(မက်ဒရစ်၊ စက်တင်ဘာလ ၂၀-ရက်)
ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီသည် ဘာစီလိုနာအသင်းနှင့် အက်စလက်တီကို မက်ဒရစ်တို့ စပိန်လာလီဂါ ပွဲအဖြစ် စက်တင်ဘာလ ၁၉-ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာတွင် ခြေမျက်စိ အနာတရဖြစ်သွား၍ အနည်းဆုံး နှစ်ပတ်ကြာ အနားယူရဖွယ်ရှိသည်။ (အင်တာနက်)
** သြစတြီးယားတင်းနစ်မယ် ဆုကြေးငွေ ဒေါ်လာ ၂၂၀၀၀၀ ရရှိ **
(ကွီဘက်စီးတီး၊ စက်တင်ဘာလ ၂၀-ရက်)
သြစတြီးယား တင်းနစ်မယ် တာမီရာပက်ဇက်ခ်သည် သြစတြီးယားနိုင်ငံ ကွီဘက်စီးတီး၌ ယှဉ်ပြိုင်ကစားသည် ဘဲလ်ချဲယ်လင်း တင်းနစ်ပြိုင်ပွဲတွင် အမေရိကန်မှ ဘက်သနင်းမာသက်ဆန်းကို အနိုင်ရပြီး ဒုတိယအကြိမ် မြောက် ဒဗလျူတီအေဖလား ဆွတ်ခူးနိုင်ခဲ့သည်။ ပက်ဇက်ခ်သည် ယင်းပြိုင်ပွဲတွင် အနိုင်ရလိုက်သဖြင့် ဆုကြေး ငွေ အမေရိကန်ဒေါ်လာ ၂၂၀၀၀၀ ဆွတ်ခူးရရှိသွားသည်။ (အင်တာနက်)
** မန်စီးတီးဂိုးသမား ရှေးဂစ်ဗင်းအသင်းမှ ထွက်ခွာနိုင်ဟုဆို **
(လန်ဒန်၊ စက်တင်ဘာလ ၂၀-ရက်)
မန်စီးတီးဂိုးသမား ရှေးဂစ်ဗင်းအား ဇန်န၀ါရီလ အပြောင်းအရွှေ့ ရာသီတွင်းအသင်းမှ ထွက်ခွာခွင့်ပေးမည်ဖြစ်ကြောင်း နည်းပြ မန်စီနီက ပြောကြားလိုက်သည်။ မန်စီးတီး နံပါတ်တစ် ဂိုးသမားရှေးဂစ်ဗင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ဂျိုးဟတ်လက်စွမ်းပြ ကစားလာ၍ ပုံမှန်ကစားခွင့်မရဘဲ ဖြစ်နေသည်။ (အင်တာနက်)
** ဒေးဗစ်ဖလား တင်းနစ်ဗိုလ်လုပွဲ ဆားဘီးယားနှင့် ပြင်သစ်ကစားမည် **
(ဘဲဂရိတ်၊ စက်တင်ဘာလ ၂၀-ရက်)
ဆားဘီးယား အမျိုးသား တင်းနစ်အသင်းသည် ချက်အမျိုးသား တင်းနစ်အသင်းကို သုံးပွဲ- နှစ်ပွဲဖြင့် အနိုင်ရပြီး ဒေးဗစ်ဖလား ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။ ဆားဘီးယားအသင်းတွင် တစ်ဆာရီဗစ်က ဦးဆောင်ကစားခဲ့သည်။ အလားတူပြင်သစ်အသင်းကလည်း အာဂျင်တီးနားအမျိုးသား တင်းနစ်အသင်းကို ငါးပွဲပြတ်ဖြင့် အနိုင်ရဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-ကောင်းမြတ်သူ **
** တိုက်စစ်မှူး မက်ဆီ နှစ်ပတ်ကြာ အနားယူဖွယ်ရှိ **

No comments:
Post a Comment