(JACBA) ရုံးကို အလုပ်ပိတ်ရက် (သို့ ) အချိန်ပို ပိတ်ရက်ညနေဘက်ဆိုရင် အလုပ်သမားတွေ ၀င်ထွက်များသောနေ့ တနေ့ 
ပါ ။ ကျမ အေးရာအေးကြောင်း ကျမသမီးလေးကို အိမ်ရှေ့ ထွက်ထိန်းရင်း ကျမတို့ လမ်းအထက်ဘက်
လို့ ပြောရမှာပေါ့။ ယောင်္ကျားတယောက်က “ဆရာမ .. ဆရာမ” ခေါ် သံကြားလို့ လှည့်ကြည်လိုက်
တော့ သြော် အရင်တုန်းက ကျမ စာသင်ပေးနေတဲ့ ကလေးရဲ့ အဖေ ဖြစ်နေတယ်.။ ကျမ ပြုံးပြပြီး နှုတ်
ဆက်လိုက်တယ်..
“သြော် နေကောင်းလားအစ်ကို ‘’
‘’နေကောင်းပါတယ် ဆရာမ … ဆရာမကို အကူအညီတခုတောင်းချင်လိုပါ။ “
`ဟုတ်ကဲ့ .. ပြောပါ´
`ဆရာမ တို့ ကူညီလားမကူညီဘူးလားတော့ ကျနော်မသိဘူးဆရာမ …တကယ်လို့ မကူညီနိုင်ရင် ကူညီ
မယ့် အဖွဲ့ အစည်းကိုသိရင် ဆက်သွယ်ပေးပါနော်။´
`ဟုတ်ကဲ့ .. ပြောပါ အစ်ကို..။´
`ဆရာမ … နာရေးတွေဖြစ်ရင် ကူညီလား။´
`ကျမတို့ အဖွဲ့ အစည်းကတော့ နာရေးကိစ္စကို တိုက်ရိုက်မကူညီပါဘူး ။ ကူညီတဲ့အဖွဲ့ အစည်းတွေနဲ့
ဆက်သွယ်ဆောင်ရွက်ပေးပါတယ် အစ်ကို..´
`ဟုတ်လား … ဒါဆို ရင် ကျနော် ကို တခုလောက်ကူညီပါအုံး။´
`ဘာကူညီ ရမလဲ ပြောပါ။´
`ကျနော် ယောက္ခမက မြန်မာပြည်ကလာလည်ရင်းနဲ့  နေမကောင်းဖြစ်လို့ အခုဆေးရုံကြီးမှာ တင်ထား
တယ်… ဆရာဝန်တွေကတော့ မရတော့ဘူးလို့ ပြောပါတယ်… အဲဒါဆက်သွယ်ချင်လို့ ပါ။´
`အစ်ကို .. ယောက္ခမ သေမှမသေသေးတာ ဘာကိုဆက်သွယ်မှာလဲ… မလုပ်ကောင်းတာ..´
`သေတော့မှ… ဆရာမ။ မရဘူးလို့ ပြောနေလို့ပါ´
`မဟုတ်သေးပါဘူး အစ်ကိုရာ ဒီကိစ္စက တကယ်သေသွားပြီဆိုမှ ဆက်သွယ်တာကောင်းပါတယ်.. အစ်ကို မိန်းမ ကြားရင် စိတ်မကောင်းဖြစ်နေမယ်။´
`ရုံးထဲမှာ စာ ဖတ်နေတဲ့ ကျမတို့ ဆရာက ကြားပြီး .. ဟေ့ လူ မလုပ်ကောင်းတာတွေ မလုပ်နဲ့ လေ..။´ဟု ပြောလိုက်ရာ…
သူက အထဲကို လှမ်းကြည်ပြီး…
`ဟုတ်ကဲ့… ဟုတ်ကဲ့…ရ မ လား လို့ ပြောကြည့် တာပါ…..။
**ခံစားတင်ပြသူ … ဒေလီယာ**
တနင်္ဂနွေနေ တနေ့လို့ ဆိုရမှာပေါ့ .. ဒီနေ့လိုနေ့မျိုးမှာ အများအားဖြင့် ကျမတို့ အဖွဲ့ အစည်းဖြစ်တဲ့

No comments:
Post a Comment