(ကိုင်ပင်ဟေဂင်၊ စက်တင်ဘာလ ၅-ရက်)
ဒိန်းမတ်နိုင်ငံသား အပျော်တမ်းဒုံးပျံ တည်ဆောက်သူလူငယ်နှစ်ဦးသည် ၄င်းတို့၏ အိမ်လုပ်ဒုံးပျံကို အာကာသအတွင်းသို့ လွှတ်တင်ရေးအတွက် စတာလင်ပေါင် ၃၅၀၀၀ တန် ကနဦးစီမံကိန်းမှာ မအောင်မမြင်ဖြစ်ခဲ့ရကြောင်း စက်တင်ဘာလ ၅-ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ ၄င်းတို့၏ ဒုံးပျံကို ဘောလ်တစ်ပင်လယ် ဘွန်ဟောကျွန်းအနီးရှိ တွဲရေယာဉ်တစ်ခုပေါ်မှ လွှတ်တင်ရန် ကြိုးစားခဲ့ကြသော်လည်း လျှပ်စစ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ကြောင့် အောင်မြင်မှုမရခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။ ၄င်းတို့နှစ်ဦးက အကြံအစည်ကို လက်လျှော့ခြင်းမရှိသေးဘဲ ထပ်မံကြိုးစားမည်ဟု ဆိုသော်လည်း မည်သည့်အချိန်တွင် လွှတ်တင်မည်ကို ပြောကြားခြင်းမရှိပေ။ (အင်တာနက်)
** အင်ဒိုကမ်းလွန်၌ ဂျပန်သင်္ဘောဓားပြတိုက်ခံရ **
အင်ဒိုနီးရှားနိုင်ငံ အနမ်ဘတ်စ်ကျွန်း ကမ်းလွန်၌ ခုတ်မောင်းနေသော ဂျပန်ဓာတုပစ္စည်းတင် သင်္ဘောတစ်စင်းသည် စက်တင်ဘာလ ၅-ရက်နေ့က ပင်လယ်ဓားပြများ၏ တိုက်ခိုက်မှုခံခဲ့ရပြီး ငွေများလုယက်ခံခဲ့ရကြောင်း သိရသည်။ ကျိုတိုသတင်းဌာန၏ အဆိုအရ ဓားများကိုင်ဆောင်ထားသော ပင်လယ်ဓားပြနှစ်ဦးသည် သင်္ဘောပေါ်သို့ တက်ရောက်လာပြီး ငွေများလုယက်ခဲ့ပြီး ပြန်လည်ထွက်ခွာသွားသည်ဟု ဆိုသည်။ (အင်တာနက်)
** အဘူဆေယက်ဗ် စစ်သွေးကြွခေါင်းဆောင်သေဆုံး **
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ စက်တင်ဘာလ ၅-ရက်နေ့က အထူးရဲတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် အဘူဆေယက်ဗ်စစ်သွေးကြွအဖွဲ့ခေါင်းဆောင်တစ်ဦးနှင့် အခြားစစ်သွေးကြွနှစ်ဦး သေဆုံးခဲ့သည်။ အဘူဆေယက်ဗ် စစ်သွေးကြွခေါင်းဆောင်သည် ပြီးခဲ့သည့်နှစ်က ကမ္ဘာ့ကြက်ခြေနီအဖွဲ့ ၀န်ထမ်းများကို ပြန်ပေးဆွဲရာတွင် ပါဝင်ပတ်သက်သူဖြစ်သည်။ (အင်တာနက်)
** လူထောင့်သန်းရောဂါ ဘင်္ဂလားဒေ့ရှိ၌ ပျံ့နှံ့ **
ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒေသအများအပြားတွင် လူထောင့်သန်းရောဂါကူးစက်ပျံ့နှံ့မှုများဖြစ်ပွားပြီးနောက် နိုင်ငံတ၀န်းလုံးသို့ အနီရောင်အဆင့်သတိပေးမှုအဖြစ် အမြင့်ဆုံးတပ်လှန့်လိုက်ကြောင်း တနင်္ဂနွေနေ့က ထုတ်ဖော်ကြေညာသည်။ (အင်တာနက်)
** ရေဒီယိုသတင်းထောက် အသတ်ခံရ **
ဆိုမာလီနိုင်ငံရှိ ပူးတွဲကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန့်လန်းတွင် အင်္ဂါနေ့ညက အသက် ၂၅ နှစ်အရွယ် ရေဒီယိုသတင်းထောက်တစ်ဦးဓားဖြင့် ထိုးသတ်ခံရကြောင်း ဒေသဆိုင်ရာရေဒီယိုဝက်တ်ဆိုက်နှင့် အမျိုးသားသတင်းစာဆရာ အစည်းအရုံးက သတင်းထုတ်ပြန်လိုက်ရာ ရှစ်ရက်အတွင်း ဒုတိယမြောက် အသတ်ခံရသည့် သတင်းသမားတစ်ဦးဖြစ်လာသည်။ သြဂုတ်လ ၂၄ ရက်နေ့ကလည်း မိုဂါဒစ်ရှူးတွင် အသံလွှင့်သတင်းသမား တစ်ဦး လုပ်ငန်းခွင်၌ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်ငြိမ်း **
** အပျော်တမ်း အိမ်လုပ်ဒုံးပျံ လွှတ်တင်မည့်အကြံ မအောင်မြင် **

No comments:
Post a Comment