(ဘော့ဆာဆို၊ စက်တင်ဘာလ ၂၈-ရက်)
ဆိုမာလီနိုင်ငံခွဲထွက် ပန့်လင်းပြည်နယ်တရားရုံးတစ်ရုံးက ပင်လယ်ဓားပြဂိုဏ်းခေါင်းဆောင်တစ်ဦးကို သေဒဏ် ချမှတ်လိုက်ကြောင်း စက်တင်ဘာလ ၂၈-ရက်နေ့က အင်တာနက်သတင်းတွင် ဖော်ပြပါရှိသည်။ ပန့်လင်းပြည် နယ် ဘော့ဆာဆိုတရားရုံးတွင် ဇွန်လဆန်းက အမ်ဗီကျူအက်စ်အမ်ဒူဘိုင်းကုန်တင်သင်္ဘောကို ပင်လယ်ဓားပြ များက ပြန်ပေးဆွဲပါကစ္စတန်နိုင်ငံသား မာလိန်မှူး ဆာယစ်ဂျက်ဖာအား သတ်ဖြတ်မှုဖြင့် ပင်လယ်ဓားပြဂိုဏ်း ခေါင်းဆောင် ဆာလက်မိုဟာမက်အား တရားသူကြီးက သေဒဏ်စီရင်လိုက်ခြင်းဖြစ်သည်။ ထိုအမှုတွင် ပါဝင် ကျူးလွန်သူ ပင်လယ်ဓားပြခုနစ်ဦးကိုလည်း ထောင်ဒဏ် ၁၀-နှစ်မှ ၁၇ နှစ်အထိ ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်သည်။ အချို့ကို ဒဏ်ငွေရိုက်လိုက်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြသည်။ (အင်တာနက်)
** တောင်ပံခတ် ပထမဆုံး စက်မဲ့လေယာဥင်္ အောင်မြင်စွာ ပျံသန်း **
(အော့တ၀ါ၊ စက်တင်ဘာလ ၂၈-ရက်)
ကနေဒါကျောင်းသား တော့ရိတ်ချတ်က ပန်းချီဆရာကြီးနှင့် သိပ္ပံပညာရှင် လီယိုနာဒိုပါဗင်ချီ၏ ပန်းချီပုံကို မှီငြင်းကာ လူအင်အားဖြင့် တောင်ပံခတ်င၍ ပျံသည့် လေယာဉ်ဖြင့် ပထမဆုံးအကြိမ် အောင်မြင်စွာ ပျံနိုင်ခဲ့ကြောင်း အင်တာနက်သတင်း၌ဖော်ပြပါရှိသည်။ စနိုးဘတ်ဟု အမည်ပေးထားသည့် သူ၏ စက်မဲ့လေယာဉ်ကို ငှက်ကဲ့သို့ တောင်ပံခတ်ကာ လေထဲ၌ ၀ဲပျံပြသည်။ ကျောင်းသား ရိတ်ချတ်က အွန်တာရီယိုပြည်နယ် တိုတင်ဟမ်ရှိ ဂရိတ်လိပ်စက်မဲ့လေယာဉ်ကလပ်၌ သူ၏ လေယာဉ်ဖြင့် ၁၄၅ မီတာ ပျံဝဲပြသသည်။ သူ၏ စက်မဲ့လေယာဉ် ပျံသန်းမှုစံချိန်ကို အောက်တိုဘာလတွင် ပြုလုပ်မည့်နိုင်ငံတကာ လေကြောင်းပညာအဖွဲ့ချုပ်အစည်းအဝေးတွင် တင်ပြမည်ဟု ဆိုသည်။ (အင်တာနက်)
** အိန္ဒိယ၌ ကျင်းပမည့် ဓနသဟာယ အားကစားပြိုင်ပွဲသို့ ပြိုင်ပွဲဝင် အားကစားသမားများစတင်ရောက်ရှိ **
(နယူးဒေလီ၊ စက်တင်ဘာလ ၂၈-ရက်)
အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် ဓနသဟာယ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမား ရာပေါင်းများစွာတို့သည် ဖွင့်ပွဲမတိုင်မီ ခြောက်ရက်အလိုတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ အားကစားရွာသို့ စက်တင်ဘာလ ၂၇-ရက်နေ့က ရောက်ရှိလာကြသည်။ (အင်တာနက်)
** ဘီစီ ၁၀၀၀၀ ခန့်က သိမ်းငှက်ရုပ်ကြွင်း **
(ဟာမာ၊ စက်တင်ဘာလ ၂၈-ရက်)
ဆီးရီးယားနှင့် ပြင်သစ်ရှေးဟောင်းသုတေသနပညာရှင်များ ပူးတွဲလေ့လာရေးအဖွဲ့တစ်ဖွဲ့သည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း၌ မြေအောက်မှ ဘီစီ ၁၀၀၀၀ ခန့်က သိမ်းငှက်ရုပ်ကြွင်းတစ်ခုကို စက်တင်ဘာလ ၂၂-ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ကြသည်။ (အင်တာနက်)
** နှစ်တစ်သန်းကျော်က ကျောက်ဖြစ်ရုပ်ကြွင်းများ **
(ကယ်လီဖိုးနီးယား၊ စက်တင်ဘာလ ၂၈-ရက်)
လော့စ်အိန်ဂျလိစ် အရှေ့တောင်ပိုင်းတွင် ရှေးနှစ်ပေါင်းများစွာက တိရစ္ဆာန်ကျောက်ဖြစ်ရုပ်ကြွင်းများကို စက်တင်ဘာလ ၂၂-ရက်နေ့က တွေ့ရှိခဲ့သည်။ မြို့ပြအထွေထွေဝန်ဆောင်မှု ကုမ္ပဏီတစ်ခုသည် ထိုအရပ်ရှိ ချောက်ကြီးတစ်ခုအတွင်း ဓာတ်အားခွဲစက်ရုံတည်ဆောက်ရန်အတွက် ပြင်ဆင်လုပ်ကိုင်စဉ် ကျောက်ဖြစ်ရုပ်ကြွင်းများကို မထင်မှတ်ဘဲ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁ ဒသမ ၄ သန်းကျော်ရှိမည်ဟု ခန့်မှန်းကြောင်း၊ ယင်းကျောက်ဖြစ်ရုပ်ကြွင်းများသည် တောင်ပိုင်းကယ်လီဖိုးနီးယား၏ သမိုင်းကွင်းဆက်ကို ဖော်ပြပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မိုးမြင့်လင်းလက်)
** ပင်လယ်ဓားပြဂိုဏ်းခေါင်းဆောင် ဆိုမာလီ တရားရုံးက သေဒဏ်ချမှတ် **

No comments:
Post a Comment