(နယူးယောက်၊ စက်တင်ဘာလ ၁၄-ရက်)
ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်ဟာ ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဆားဘီးယား နိုင်ငံက ဒီဂျိုကိုဗစ်ကို အနိုင်ရပြီး ဖလားဆွတ်ခူးနိုင်ခဲ့တာကြောင့် ကြီးလေးကြီးဖလားများကို ဆွတ်ခူးနိုင်တဲ့ ခုနစ် ဦးမြောက် တင်းနစ်ကစားသမားဖြစ်လာခဲ့ပါတယ်။ (အင်တာနက်)
** ရွန်နေအစား မန်ယူကို ဒေးဗစ်ဗီလာရောက်လာမှာလား **
(လန်ဒန်၊ စက်တင်ဘာလ ၁၄-ရက်)
မန်ယူအသင်းကနေပြီး ရွန်နေထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ ရွန်နေကို ရီးရဲမက်ဒ ရစ်က လာမယ့်ဘောလုံးသမားအပြောင်းအရွှေ့ကာလမှာ ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းပေးမယ်လို့ ဈေးစ ကားဆိုထားတာမို့ နည်းပြဖာဂူဆန် စိတ်သောကရောက်နေရပြီဖြစ်ပါတယ်။ (အင်တာနက်)
** ဥရောပချန်ပီယံလိဂ်ဆုဖလား အင်တာမီလန် နှစ်နှစ်ဆက်တိုက်ဆွတ်ခူးရန် ကြိုးပမ်းမည် **
(မီလန်၊ စက်တင်ဘာလ ၁၄-ရက်)
ဥရောပချန်ပီယံလိဂ်ဖလားကို နှစ်နှစ်ဆက်တိုက်ဗိုလ်စွဲရန် ပစ်မှတ်ထားကြိုးစားသွားမည်ဖြစ်ကြောင်း လက်ရှိချန်ပီယံ အင်တာမီလန်အသင်းက ပြောကြားသည်။ (အင်တာနက်)
** ချန်ကီယံလိဂ် ဆုဖလားဆွတ်ခူးရန် စီရိုနယ်ဒို မျှော်လင့် **
(မက်ဒရစ်၊ စက်တင်ဘာလ ၁၄-ရက်)
ရီးရဲမက်ဒရစ်အသင်းသည် ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်မည့် အခွင့်အလမ်းများရှိထားပြီဖြစ်ကြောင်း တောင်ပံကစားသမား စီရိုနယ်ဒိုက ပြောကြားသည်။ (အင်တာနက်)
** မန်ယူခံစစ်အတွက် ဖာဒီနန်ပြန်လာပြီ **
(လန်ဒန်၊ စက်တင်ဘာလ ၁၄-ရက်)
ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၄)တွင် မန်ယူက အဲဗာတန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရနေရာမှ ပွဲပြီးခါနီး လေလွင့်ချိန်တွင် အဲဗာတန်က နှစ်ဂိုးဆက်တိုက်သွင်းယူလိုက်၍ သရေပွဲဖြစ်ခဲ့သည်။ (အင်တာနက်)
** ရောဘတ်ဟွတ်၏ နောက်ကျဂိုး စတုတ်စီးတီး သုံးမှတ်စတင်ရရှိ **
(လန်ဒန်၊ စက်တင်ဘာလ ၁၄-ရက်)
စတုတ်စီးတီးနှင့် အက်စ်တွန်ဗီလာအသင်းတို့သည် စက်တင်ဘာလ ၁၃-ရက် ညပိုင်းက ပရီးမီးယားလိဂ်ပွဲစဉ်(၄)လက်ကျန်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြရာ စတုတ်အသင်းမှ ဂျာမနီနောက်တန်းကစားသမား ရောဘတ်ဟွတ်၏ လေလွင့်ချိန်ဂိုးကြောင့် စတုတ်တို့ ပထမဆုံး ရမှတ်သုံးမှတ်ရရှိခဲ့သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-ကောင်းမြတ်သူ **
** ကမ္ဘာ့နံပါတ်တစ် ရာဖေးလ်နာဒယ် ကြီးလေးကြီး တင်းနစ်ချန်ပီယံဖြစ်ပြီ **

No comments:
Post a Comment