မန်ချက်စတာ ယူနိုက်တက်၏ ကွင်းလယ်ကစားသမား ဒါရင်ဖလက်ချာက အိုဝင်ဟားဂရေ့ဗ် ပြန်လည် ကစားနိုင်တော့မည်ဆိုသော သတင်းများအား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်သည်။ အသက်(၂၉)နှစ်အရွယ် အင်္ဂလန် ကွင်းလယ်လူ ဟားဂရေ့ဗ်သည် နှစ်နှင့်ချီ ကြာမြင့်အောင် ဒုက္ခပေးနေသည့် ဒူးဒဏ်ရာကို နွေရာသီက ခွဲစိတ်ခဲ့ပြီး ယခုအခါ ယူနိုက်တက် ပထမအသင်းတွင် ပါဝင်လာတော့မည်ဖြစ်သည်။
** ချယ်ရီကိုးလ်၏ စာအုပ်လက်မှတ်ရေးထိုး ရောင်းချရာတွင် လုံခြုံရေးတိုးမြှင့်ခဲ့ရ **
ချယ်ရီကိုးလ်သည် သူမ၏ ကိုယ်တိုင်ရေး အထုပ္ပတ္တိ စာအုပ်ကို ထုတ်ဝေခဲ့ပြီး အမှတ်တရ လက်မှတ်ရေးထိုးပေးရာတွင် လုံခြုံရေး အင်အားကို တိုးမြှင့်ခဲ့ရကြောင်း သိရသည်။ Fight for this love စတား အဆိုတော်မလေးသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက လီယွန်နာလီးဝစ် တိုက်ခိုက်ခြင်း ခံရမှုမျိုး ကြုံရမည်ကို စိုးရိမ်သဖြင့် သူမ၏ သက်တော်စောင့် အဖွဲ့က အမှတ်တရ လက်မှတ်ရေးထိုးပွဲတွင် လုံခြုံရေး အထူးကြပ်မတ်ခဲ့ခြင်းဖြစ်သည်။ အသက်(၂၇)နှစ်အရွယ် အဆိုတော်မလေးသည် လန်ဒန်ရှိ
Waterstoneတွင် လက်မှတ်ရေးထိုးပေးခဲ့ခြင်းဖြစ်သည်။ သူမသည် X Factorအစီအစဉ်တွင် ဒိုင်အဖြစ် တွဲဖက်တာဝန်ယူနေသည့် ဒင်နီမိုင်းနော့ဂ်ထက် အသာရခဲ့သည်။ ဒင်နီနှင့် ချယ်ရီတို့သည် ကိုယ်ရေးစာအုပ်များကို ပြီးခဲ့သည့် သီတင်းပါတ်က တစ်ရက်တည်း အပြိုင်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
** မူးယစ်ဆေးထိုးနေသည့် လင်ဆေးလိုဟန်၏ ဓာတ်ပုံများ ထွက်ပေါ်လာ **
လင်းဆေးလိုဟန်၏ မူးယစ်ဆေးဝါး ထိုးသွင်းနေသော ဓာတ်ပုံများ ထွက်ပေါ်လာကြောင်း သိရသည်။ မကြာသေးမီက မူးယစ်ဆေးဝါး သုံးစွဲမှု ရှိမရှိ စစ်ဆေးရာတွင် ဆေးကျခဲ့သဖြင့် ပြန်လည်ထူထောင်ရေး စခန်းသို့ သွားရောက်ရမည့် အမေရိကန် အဆိုတော် မင်းသမီးလေးသည် သူမ၏ ဘယ်ဖက်လက်မောင်းသို့ ဟီးရိုးအင်း ထိုးသွင်းနေသည့် ဓာတ်ပုံများ ထွက်ပေါ်လာခြင်းဖြစ်သည်။ အခြားဓာတ်ပုံ တစ်ပုံတွင် လင်းဆေးသည် ဟောလီးဝုဒ် အကျော်အမော် တစ်ဦးဖြစ်ပြီး ပါတီပွဲပျော် ပဲရစ်ဟီလ်တန်နှင့် မိန်းကလေးချင်း မသင့်မလျော် ပြုမူနေသည်ကို ရိုက်ကူးထားသည်။
** 7 Day News ဂျာနယ်မှ ကူးယူဖော်ပြသည်။ **
** အိုဝင်ဟားဂရေ့ဗ် ပြန်ကစားနိုင်တော့မည် သတင်းအား ဖလက်ချာကြိုဆို **

No comments:
Post a Comment