မနက်အစောကြီး (၃)နာရီတွင် ယောင်္ကျားဖြစ်သူက အရက်မူးပြီး ပြန်လာရာ မိန်းမက အိပ်ရာထဲမှ လှမ်းအော်လိုက်သည်မှာ…
`ရှင် အလေလိုက်တာ လွန်လှချည်လား၊ ရှင်အခု အိမ်ပြန်လာတာ ဘယ်အချိန်ရှိပြီလဲဆိုတာ ကြည့်စမ်းပါဦး´ဟု ပြောလိုက်သဖြင့် ယောင်္ကျားဖြစ်သူက ပြန်ပြောလိုက်သည်မှာကား…
`ငါပြန်လာပြီလို့ မင်းကို ဘယ်သူပြောလဲ၊ ငါအခု ဂီတာပြန်လာယူတာကွ´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment