(စက်တင်ဘာ ၁၆၊၂၀၁၀)
ထိုင်းနိုင်ငံဘန်ကောက်အခြေစိုက် မြန်မာသံရုံးတာဝန်ရှိသူဦးဝင်းဇေယျာထွန်းနှင့်အခြားထိုင်းအစိုးရအဖွဲ့
ဝင်များ၊ယမန်နေ့ ညနေပိုင်းက တစ်ပတ်ကြာဆန္ဒပြမှုဖြစ်ပွားခဲ့သော ခေါင်ကယ်ပိုက်စက်ရုံသို့ သွားရောက်ခဲ့ကြောင်း ဆန္ဒပြအလုပ်သမားခေါင်းဆောင် ကိုသီဟကပြောသည်။
“မနေ့ ကညနေ၄နာရီခွဲလောက်မှာ မြန်မာသံရုံးက ဗိုလ်မှူးဝင်းဇေယျာထွန်း နဲ့ ဘာသာပြန်တွေ၊ထိုင်းတွေ၊အယင်
နေကလာခဲ့တဲ့ခေါင်ကယ်ကအလုပ်သမားရုံးကလူကြီးတွေေ၇ာက်လာပါတယ်၊ထိုင်းအလုပ်သမားဥပဒေအ
တိုင်း လေးစားလိုက်နာကြပြီးတော့၊အေးအေးချမ်းချမ်းနေထိုင်လုပ်ကိုင်ကြဖို့ မှာကြားပါတယ်၊ဗမာအုပ်ချုပ်
ရေးအဖွဲ့ ဝင်တွေကလည်း ကိုယ့်နိုင်ငံသားများအချင်းချင်း၊ကိုယ်လူမျိုးအချင်းချင်း ချစ်ချစ်ခင်ခင်နေကြဖို့၊အာဏာ
ရှိတယ်ဆိုပြီးအောက်လက်ငယ်သားအလုပ်သမားတွေကို ရိုက်နှက်တာတွေမလုပ်ဖို့မှာသွားပါတယ်”ဟုပြောသည်။
ပြင်ပသတင်းဌာများတွင်ရေးသားထာသည့်သတင်းများအားလည်းမေးမြန်းခဲ့သည်။သံရုံးတာဝန်ရှိသူအား ကိုသီဟ ကဆက်လက်တင်ပြရာတွင်......
“ကျနော်ဒီဆန္ဒပြပွဲမတိုင်ခင်ကတည်းက ဒီမှာအခွင့်အရေးချိုးဖေါက်နေတာတွေ၊မတရားတာတွေကို ဖုန်းနဲ့ ဓါတ်
ပုံရိုက်၊ဖုန်းနဲ့ ဆက်ပြီးတော့မှ ဘန်ကောက်က ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်းကို နေ့တိုင်းအချက်
အလက်တွေပေးပို့ နေခဲ့တာပါ။စက်တင်ဘာ၇ရက်ညနေ၅နာရီမှာကျနော်တို့ ၆ယောက်ကိုထွက်သွားရမယ် ဆိုတာကို၊ ထွက်မသွားရအောင်နဲ့ ခုလိုအောင်မြင်မှုရအောင်သူတို့ လည်းတတတ်တအားကူညီပေးခဲ့တာပါ။ အချို့သတင်းတွေမှာ
ကျနော်တို့ အလုပ်ထုတ်ခံရသူတွေ မဲဆောက်ကိုပြန် လာရာမှာပုလိပ်ကစစ်ဆေးလို့ ဒီပြဿနာပေါ်လာတယ်လို့ ရေးထားတာတွေ၊ကျနော်တို့ စာအုပ်မှာcancel လို့သာရေးထားတာပါ။ အဲဒါကိုcanceledဆိုပြီးရေးထားတာလည်းတွေ့ရတယ်။လူအရေတွက်တစ်ထောင်တွေရေးလိုက်၊၁၅၀၀တွေရေးလိုက်၊
ဘာမှမမှန်ဘူးခင်ဗျ။ရက်သတ္တတစ်ပတ်လုံးတစ်ရက်မှတစ်ထောင်မပြည့်ခဲ့ပါဘူး၊ အရင်၆ရက်လုံးမှာ လူအရေတွက် ၅၀၀ ၀န်းကျင်ထက်မပို ခဲ့ပါဘူး၊နောက်ဆုံးစက်တင်ဘာ၁၄ ရက်နေ့ မှာ စါရင်းအတိအကျလိုက်ကောက်တာ ၉၄၈ ယောက်ပဲ
ရှိပါတယ်”ဟု သတင်းမီဒီယာများ၏လွဲချော်မှုများကို အသေးစိတ်တင်ပြလိုက်ကြောင်းအလုပ်ထုတ်ခံရသူ၆ဦးအထဲမှ ကိုသီဟကပြောသည်။အဆိုပါကိုသီဟမှာ စီပွားရေးတက္ကသိုလ်ဒုတိယနှစ်ထိတက်ရောက်သင်ကြားခဲ့သူဖြစ်ပြီး အင်တာနက်လည်းအသုံးပြုတတ်သူဖြစ်ကြောင်းသိရှိရသည်။
မြန်မာသံရုံးတာဝန်ရှိသူများက၊အလုပ်သမားများအနေအထားများအား မေးမြန်းပြီးနောက် အလုပ်ရုံတာဝန်ရှိသူများနှင့်တွေဆုံပြီးပြန်လည်ထွက်ခွာသွားခဲ့ကြသည်။
တစ်ပတ်အကြာဆန္ဒပြနေခဲ့သည့် မြန်မာအလုပ်သမားများ ယမန်နေ့ က အလုပ်ပြန်ဆင်းခဲ့ရာ ထိုင်းလူမျိုးရုံးဝန်
ထမ်းများက အလုပ်သမားများ၏စာရွက်စာတမ်းများ(တစ်နေတာအလုပ်တာဝန်ပြစာရွက်)များနံပတ်များအား
ပစ်ချဆဲဆိုခဲ့သည်။ထိုင်းလူမျိုးအားလုံးနီးပါး အလုပ်မလုပ်ပဲထိုင်နေခဲ့ကြသည်။ ညနေ၅နာရီမတိုင်ခင် ထိုင်းလူမျိုးရုံးဝန်ထမ်းများနှင့်လုပ်ငန်းခွင်အတွင်းမြန်မာများကိုကြီးကြပ်ရသောထိုင်း(၀ဏ္ဏ)များအလုပ်ကိုရပ်နားပြီး
ကြိုတင်အလုပ်ဆင်းသွားကြသည်။မြန်မာအလုပ်သမားများနှင့်တန်းတူ အခွင့်အရေးပေးခြင်းကို မလိုလားကြကြောင်၊းအနူနည်းဖြင့်ဆန္ဒပြကြခြင်းဖြစ်ကြောင်းမြန်မာအလုပ်သမားများကပြောသည်။
ယနေ့ လုပ်ငန်းခွင်အခြေအနေမှာ ထိုင်းတစ်ဦးမြန်မာတစ်ဦးမောင်းနှင်ရသည့် ပိုက်ရက်စက်များကိုထိုင်းအ
လုပ်သများသက်သက်သာမောင်းနှင်သည်။ အလုပ်ကြီးကြပ်သူများက ပို နေသောစက်များကို မြန်မာအလုပ်
သမားများအားသီးသန့်မောင်းနှင်စေသည်။မြန်မာအလုပ်သမားများကမည်သို့  မှပြဿနာမပေါ်စေလိုသဖြင့်
အတတ်နိုင်ဆုံးသည်းခံပြီးလုပ်ကိုင်နေကြကြောင်း ဖုန်းကယ်မရာဖြင့် စဉ်ဆက်မပြတ်မှတ်တမ်းတင်လေ့
ရှိသည် ဓါတ်ပုံဆရာ ကိုသူရိန်ကပြောသည်။
နှစ်ပေါင်းများစွာလုပ်ငန်းရှင်ကိုယ်တိုင်ကိုးကွယ်ပူဇေါ်လာသည့် သစ်ပင်နှင့်နတ်ကွန်းမှာ မိုးမရွာလေမတိုက်ပဲ
လဲပြိုသွားသဖြင့် စက်ရုံပိုင်ရှင်သူဌေးမှာစိတ်ထိခိုက်နေကြောင်းလည်းအလုပ်သမားအချို့ ကပြောသည်။
ယနေ့ မွန်းလွဲ၃နာရီခန့် တွင် အလုပ်ရုံအခန်းအမှတ်(၃)တွင် မီတာပုံတစ်ခု ၀ါယာချော့ဖြစ်ပြီးပေါက်ကွဲမှုဖြစ်
ပွားခဲ့သော်လည်း အလုပ်သမားများထိခိုက်မှုမရှိခဲ့ကြောင်းသိရှိရသည်။ထိုင်းအလုပ်ကြီးကြပ်သူများက ထိုင်း
အယူအဆအရ ကံဆိုးနိုင်ကြောင်းပြောဆိုကြသည်။မြန်မာအလုပ်သမားများမှာ လုပ်ငန်းရှင်နှင့်သဘောတူ
ညီထားချက်များအား ဖေါက်ဖျက်မှုတစ်စုံတစ်ရာ မပြုလုပ်မိရန် အထူးဂရုစိုက်လုပ်ဆောင်နေကြသည်။မြန်
မာသံရုံးမှလာရောက်သည်ကိုအထူးကျေးဇူးတင်သော်လည်း၊မိုးထဲလေထဲအပြင်းအထန်ရင်ဆိုင်နေကြရစဉ်
လာရောက်ကူညီဖြေရှင်းပေးခြင်းမျိုးမဟုတ်ပဲ၊မြန်မာဗီဒီယိုဇါတ်ကားများမှာကဲ့သို့ ဇါတ်ကားပြီးလျှင်ရဲများ
ရောက်လာသည်နှင့်တူကြောင်း ဆန္ဒပြခေါင်းဆောင် ကိုယ်စားလှယ်များကပြောကြသည်။
**သတင်း ... ကိုကျော်သောင်း(ဘန်ကောက်)**

No comments:
Post a Comment