(၁)
တောက်…
(၇၂) ယောက်မြောက်
နိုင်ငံရေးအကျဉ်းသားတယောက် ကျဆုံးရပြန်ပြီ။
(၂)
မဆလ ၂၆ နှစ်မှာ ၁၀ နှစ်
သင်းတို့ ၁၄ နှစ်မှာ ၁၃ နှစ်ခွဲ
စစ်ဝါဒီတွေက
ဒီမျှ…
ကြောက်လန့်ခဲ့ရသူ။
သူဟာ စစ် ၃ စစ်ကို
မတော်တဆ ဆန့်ကျင်နေတာမဟုတ်။
ရှစ်လေးလုံး ဟုန်းဟုန်းတောက်ကာမှ
ကောက်ကာငင်ကာ ရန်သူရှာတွေ့သွားတာမဟုတ်။
သမိုင်းရေးအမြင်မှာ
မိကောင်းဖခင်ရှိခဲ့သူဖြစ်တယ်။
ခွင့်လွတ်ခဲ့ခြင်းကိစ္စမှာ
လက်ပန်းပေါင်းခတ် မပြခဲ့ဘူး။
သူ `သေရဲတယ်´ဆိုတာ
ပင်လယ်ပြာကြီး လက်တွေ့သိပါတယ်။
(၃)
ဆရာ လေထီးဗိုလ်အုန်းမောင်
ဆရာ ဗန်းမော်တင်အောင်
ဆရာ မြသန်းတင့်
ဆရာ ဦးစိန်ဝင်း (သုံးခွ)
ဆရာ မြင်းခြံလေးမောင်
စသည်… တို့ရဲ့
ကျွန်းဖော် ရဲဘော်တယောက်
သူတို့နောက်ကို သူတို့လို လိုက်သွားပြီ။
** ထက်မိုး **
(၂၁ စက်တင်ဘာလ ၂၀၀၂၊ ရဲဘော်ကြီး ဦးအောင်မေသု… သို့)
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
(၁)
တောက်…
(၇၂) ယောက်မြောက်
နိုင်ငံရေးအကျဉ်းသားတယောက် ကျဆုံးရပြန်ပြီ။
(၂)
မဆလ ၂၆ နှစ်မှာ ၁၀ နှစ်
သင်းတို့ ၁၄ နှစ်မှာ ၁၃ နှစ်ခွဲ
စစ်ဝါဒီတွေက
ဒီမျှ…
ကြောက်လန့်ခဲ့ရသူ။
သူဟာ စစ် ၃ စစ်ကို
မတော်တဆ ဆန့်ကျင်နေတာမဟုတ်။
ရှစ်လေးလုံး ဟုန်းဟုန်းတောက်ကာမှ
ကောက်ကာငင်ကာ ရန်သူရှာတွေ့သွားတာမဟုတ်။
သမိုင်းရေးအမြင်မှာ
မိကောင်းဖခင်ရှိခဲ့သူဖြစ်တယ်။
ခွင့်လွတ်ခဲ့ခြင်းကိစ္စမှာ
လက်ပန်းပေါင်းခတ် မပြခဲ့ဘူး။
သူ `သေရဲတယ်´ဆိုတာ
ပင်လယ်ပြာကြီး လက်တွေ့သိပါတယ်။
(၃)
ဆရာ လေထီးဗိုလ်အုန်းမောင်
ဆရာ ဗန်းမော်တင်အောင်
ဆရာ မြသန်းတင့်
ဆရာ ဦးစိန်ဝင်း (သုံးခွ)
ဆရာ မြင်းခြံလေးမောင်
စသည်… တို့ရဲ့
ကျွန်းဖော် ရဲဘော်တယောက်
သူတို့နောက်ကို သူတို့လို လိုက်သွားပြီ။
** ထက်မိုး **
(၂၁ စက်တင်ဘာလ ၂၀၀၂၊ ရဲဘော်ကြီး ဦးအောင်မေသု… သို့)
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)


No comments:
Post a Comment