** ကိုယ်ဝန်ဆောင်များ ဆေးလိပ်သောက်ခြင်းကြောင့် ကလေးငယ် ကာယပိုင်းထိခိုက် **
ကိုယ်ဝန်ဆောင် မိခင်လောင်းများ ဆေးလိပ်သောက်ခြင်းသည် မွေးဖွားလာမည့် ကလေးငယ်၏ ကာယဆိုင်ရာ စွမ်းဆောင်မှုကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးပြောကြားလိုက်သည်။ ဗြိတိန်နှင့် ဆွီဒင်ရှိ သုတေသန ပညာရှင်များက အမျိုးသမီးများ ပဋိသန္ဓေ ဆောင်ချိန်တွင် ဆေးလိပ်သောက်ခြင်းကြောင့် သန္ဓေ သား၏ ကိုယ်လက်လှုပ်ရှားမှု စွမ်းရည်ကို ဆိုးကျိုးဖြင့် သက်ရောက်စေကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ အမျိုး သား ကလေးများ တိုးတက်မှု လေ့လာရေး စီမံကိန်းအရ (၁၉၅၉)ခုနှစ်၊ မတ်လက သီတင်းတစ် ပါတ်အတွင်း မွေးဖွားခဲ့သူ ကလေးငယ် (၁၃၀၀၀)၏ မှတ်တမ်းများကို စနစ်တကျ လေ့လာခဲ့သည်။ ယခုအခါ အသက်(၅၀) ကျော် အရွယ်ရှိနေသော ယင်းတို့၏ မိခင်များသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဆေးလိပ်သောက် သုံးခြင်း ရှိမရှိကို အခြေခံကာ အသက်(၁၁)နှစ်သား အရွယ်က ဖြတ်သန်းကြုံတွေ့ခဲ့ရသည့် ကိုယ်လက်ကြံ့ ခိုင်မှု အနေအထားကို မှတ်တမ်းပြုစုခဲ့သည်။ ဒေါက်တာ စကော့မောင့်ဂိုမာရီက ကိုယ်ဝန်ဆောင်ချိန်တွင် ဆေးလိပ်သောက်ခဲ့သည့် မိခင်များမှ မွေးဖွားသော ကလေးများသည် ခန္ဓာကိုယ်အား တုန့်ပြန်ထိန်းချုပ်ရာတွင် အားနည်းမှုများ တွေ့ကြုံရန် အခြေအနေ ပိုများကြောင်း ရှင်းပြခဲ့သည်။ “ဖော်ထုတ်တွေ့ရှိမှုတွေအရ ဒီသက် ရောက်မှုဟာ မိန်းကလေးတွေ ထက် ယောက်ျားလေးတွေမှာ ပိုပြီးသိသာနေပါတယ်”ဟု မောင့်ဂိုမာရီ ကဆိုသည်။ မောင့်ဂိုမာရီက ယင်းသို့ဖြစ် ရခြင်းမှာ ဆေးလိပ်တွင် ပါဝင်သော နစ်ကိုတင်းဓာတ်သည် ယောက်ျားလေးများ၏ အဖိုဟိုမုန်း Testosteroneကို ပိုမိုထိခိုက်စေခြင်းကြောင့် ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။ နစ်ကိုတင်းဓာတ်သည် သန္ဓေသား၏ ဦးနှောက် ဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေတတ်ကြောင်း သုတေသီများက သတိပေး ပြောဆိုထားသည်။
** 7 Day News ဂျာနယ်မှ ကူးယူဖော်ပြသည်။ **

** Public Health **

No comments:
Post a Comment