**`ခမောက်နဲ့ စု´ ကာရံပါနေတဲ့
`ပိတောက်နဲ့ ငု´ပင်
ဒင်းတို့ မမြင်နိုင်ပြီလား။
**ဘီယာသင်္ကြန်၊ စီးကရက်သင်္ကြန်၊ ကြော်ငြာသင်္ကြန်
ဗိုလ်ချုပ်များရဲ့ ကိုယ်ပိုင်သင်္ကြန်ဖြစ်
အမွေအနှစ် ကောင်း မှန်သမျှချေမွ
စစ်ဖိနပ်အောက်က ပိတောက်ပွင့်။
**မြို့မငြိမ်းရဲ့ မန်းတောင်ရိပ်ခို
စစ်ဗိုလ်မိသားစုဆိုဖို့ သက်သက်ဖြစ်
အော်… မျိုးချစ်စိတ်ဓာတ်ခေတ်ပေကိုး။
**အမေနိုးပါ့မယ် မာစတာရဲ့ (ယောရောရှိ) (ယောရောရှိ)
ဘီးကျိုးပါ့မယ် မာစတာရဲ့ (ယောရောရှိ) (ယောရောရှိ)
ဖက်ဆစ်ဂျပန်အမှောင်ခေတ်မှာပင်
ရှင်သန်ခဲ့တဲ့ သံချပ်- သံချပ်- သံချပ်
လူထုရင်ခုန်သံကို ထင်ဟပ်မကျေနပ်မှုကို ဖွင့်ချ
သင်္ကြန်ညများထဲက သံချပ်သံတွေ ဘယ်မှာလဲလေ။
သင်္ကြန်ဒိုးဆစ် ထက် စစ်ဘင်ခရာသံကိုသာ
ကြားခွင့်ပေးထားတဲ့ အမိမြေမှာ
`နှစ်သစ်ကူး´ဆိုတာ စစ်ဘီလူးတွေ ပလူတဲ့ပွဲတော်ဖြစ်
ဖက်ဆစ်ရဲ့ အက်စစ်သင်္ကြန်ဖြစ်ခဲ့ပြီ။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
(၉၊ ဧပြီလ၊ ၂၀၀၀၊ ဟွေကျုံစခန်း)
( အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ `ရပ်ကြည့်လို့ အမြတ်မရှိ´သီချင်းကို နားထောင်မိခိုက်ရေးဖွဲ့ပါသည်။)
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**

No comments:
Post a Comment