်းတိုင်´အစစ်ပေဘဲ။
(၂)
`ရန်သူ´ကို `ရဲဘော်´လို့ ပွေ့ဖက်တဲ့အခါ
(သဘာဝကျစွာ)
`ရဲဘော်´ဟာ `ရန်သူ´ဖြစ်
ဓားစာခံလဲဖြစ်၊ တရားခံလဲဖြစ် ဖြစ်ရရတာပေါ့။
(၃)
`သေနတ်´နဲ့ `အုပ်စု´ရှိနေသူက
ပက်စက်ဘို့ ပိုင်းဖြတ်တဲ့အခါ
ကျနော် (တို့တွေ)ဟာ
အခြေနေဆိုးမှာ
နေသားကျလိုက်ရပါတယ်။
ဒါပေမယ့်
(၁) အသနားမခံဘူး။ လည်စင်းမခံဘူး။
(၂) အညံ့မခံဘူး။
(၄)
အရှက်အနဲဆုံးပြိုင်ပွဲမှာ
ခွက်ခွက်လန်အောင်ရှုံးရတာ
သိပ်မြင့်မြတ်လှပါတယ်။
(၅)
ရက်စွဲပြောင်းထားတဲ့ ကြေညာချက်ရယ်
`ပြည်သူလူထုကြီးခင်ဗျား´ဆိုတဲ့ ၀ံပုလွေဓာတ်ပြားကွဲရယ်
ပွဲစားတယောက်ရဲ့ အကွက်ခင်းတဲ့ပါးနပ်မှုရယ်
ဒီအသက်ကယ်ဆေးနဲ့ လူရာဝင်ပါလေ
အခြေအနေ မရင့်မှည့်သေးမီမှာ။
** ထက်မိုး **
(၂၀ မေ ၂၀၀၁၊ ည ၇ နာရီ ၈ မိနစ်)
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)


No comments:
Post a Comment