စက်တင်ဘာလ ဆိုတာအမှတ်တရများစွာပြည့်နှက်လို့နေတဲ့လ တလဖြစ်ပါတယ်။
ဒီအချိန်မှာမှ မ.ဆ.လ.(ဦးနေ၀င်းရဲ့  မြန်မာ့ဆို၇ှယ်လစ်လမ်းစဉ်ပ်ါတီ) ကိုမှ အမှတ်ရနေရလား။
ဒီငတိတော့ ကြောင်သွားပြီလို့ အပြစ်မတင်ခင် ကျနော် ရှင်းပြပါရစေ။
အဖြစ်မှန် သတိရနေတာက ရှစ်လေးလုံးမျိုးဆက် သူရဲကောင်း တယောက်ကိုပါဗျာ။
ဒီလိုပါ . .
ကျနော်တို့ တပ်ရင်း(စောထစခန်း) မှာ မဆလ နှစ်ယောက်ရှိပါတယ်။
တယောက်က ကျောက်တံခါးက ရဲဘော်မြင့်ဆွေ၊ သူကိုတော့ တိုက်ပုံနဲ့ဘာနဲ့ ဆိုက်ဂိုက်က မဆလ ကောင်စီလူကြီးပုံ ပေါက်နေလို သူ့ကို မဆလကြီး လို့ခေါ်ပါတယ်။
နောက်တယောက်ကတော့ တောင်ငူက ဆောက်လုပ်ရေးအင်ဂျင်နီယာ ရဲဘော်ဆန်းလင်းပါ။
သူ့ ကိုတော့ မောင်ဆန်းလင်း ကိုအတိုကောက် မဆလ လို့ပြောင်ပြီးခေါ်ကြခြင်းဖြစ်ပါတယ်။
သူက ကချင်တိုင်းရင်းသားတယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူဘယ်တော့မှ ကချင်တမျိုး သားတည်းလွတ်မြောက်ရေး(တခုချင်းစီရဲ့အကျိုးစီပွား)ကို မကြွေးကြော်ဖူးပါဘူး။ တခုလုံးရဲ့ အ ကျိုးစီးပွား တမျိုးသားလုံးလွတ်မြောက်ရေးကို မဆုတ်မနစ် တိုက်ပွဲဝင်သွားခဲ့သူပါ။
သူဟာ တော်လှန်ရေးအပေါ် သစွုာရှိသူ။
သူဟာ ရဲဘော်များအပေါ် ညှာတာထောက်ထား အနစ်နာခံသူ။
သူဟာ အဆောင်အယောင်ကင်းမဲ့ပြီး အညတရ တော်လှန်ရေးသမားဘ၀ကိုခုံမင်သူ။
သူဟာ အမျိုးသားညီညွတ်ရေးကို လက်ကိုင်ထားသူ။
၂။ အမျိုးသားညီညွတ်ရေး . .
ဗိုလိချုပ်အောင်ဆန်းဟာ မြန်မာ့လွတ်လပ်ရေးဗိသုကာတဦးဖြစ်သလို။ ဒီမိုကရေစီနဲ့ အမျိုးသားညီညွတ်ရေး လမ်းပြရှေ့ဆောင် ခေါင်းဆောင်တဦးလည်းဖြစ်ပါတယ်။ သူ့အနေနဲ့ ဘယ်လိုနိုင်ငံရေးဝါဒမျိုးကို ကြိုက်နှစ်သက်ပါစေ။လူထုသဘောထားကို ဘယ်သောအခါမှဆန့် ကျင်လေ့မရှိပါ။ နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည်ပြည်သူလူထုထံမှဆင်းသက်ရမည်။ နိုင်ငံတော်အစိုးရသည် ပြည်သူလူထု၏ဆနွုနှင့်အညီ အုပ်ချုပ်ရမည် ဟူသောဒီမိုကရေစီ မဏွှိုင် ကိုဆုပ်ကိုင်ထားသြှူဖစ်သည် ။
၁၉၄၇ ခု၊ ဇနွုဝါရီလ(၂၇)ရက်နေ့တွင် အောင်ဆန်းအက်တလီ စာချုပ်လန်ဒန်ချုပ်ဆိုစဉ် တိုင်းရင်းသားလူမျိုးစုများ ပါဝင်နိုင်မည့်အရေးကို သဘောတူညီချက် အမှတ်(၆) တွင်ထည့် သွင်းချုပ်ဆိုခဲ့ပြီး တိုင်းရင်းသားလူမျိုးစုများ မြန်မာနိုင်ငံလွတ်လပ်ရေးတွင် မပါဝင်နိုင်မှာကို အ လွန်စိုးရိန်ခဲ့ကြောင်း သမိုင်းမှာအထင်အရှားရှိခဲ့ပါတယ်။ ထို့နောက် မြန်မာပြည်ပြန်ရောက် ရောက်ချင်း တိုင်းရင်းသားများနှင့်အတူတကွ ဥမကွဲသိုက်မပျက် လွတ်လပ်ရေးအသီးအပွင့် များကို သာတူညီမျှခံစားနိုင်ရေးအတွက် အပြင်းအထန် ကျိုးစားအားထုတ်ခဲ့ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီလမှာ ပင်လုံစာချုပ်ကြီးကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အောင်ဆန်းဝါဒ ဆိုတာ ဒီမိုကရေစီနဲ့ အမျိုးသားညီညွတ်ရေးဝါဒပင်ဖြစ်ပါတယ်။
NLD အနေနဲ့ အပစ်ရပ်အဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးရေးဆောင်ရွက်ချက်တွေကိုကြိုဆိုပါ တယ်။ ဒီလုပ်ငန်းစဉ်ဟာ ဟိုအရင်ကတည်းကလုပ်သင့်တဲ့အလုပ်ပါ။တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများအနေကလည်း အခုအချိန်မှာ ကိုယ့်အကျိုးစီးပွား၊သူ့အကျိုးစီး ပွားအပြန်အလှန် မှီတည်မှုတွေထက် တမျိုးသားလုံးရဲ့အရေးကိုဦးစားပေးဆောင်ရွက်ရမည့် အချိန်ကိုရောက်နေပါပြီ။
ကျနော်တို့ခေတ်မှာတော့ တော်လှန်ရေးတခုလုံးရဲ့အကျိုးစီးပွားကို အမြဲစဉ်းစားဆောင် ရွက်တတ်လေ့ရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များအနက် KNU က ဖဒိုမန်းရှာ(လုပ်ကြံခံရ)၊ RCSS က ဒုဗိုလ်ချုပ်ကြီးရွက်ဆစ် နှင့် NMSP က နိုင်ဟံသာ တို့ကိုတော့ ကျနော်လေးစားအားကိုးမိခဲ့ပါတယ်။ ဒီအချိန်မှာ တိုင်းရင်းသားအဖွဲ့အစည်းများ အားလုံးနဲ့ NLD ဟာအမျိုးသားညီညွတ်ရေးကို အခိုင်အမာတည်ဆောက်ပြီး လက်တွဲတိုက် ပွဲဝင်ရမည့်အချိန် ဖြစ်ပါတယ်။ အချိန်ကန့်သတ်ချက်ဟာသိတ်ကို တိုတောင်းလွန်းပါတယ်။ NLD ကိုတရားမ၀င် ဖျက်သိမ်းလိုက်သည့် ဗိုလ်သန်းရွှေရဲ့ နောက်ဆုံးထိုးချက်ကို တန်ပြန်ဘို့ တခုတည်းသောအလုပ်က NLD ကိုဝန်းရံ လက်တွဲသွားဘို့ပါ။ ဒါမှ CRPP ဆုပ်ကိုင်ထားတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလာဒ် လူထုအာဏာကို ဆက်လက်သယ်ဆောင်တိုက်ပွဲဝင်သွားနိုင်ကြ မှာဖြစ်ပါတယ်။
၃။ သူဘယ်သူလဲ . .
အလယ်တန်းပြဆရာ ဦးမင်းဝေ နဲ့ အလယ်တန်းပြဆရာမ ဒေါ်ဘောက်ခွန်တို့ရဲ့ဒုတိယ မြောက်သား ကိုဆန်းလင်းကို ၁၉၆၃ ဒီဇင်ဘာလ(၃)ရက်နေ့မှာ ရှမ်းပြည်မြောက်ပိုင်း ကွပ်ခိုင် မြို့ မှာမွေးဖွားခဲ့ပါတယ်။ လာရှိုးမြို့မှာ ၁၀တန်းအောင်ခဲ့ပြီး၊ ၁၉၈၃ မနလေး GTI နောက်ဆုံး နှစ်က ကျောင်းရှေ့မှာ ရဲနဲ့ကျောင်း သားတွေ ရန်ပွဲကတဆင့်ရုန်းရင်းဆန်ခတ်ဖြစ်တော့ သူကကျောင်းသားတွေကိုဦးဆောင်ခဲ့လို့ ကျောင်းတနှစ်ထုတ်ခံရပါတယ်။ ဒါကြောင့် ၁၉၈၄ မှာမှ Civil Engineer ဘွဲ့ကိုရခဲ့ပါတယ်။ အဲ့ဒီ့နောက် တောင်ငူမြို့မှာ ဆောက်လုပ်ရေး အင်ဂျင်နီယာအငယ်တန်းအရာရှိ အဖြစ်လုပ်ကိုင်ရင်း မိဘနဲ့ ညီငယ်ညီမငယ်တွေကို တာဝန် ယူလုပ်ကျွေးနေခဲ့တဲ့အကိုကြီးယောက်ဖြစ်ပါတယ်။ သူ့မိသားစုအကြောင်းပြောတိုင်း သူဟာ ညီအကိုမောင်နှမတွေအပေါ် ငဲ့ညာဦီးစားပေးတတ်သူ တယောက်ဖြစ်ကြောင်း ပေါ်လွင်နေခဲ့ ပါတယ်။
ရှစ်လေးလုံအရေးအခင်းမှာ တောင်ငူရွှေဆံတော်သပိတ်စခန်း အမာခံခေါင်းဆောင်တ ဦးအနေနဲ့ တက်တက်ကြွကြွလှုပ်ရှားခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲဆင်နွဲရန် KNU နယ်မြေစောထစခန်းသို့ရောက်ရှိခဲ့ပါတယ်။ ပထမအကြိမ် မ.က.ဒ.တ ညီလာခံမှစပြီး အရေးပေါ်ညီလာခ၊ံ ဒုတိယအကြိမ်ညီလာခ၊ံ သက်တမ်းများတွင် ဗဟိုကော်မတီအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ရဲဘော်ဆန်းလင်းဟာ ပြည်တွင်းစည်းရုံး ရေး မြေအောက်လှုပ်ရှားမှု လုပ်ငန်းတွေကို ပိုအားသန်စိတ်ဝင်စားစွာ ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၉ ခုစပြီး အလယ်ပိုင်းဒေအရှေ့ခြမ်းစိုးမိုးရေးအော်ပရေးရှင်းမှာ ကျနော်က ညောင်လေး ပင်ခရိုင် တပ်မဟာ(၃) နယ်မြေ ကျောက်တခါး၊ဖြူး၊ကျောက်ကြီး မြို့နယ်များကိုတာဝန်ယူပြီး၊ ရဲဘော် ဆန်းလင်းက တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေ ထန်းတပင်၊ အုပ်တွင်း၊ တောင်ငူ၊ ရေတာရှည် မြို့နယ်များကိုတာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။
၎။ တခါတုန်းက စက်တင်ဘာ . .
၁၉၈၉ ခု၊ စက်တင်ဘာလ(၅)ရက်နေ့မှာ မယ်နာပလောဌာနချုပ်ကို စစ်အုပ်စုရဲ့တိုက် လေယာဉ်တွေဗုံ်းကျဲတိုက်ခိုက်လာပါတယ်။ ကျနော်တို့သူပုန်ဖြစ်ပြီးမှ ပထမဆုံး အကြိမ်လေ ကြောင်းမှ တိုက်ခိုက်ခံရခြင်းဖြစ်ပါတယ်။ အဲဒိပွဲမှာ ကျောင်းသားထဲက ကျနော်က ဘယ်ဘက် ပေါင်မှာ ဒါဏ်ရာရပြီး။ ကျနော်တို့တပ်ရင်းက ရဲဘော်ဇော်ဝင်းအောင်က ညာဘက်ပုခုံးမှာဒါဏ် ရာရခဲ့ပါတယ်။ ကျဲတဲ့ဗုံးက လိပ်စာနဲ့လာတာ ကျနော်နဲ့ ဇော်ဝင်းအောင် နေရာယူတဲ့အနားကို ဗုံးလာကျတာပါ။ NLD(LA) က ဦးအေးသန်းကတော့ ဖဒိုဘသင်အိမ်ရှေ့ လှေဆိပ်နားမှာ ဒါဏ်ရာရခဲ့ပါတယ်။
ဇော်ဝင်းအောင်ကိုတော့ ကိုယ်ထဲမှာ ဗုံးစကျန်နိုင်တယ်ထင်လို့ မဲဆောက်ဆေးရုံကိုပို့ လိုက်ပါတယ်။ ကျနော်က KNU ထူးဝါးလူဆေးရုံမှာပဲ ဆေးကုပါတယ်။ နောက်နေ့ကျတော့ ကျနော်တို့ဇာတ်လိုက်ကျော်ကြီး ဒေါက်တာမင်းသိမ်း ရောက်လာပါတယ်။ လက်ထဲမှာမုန့်ထုပ်နဲ့ ကျနော်အတွက် ၀ယ်လာတယ်ထင်တာ သူဘဲစားပစ်လိုက်ပါတယ်၊ ဒီနောက့် ကျနော့် ဒါဏ်ရာကို သူတချက်လှန်ကြည့်လိုက်ပြီး ကျနော့်ကို မျက်စိ တဘက်မှိတ်ပြပါတယ်ြပီးတော့၊
"ကဲကျောင်းဆရာတပ်ရင်းကိုပြန်လိုက်ခဲ့ တပ်ရင်းမှာဘဲကျုပ်ကုပေးမယ် "
(တပ်ရင်းကရဲဘော်တချို့နဲ့ဒေါက်တာမင်းသိမ်းကကျနော်ကိုကျောင်းဆရာ ဟုခေါ်ပါတယ်)
"ဘာဖြစ်လို့ဆရာရဲ့ " ကျနော်ကနားမလည်စွာပြန်မေးတော့၊သူကတိုက်ရိုက်ပြန်မဖြေဘဲ။
"ရဲဘော်ဆန်လင်းလဲ မယ်နယ်ပလောမှာ အဖျားတက်နေတယ်"
"အဲဒါ သူလဲတပ်ရင်းပြန်လိုက်မလို့တဲ့"
ကျနော်က အင်း သူငါ့ကိုမျက်စိမှိတ်ပြတဲ့ဟာ အကြောင်း တခုခုတော့ရှိရမယ်ဟုတွက်ဆကာ၊
"ကဲဒါဆို ကျနော်ဆေးရုံဆင်းဘို့ အကြောင်းကြား လက်မှတ်ထိုးပြီး ရင်လစ်ကြတာပေါ့"
မယ်နယ်ပလောတွင် ဆန်းလင်းကိုဝင်ခေါ်ကာ ကျနော်တို့ တပ်ရင်းရှိရာသံလွင်မြစ် ကမ်းဘေးက မယ်ပေါ်မူထသို့ ပြန်လာခဲ့လေသည်။ လှေပေါ်တွင် ကျနော်ကိုတပ်ရင်းပြန်ခေါ် လာရခြင်း အကြောင်းကိုကျနော်အတင်းမေးတာ သူမဖြေပါ။
တပ်ရင်းရောက်တော့ ကျနော်တို့ဆေးရုံဘားကိုတန်းသွားကြသည်။ ဆန်းလင်းကတော့ တလမ်းလုံးအဖျားတက်ကာ တဟင်းဟင်းညီးလာပါတယ်။ ဆေးရုံဘားပေါ် ရောက်ရောက် ခြင်း ဒေါက်တာမင်းသိမ်းက သူကိုယ်တိုင်ကျနော့်ဒါဏ်ရာကို ဆေးကျောပြီး ထူဝါးလူဆေးရုံက နာ့စ်မလေးချုပ်ပေးလိုက်တဲ့ ချုပ်ရိုးတွေကို တချောင်းစီပြန်ဆွဲထုတ်ပြီး ဒါဏ်ရာကို ပလာစတာ နဲ့ဆွဲကပ်လိုက်ပါတယ်။ ပြီးမှသူကကျနော်ကို . .
" ခင်ဗျားဒါဏ်ရာကို သူတို့ချုပ်ထားတာ ဒရွဲ့ကြီးကျောင်းဆရာရဲ့ "
ဟုပြောကာ ဒါဏ်ရာ အကွဲကြောင်း တ၀ိုက်ကိုလက်ဖြင့် ဖိကာ အတော်ကြာစမ်းသပ်ပြီးမှ
"အထဲမှာ အစမကျန်ပါဘူး"
"ဒီအနာကျက်ရင်ကောင်းသွားမှာပါ"
ဟုဆိုလေသည်။ ဒီတော့မှ ထူးဝါးလူမှာ ကျနော်ကိုမျက်စိမှိတ်ပြပြီး တပ်ရင်းကိုပြန်ခေါ်လာရ ခြင်းအကြောင်းကိုနားလည်ရပါတော့တယ်။ ကျနော် ဒါဏ်ရာက စိုးရိန်စရာမလိုကြောင်း ဒေါက်တာမင်းသိမ်းရဲ့ ဆုံးဖြတ်ချက်ကိုကြားရပြီးနောက် ကျနော့်ဘေးမှာတချိန်လုံး တဟင်း ဟင်းညီးနေတဲ့ မောင်ဆန်းလင်းက၊
"ဆရာကျနော်ကိုလည်းလုပ်ပါအုံး ကျနော်အခြေအနေတော်တော်ဆိုးနေပြီ"
ဟုဆိုလေသည်။ ဒီတော့မှ ဒေါက်တာမင်းသိမ်းက သူ့ကိုသေချာစမ်းသပ်ပြီး ဆေးမှူး ကိုသက်ကို ကွီနင်းနဲ့ဒရစ် အွန်ပေးရန်ပြောလိုက်လေသည်။
နောက်နှစ်ရက်လောက်မှာ ကျနော့်ဒါဏ်ရာလည်းသက်သာလာသလို ဆန်းလင်းလည်း အဖျား မတက်သလောက်ဖြစ်လာပါတယ်။
၅။ စက်တင်ဘာ . . မိုးရေ . .
ဇာတ်လမ်းက အခုမှ စ မှာပါ . .
မောင်ဆန်းလင်းတယောက် ထူထူထောင်ထောင်ဖြစ်လာပြီး နောက်သုံးရက်လောက်အကြာ တညနေခင်းမှာ၊ သံလွင်မြစ်ရေစိမ်ပြေနပြေချိုးပြီး ညဘက်မှာ အဖျားပြန်တက်ပါတော့တယ်။ ထုံစံအတိုင်း တညလုံးအဖျားတက်၊ လင်းအားကြီးလောက် အိပ်ပျော်သွားပြီး၊ ၁၁ နာရီ လောက်မှာ မနက်စာ စားပြီးတာနဲ့ နေ့ခင်းဘက်မှာ အဖျားတခေါက်ပြန်တက်လာပါတယ်။ ဒီတခါ ကျနော်နဲ့ဒေါက်တာမင်းသိမ်းကို သူ့အနားနေစေဘို့ သူကတောင်းဆိုပါတယ်။ အပူ အနည်းငယ်တက်နေတာမို့ ကျနော်တို့သူအနားမှာဘဲ နေကြပါတယ်။ ဒီတခါတော့ မောင်ဆန်းလင်းတယောက် တဟီးဟီးညီးရင်းက ကျနော့်ကိုမှာတမ်းတွေစချွေပါတော့တယ်၊
"ငါတော့ဒီတခါ သွားပြီထင်တယ် သူငယ်ချင်း" ဟုဆိုကာကျနော့်ကို .
"မင်းတို့ ဒီတော်လှန်ရေးကြီးကိုအပြီးသတ်ဆုံးခန်းတိုင်တဲ့အထိဆက်လုပ်သွားဘို့
ငါ့ကိုကတိပေးကြပါကွာ"
ဟုတုန်တုန်ရင်ရင်ပြောလေသည်။ ဒါက သူအဖျားတက်ရင် တောင်းနေကြကတိ၊ချွေနေကျမှာ တမ်း ဒါကြောင့် ဒေါက်တာမင်းသိမ်းတယောက် လစ်ပြေးဘို့ ဘားတိုက်ပေါ်က ဖင်တလျှော ဆင်း လေသော်၊ မောင်ဆန်းလင်းက ကျနော်ဘက်လှည့်ကာ . .
"သယ်ဂျင်းရေဆရာတော့ ငါ့ကိုလက်လျော့လိုက်ပြီထင်တယ်"
ဆိုတော့မှ ဒေါက်တာမင်းသိမ်းတယောက် ထိုင်ရမလိုထရမလိုနေဖြစ်နေရာက . .
"ကိုယ်ဘယ်မှမသွားပါဘူး ကဲဘာလိုလဲပြော"
ဟုဆိုလေရာ၊ မောင်ဆန်းလင်းကကျနော်ကိုလက်ညှိုးထိုးကာ . .
"ကျနော်ဒီကောင့်ကိုမှာစရာတွေကျန်သေးတယ်ဆရာ၊ဒါကြောင့်ကျနော့်ကို
ဆော်လူကောတက် (အသက်ကယ်ဆေး)ထိုးပေးပါ"
"အာ ဆော်လူကော့တက်ထိုးရလောက်အောင် ခင်ဗျားဘာမှ မဖြစ်ဘဲ"
ဟု ဒေါက်တာမင်းသိမ်းက ခမ်အေးအေးပြန်ပြောကာ သူဖတ်လက်စ စာအုပ်ကိုဆက်ဖတ်နေ၏
(ဒေါက်တာမင်းသိမ်းသည် သူ့လက်ထဲတွင် ဖတ်စရာ စာအုပ်တအုပ် နှင့် စားစရာ သရေစာမုန့် တခုခုတော့အမြဲရှိနေပါတယ်၊ ရဲဘော်တွေကသူ့အတွက် ဟင်းကောင်းကလေးများတကူးတက ချန်ထားလျင်သူမကြိုက်၊ သူကအခွင်ထူးခံမဟုတ် ရဲဘော်များနဲ့တသားတည်း တော်လှန်ရေး သမားအစစ်ဟု သူဆိုလေ့ရှိပါတယ်။ ဟင်းကောင်းထမင်းကောင်းကိုလည်းသူမခုံမင်ပါ။ သူဝါ သနာအပါဆုံးအလုပ်မှာ စာအုပ်ဖတ်ခြင်းနှင့် သရေစာမုန့် စားခြင်းပင်ဖြစ်လိမ့်မည်။)
"မဟုတ်ဘူးဆရာ ကျနော့်ကိုယ် ကျနော်သိတယ် ဒီတခါကျနော်မရတော့ဘူး"
"အာ ကဲကဲဒါဆိုလဲခဏတော့စောင့် တော်နေကြာကျုပ်ကိုတိုင်ထိုးပေးမယ်"
ဟုနှစ်သိမ့်၏ အကြောင်းသိမို့ စိတ်ပြောင်းသွားစေရန် ဆိုင်းငံထားခြင်းဖြစ်ကြောင်းနားလည်မိ၏ သို့သော် ရဲဘော်ဆန်းလင်းကား ဇွတ်သမားပေကိုး။
" ဆရာရယ် ထိုးမှာသာမြန်မြန် ထိုးပေးပါ ကျနော်ကိုယ် ကျနော်သိပါတယ် "
" ကဲကဲ ပြောမရရင်လဲ ထိုးပေးရတာပေါ့ "
" ကိုဇော်ရေ ဆော်လူကော့တက် ယူပေးပါ" ဟု သူ့ဆေးမှူးရီဇော်အား လှမ်းပြောလိုက်ရာ
" ကျနော် ထိုးပေးလိုက်ရမလားဆရာ "
" နေနေ ဒီမောင့်ကို ကိုယ် ကိုယ်တိုင်ပဲထိုးပေးပါ့မယ် " ဆိုကာကျနော့်ကိုမျက်စိမှိတ်ပြ၏။
ကျနော်စိတ်က အင်းဒေါက်တာမင်းသိန်းတယောက် ဘာများလုပ်မလို့ပါလိမ့်။
ထို့နောက် ဆန်းလင်းမျက်စိရှေ့ မြင်မြင်ထင်ထင်မှာ မိုးရေပုလင်းကိုခေါင်းဖြတ်လိုက်ပြီး တခါသုံးအပ်ဖြင့် စုတ်ယူလိုက်ကာ ဆော်လူကော့တက်အမှုံ့ ပုလင်းထဲသို့ထိုး ဟန်ပြုလိုက်ပြီး ထိုဆော်လူကော့တက်ပုလင်းအားကျနော်လက်ထဲအသာထည့်ပေးလိုက်ပါတယ်။ပြီးတော့ . .
" ကဲ ကိုယ့်ဆရာ ဟိုဘက်ကိုမှောက်လိုက် ဆေးထိုးပေးမယ် "
ကျနော်လက်ထဲကဆေးပုလင်းလေးကိုအသာထောင်ကြည့်လိုက်တော့မှ . . .
အော် တကယ်တော့ စက်တင်ဘာ မိုးစက်တွေကြားမှာ မောင်ဆန်းလင်း(မဆလ) ကို မိုးရေ ထိုးပေးလိုက်တာပါကလား။
လူ့တို့၏ စိတ်အယူသီးမှုသည်ကား အလွန်တရာမှ ဆန်းကျယ်လေ၏်၊ မိနစ်(၂၀)လောက်သာ ကြာမယ် ထင်ပါတယ်၊
"ဆရာက ကျနော့်ကိုသက်သက်ဒုကွု ပေးထားတာ စောစောကတည်းထိုးပေး
လိုက်ရင်ရသားနဲ့ "
ဟုဆိုကာ ငုတ်တုတ်ထထိုင်လေသည်။ ချိတ်ထားတဲ့ ဒရစ်အကုန်ု နောက်နာရီဝက်လောက် အကြာမှာ စာဖိုမှာစားစရာသွားရှာ ပါလေတော့သည်။
အော် မိုးရေ ထိုးပေးလိုက်တာ ယူပစ်သလိုအဖျားပျောက်သွားသည့် လူနာပါကလား။
၇။ ကျဆုံးရသူ …သူရဲကောင်းများကိုအလေးပြုပါ၏ . .
ပြည်တွင်းမြေအောက်အလုပ်အဖွဲများဖွဲ့စည်းမှုပိုမိုကျစ်လစ်ခိုင်မာရေးနှင့် ပြည်တွင်း မြေအောက်လှုပ်ရှားမှုများပိုမို အချိတ်အဆက်မိလာစေဘို့ သူကိုယ်တိုင် မြိုနှင့် အနီးကပ်ဆံုး နေရာများတွင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဆောင်ရွက်မှုများကို စွန့်စွန့်စားစား အနစ်နာခံ ဆောင်ရွက်နေစဉ် ၊ ၁၉၉၃ ဒီဇင်ဘာလထဲမှာ ရေနီအရှေ့ဘက် ဆိတ်ဖူးကုန်းရွာမှာ ရန်သူတပ်မှ ရဲဘော်ဆန်းလင်းကိုဖမ်းမိသွားခဲ့ပါတယ်။ ရေနီ လေ့ကျင့်ရေး(၅)မှာ ခဏချုပ် ထားပြီး တောင်ငူ ထောက်လှမ်းရေး(၃)ကို လွှဲပေးလိုက်ပါတယ်။
ရဲဘော်ဆန်းလင်းဟာအင်မတန်မှ ခံယူချက်ပြင်းထန်တဲ့ တော်လှန်းရေးသူရဲကောင်းတ ယောက်ပါ ဒါကြောင့်စစ်ကြောရေးက ဘာတွေမေးမေး ဘယ်လိုနှိပ်စက်နှိပ်ပါစေ၊ အသက် အသေခံပြီး အားလုံးအပေါ် သစွုာရှိရှိ ရပ်တည်သွားခဲ့ပါတယ်။ ဒါကြောင့် တော်လှန်ရေးအင် အားစုလက်နက်ကိုင်အဖွဲ့အစည်းများ၏လုံခြုံရေး၊ ပြည်တွင်းယူဂျီ ရဲဘော်များ၏လုံခြုံရေးနဲ့ ပြည်တွင်းအလုပ်အဖွဲ့များဆက်လက်ရှင်သန်ရေးကို သူ့အသက်နဲ့ လဲကာ ပေးဆပ်ကာ ကွယ်သွားခဲ့ပါတယ်။ ရဲဘော်ဆန်းလင်းကို ဘာမေးမေးမဖြေတဲ့ အဆုံးစစ်ခွေးတွေကဥပဒေမဲ့ အပြီးစီရင်လိုက်ခြင်းဖြစ်ပါတယ်။
ဒေါက်တာမင်းသိန်းဟာဆရာဝန်တယောက်ဖြစ်သော်လည်းပဲနောက်တန်းမှာဆေးထိုင်ကုနေတာရတာထက်စာရင် ရဲဘော်တွေနဲ့တသားထည်းရှေတန်းထွက်ကာ တိုက်ပွဲတွေကြားမှာ လူထုကြားမှာ ဆေးကုပေးရင်း တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်နေတတ်သူပါ။ ၁၉၉၁ ခုနှစ်မှာ ဒီအေဘီစစ်ကြောင်း(၁၂) နဲ့အတူ မုတ်ပလင်တိုက်ပွဲမှာ သူရဲ့မျက်မှန်ကျ ပြောက်ကာ ရန်သူအဖမ်းခံလိုက်ရပြီး၊ ရန်ကုန်သို့ခေါ်ဆောင်သွားကာ သူ့ကိုဆေးထိုးပြီး သတ်ပစ်လိုက်ကြောင်းသိရှိရပါတယ်။
အော် အမှတ်တရတွေ ရင်မှာအပြည့်နဲ့ စက်တင်ဘာမျက်ရည်တွေကြားမှာ . .
စက်တင်ဘာမိုးရေစက်တွေကို တိုင်တည်လျှက် . .
ညာလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိလေသည်။
ရှစ်လေးလံုးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ . .
**မောင်မောင်စိုး**
၁-၂၆၀-၄၂၆ ၄၁၂၁
စက်တင်ဘာလ(၃၀)ရက်၊၂၀၁၀။
(ကျဆုံးသွားကြကုန်သောအာဇာနည်သူရဲကောင်းအပေါင်း၏သွေးသစွုာကို စောင့်သိကြပါစေ။)
၁။ ရှင်းလင်းချက် . .

No comments:
Post a Comment