လူတစ်ယောက်သည် အရက်ဆိုင်တစ်ဆိုင်ထဲသို့ ၀င်ရောက်လာပြီး အရက်ရောင်းသူကို အမိန့်ပေးလိုက်၏။
`ကဲ… ကိုယ့်လူ၊ ဒီဆိုင်ထဲမှာ ရှိသမျှ သောက်ဖော်သောက်ဖက်တွေကို တစ်ခွက်စီပေးလိုက်စမ်းပါ။ မင်းကိုယ် တိုင်လည်း တစ်ခွက်သောက်၊ ငါဒကာခံတယ်´ဟု ပြောလိုက်ပြီး သူကိုယ်တိုင်လည်း ၂ ခွက်တိတိသောက် လိုက်လေ၏။
ထို့နောက် အရက်ရောင်းသူက ငွေရှင်းဖို့ပြောသောအခါ သူက…
`ဘာ… ပိုက်ဆံပေးရမလဲ၊ ဟုတ်လား… ငါပြောတဲ့အထဲမှာ ပိုက်ဆံဆိုတဲ့စကား တစ်လုံးမှမပါဘူး။ ငါ့မှာလည်း တစ်ပြားမှမရှိဘူးကွ၊ ငါသက်သက်နောက်တာ´ဟု ပြောလိုက်သဖြင့် အရက်ရောင်းသူက…
`ဒါဆိုလည်း နောက်ဦးကွာ´ဟုပြောဆိုကာ ထိုးကြိတ်၍ ကုပ်ပိုးမှဆွဲကာ ဆိုင်အပြင်သို့ မောင်းထုတ်လိုက်၏။ ထို့နောက် ရက်အနည်းငယ်အကြာတွင် ထိုလူ ထပ်မံရောက်ရှိလာပြန်ပြီး အရက်ရောင်းသူကို ပြောလိုက်သည် မှာကား…
`ဒီဆိုင်ထဲကလူတွေအားလုံး အရက်တစ်ခွက်စီပေးလိုက်ပါ။ မင်းတော့ မပါဘူးနော်၊ မင်းက အရက်ဝင်သွားရင် သိပ်သွေးဆိုတာကွ´ဟူ၏။

** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
Rest of your post

No comments:
Post a Comment