ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, September 6, 2010

လွတ်လပ်ရေးမီးရှူးတန်ဆောင်၊ဆရာတော်ဦးဥတ္တမပျံလွန်တော်မူသည့်အောက်မေ့ဘွယ်အခမ်းအနားပြည်ပတွင်ကျင်းပ

>

**(စက်တင်ဘာ ၆၊၂၀၁၀)**
မြန်မာ့လွတ်လပ်ေ၇းမီးရှူးတန်ဆောင်၊ပြည်ထောင်စုဗိသုကာ ဆရာတော်အသျှင်ဦးဥတ္တမ ပျံလွန်တော်မူသည့် (၇၁)နှစ်ပြည့်အခမ်းအနားကိုထိုင်းနိုင်ငံဘန်ကောက်မြိုဖလန်းဆောင်နယ်မြေ၊ထပ်ခန်းဘုန်းတော်ကြီးကျောင်း
တွင်ရခိုင်အမျိုးသားများဦးစီး၍စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း
သိရှိရသည်။
ကမ္ဘာနှင့်အာရှတို့ က၊အာရှနေ၀န်းအဖြစ်အသိအမှတ်ပြုမှတ်တမ်းတင်ခြင်းခံရသည့်မြန်မာ့လွတ်လပ်ရေး
မျိုးစေ့ချပေးခဲ့သူအဖြစ် ထင်ရှားကျော်ကြားသော ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခဲ့သည်မှာလာမည့်စက်တင်ဘာလ ၉ရက်နေ့ နှစ်ပေါင်း(၇၁)ပြည့်ပြီဖြစ်သည်။
ဆရာတော်ဦးဥတ္တမ၏ဂုဏ်ကျေးဇူးများအားသိရှိကြည့်ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသားများမှာခုထိသတိတရ
အောက်မေ့တမ်းတလျှက်ရှိကြဆဲဖြစ်သည်။ ဆရာတော်ကိုဂုဏ်ပြုသောအခမ်းအနားများ၊အောက်မေ့ဖွယ်နေ့ 
များအား၊မဆလခေတ်ဦးတွင် ပြည်တွင်း၌ကျင်းပခွင့်ရရှိခဲ့သော်လည်းန၀တ၊နအဖလက်ထက်တွင်
တော့လုံးဝကျင်းပခွင့်မရကြတော့ပေ။

ယမန်နေ့ ဂုဏ်ပြုအောက်မေ့ဖွယ်နေ့ သို့ ရခိုင်အများစုအပါအ၀င်အခြားတိုင်းရင်းသားပေါင်းစုံတို့ စုစုပေါင်း၄၀၀
ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြသည်။ကြွရောက်လာသည့်ဧည့်သည်တော်များအား ရခိုင်မုန့်တီဖြင့်တည်ခင်း
ကျွေးမွေးကြသည်။ ရခိုင်မုန့်တီကျွေးမွေးသည့်အဖွဲ့မှဆယ်ကျော်သက်အရွယ်အထည်ချုပ်အလုပ်သမ၊ရခိုင်အမျိုးငယ်တစ်ဦးက
“အာဇာနည်ဆရာတော်လို့ သမီးတို့ မိဘတွေကပြောပြဖူးပါတယ်။ဆရာပေးဆပ်ခဲ့တဲ့တန်ဘိုး၊စွန့် လွှတ်အနစ်နာခံခဲ့မှုတွေ၊၊ဆရာတော်ရဲ့ဦးဆောင်လမ်းပြမှုတွေဟာပြောပြလို့ ကုန်နိုင်ဖွယ်ရာမရှိပါဘူး။နယ်ချဲ့ကိုလိုနီဗြိတိသျှတွေလက်အောက်မှာဖိနှိပ်အုပ်ချုပ်ခံနေရတုန်း၊သာမန်ပုလိပ်တစ်ယောက်ကိုတောင်
်မော်မကြည့်ရဲလောက်အောင် ကြောက်ဒူးတုန်နေရတဲ့ အချိန်မှာ ဘုရင်ခံဆာရယ်ဂျီနယ်ကရက်ဒေါက် ဆီကို ကရက်ဒေါက်ဂက်အောက်(ကရက်ဒေါက်မင်းမြန်မာပြည်ကထွက်သွားလိုက်ပါ)ဆိုပြီးပေးစာတစ်စောင်ကိုေ၇း
သားပေးပို့ ခဲ့ပါတယ်။အဲဒီခေတ်တုန်းကသူရိယသတင်းစာမှာဆရာတော်ပေးစာအကြောင်းကိုခေါင်းကြီးပိုင်းကနေရေးသား
လိုက်တော့ ပိန်းပိတ်အောင်မှောင်နေတဲ့ကျွန်ပြုခံမြန်မာနိုင်ငံသားတွေဟာ ခေါင်းထောင် ထလာ ခဲ့ကြတယ်လို့ ဆိုပါတယ်။ဆရာတော်သတ္တိမျိုးမရှိဘူး၊သမီးတို့ ခုထိကြောက်တုန်းပဲရှိသေးတယ်၊အဲဒါကြောင့်သမီးတို့ ဂုဏ်ပြုသင့်တဲ့ပုဂ္ဂိုလ်ကိုဂုဏ်ပြုရတာဖြစ်ပါတယ်”ဟုအံ့သြဘွယ်ရာပြောဆိုသွားသည်။
ဆရာတော်သည်၊အန္ဒိယအမျိုးသားကျောင်းနှင့်၊ဂျပန်နိုင်ငံအမျိုးသားတက္ကသိုလ်တို့တွင်ပါဠိ၊ဘာသာပါမောက္ခ
အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။
ဟိန္ဒူးလူမျိုးများကြီးစိုးသောအန္ဒိယနိုင်ငံကြီးတွင်၊ဂျာလဟာနေရူး၊ကဗျာဆရာရာဘင်တြာနတ်သ်တဂိုးတို့ နှင့်အခြားပညာရှင်ပေါင်းများစွာနှုင့်ယှဉ်ပြိုင်ပြီးအန္ဒိယနိုင်ငံအဟာဆဗ္ဗအသင်းမျာဥက္ကအဖြစ်ရွေးချယ်တင်မြှေက်

ခြင်းခံခဲ့ရသည်။မြန်မာ၊ပါဠိ၊တက္ကဋ၊နာဂရီ။ဘင်္ဂလီ။တိဘက်၊အင်္ဂလိပ်၊ဂျပန်ပြင်သစ်၊သင်္သကရိတ်၊အစရှိသဖြင
့်ဘာသာကြီး၉မျိုးကိုအရေးအဖတ်အပြောကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်သည့်ပုဂ္ဂိုလ်ဖြစ်သည်။
အန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကမ္ဘောဒီး ယား၊ ကိုးရီယား၊ အီဂျစ်နိုင်ငံများနှင့် ဥရောပတိုက်ရှိ ပြင်သစ်နိုင်ငံများ အပါအဝင် အာရှတိုက်မှနိုင်ငံအများ အပြား တို့ကို ခရီးလှည့်လည်သွားခဲ့သည်။
နိုင်ငံတကာတက္ကသိုလ်များတွင် ပါမောက္ခ၊ပရိုဖက်ဆာအဖြစ် အဆင့်မြင့်မြင့်နေနိုင်သည့်ပုဂ္ဂိုလ် ဖြစ်သော်လည်း၊ဆရာတော်သည်၊ကိုလိုနီနယ်ချဲ့ ဖြစ် နေသောမြန်မာပြည်ကို လွတ်မြောက်ဖို့ အတွက်ကိုသာ
မနားမနေကြိုးစားခဲ့သူဖြစ်သည်။နှစ်ထပ်ကွမ်းကိုလိုနီဖြစ်နေသောရခိုင်ပြည်လွတ်မြောက်ရေးတစ်ခုတည်းအ
တွက်ဦးတည်၍မလုပ်ကိုင်ခဲ့သဖြင့် အချို့သောရခိုင်လူမျိုးတို့ ၏ညိုညင်ခြင်းကိုလည်းခံခဲ့ရသည်။တစ်တိုင်း
ပြည်လုံလွတ်လပ်ရေးတန်းတူရေးကိုသာလုပ်ဆောင်ခဲ့သူဖြစ်သဖြင့် ပြည်ထောင်စုဗိသုကာဟုလည်းခေါ်ဆို
ကြသည်။
ယမန်နေ့ ဆရာတော်ဂုဏ်ပြုအခမ်းအနားတွင်သဘာပတိအဖွဲ့ဝင်များအဖြစ်၊စာရေးဆရာဦးဇင်လင်း၊ရခိုင်
ALD အမတ်ဦးထွန်းဝင်း၊တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းလှိုင်နှင့် ထိုင်းအခြေစိုက်
ရခိုင်စာသင်သားသံဃာ့အဖွဲ့ အတွင်းရေးမှူး၊အသျှင်ဦးကုဏ္ဍလ တို့ တာဝန်ယူဆောင်ရွက်ခဲ့ကြသည်။
ဦးကုဏ္ဍလက“ရဟန်းဖြစ်ဖြစ်၊လူဖြစ်ဖြစ်ပေါ့လေ၊ဆရာတော်ဦးဥတ္တမလို့ တစ်ပါးတစ်လေလောက်ပေါ်လာလို့ ရှိ
ရင်ဦးဇင်းတို့ တိုင်းပြည်အတွက်အကျိုးရှိမယ်ပေါ့။လူဆိုရင်လည်း၊လူမို့လို့ ဘုန်းကြီးတစ်ပါးလိုမလုပ်နိုင်သည့်
တိုင်အောင်၊ဆရာတော် ဦးဥတ္တမရဲ့စကားကိုလိုက်နာပြီးတော့၊ဆရာတော်ရဲ့နည်းအတိုင်း၊ကျင့်ကြံသွားကြပါ
လို့ ပြောချင်ပါတယ်”ဟုမိန့် တော်မူသည်။
“အစိုးရမကောင်းရင် မကောင်းလို့ ပြောခွင့်ရှိတယ်။အဲဒါလူ့ အခွင့်အေ၇းဖြစ်တယ်။ဒီအခွင့်အရေးအတွက်
တိုက်ပွဲဝင်ရမယ်၊ငုံ့မခံကြနဲ့ ။ဒကာဒကာမတို့ ကြောက်နေရင်လွတ်လပ်ရေးဆိုတာရမှာမဟုတ်ဘူး၊မကြောက်ကြနဲ့ လွတ်လပ်ရေးကိုအရယူကြရမယ်၊ထကြွကြလော့နိုးကြားကြလော့”ဆိုတာမျိုးတွေမိန့် ကြားတော်မူခဲ့ပါတယ်။
ဟောပြောသူများထဲမှ၊ဘန်ကောက်အခြေစိုက် TACDB မှ ချစ်သောမြန်မာပြည်ကျောင်းအုပ်ကြီး ဦးမြင့်ဝေက
“သေချာစဉ်းစားရင် ဆရာတော် ပေးဆပ်ခဲ့တဲ့၊ဆရာတော်ပင်ပန်းခံခဲ့တာတွေကို၊တကယ်ပဲလေးစားလောက်ပါ
တယ်၊ခုခေတ်လို့ လမ်းပန်းဆက်သွယ်ရေးကောင်းတာမဟုတ်ဘူး၊ လူထုကြားထဲကိုရောက်အောင် ကြိုစားတာ၊
ရုပ်ရှင်ရုံတွေနားတဲ့အချိန်၊ဆေးလိပ်၊ကွမ်းယာ၊နေကြာစေ့စားချိန်တွေမှာ ရဟန်းတွေနဲ့ မဟပ်စပ်တဲ့ အဲဒီလိုနေ
ရာမျိုးကို တကာတကာမတွေသိပါစေဆိုတဲ့စေတနာနဲ့ ကြွပြီးတော့ဟောပြောတယ်၊ဆ၇ာတော်ရဲ့ဇွဲသတ္တိတွေ
ကိုနှိုင်းမရအောင် ကျနော်ခံစားသိရှိရပါတယ်”ဟု ထည့်သွင်းဟောပြောသွားသည်။
ဦးမြင့်ဝေ သည် “ကျနော်ရယ်၊ရခိုင်အမျိုးသားများရယ်နှင့်၊ဆရာတော်ဦးဥတ္တမ”
ဆိုသည့် သူ၏ဟောပြောမှုခေါင်းစဉ်အောက်တွင် ရခိုင်အသံထွက်ဖြင့်၊“သျှင်ဒိုင်အက”အားသီဆိုဟောပြောသွား
ရာကြွရောက်လာသူများအားလုံးလက်ခုတ်လိုက်တီးပြီးသီဆိုခဲ့ကြသည်။ရခိုင်အားလုံးကသူ့အားအထူးကျေးဇူး
တင်ကြကြောင်းသိရှိရသည်။
ဆရာတော် ဦးဥတ္တမ ကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာ (၂၇)ရက် တနင်္ဂနွေနေ့တွင်ရခိုင်ပြည်နယ် စစ်တွေမြို့ ရူပရပ်၌၊ဖခင် ဦးမြ နှင့် မိခင် ဒေါ်အောင်ကျော်တို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည် မောင်ပေါ်ထွန်းအောင် ဖြစ်ပါ
သည်။ ဆရာတော်သည် ငယ်ရွယ်ချိန်အခါကတည်းက ပညာရေးထူးချွန်ခဲ့သဖြင့် အင်္ဂလန်နိုင်ငံတွင် ပညာသင် ယူခွင့်ရခဲ့သော်လည်း၊မိခင်ကခွင့်မပြု သဖြင့်မသွားရောက်နိုင်ခဲ့ချေ။
ဆရာတော်သည် အသက် ၁၆ နှစ်အရွယ်တွင် မိဘများက ရှင်သာမဏေ ၀တ်ပေးရာမှ ရှင်ဥတ္တမ ဘွဲ့အမည် တွင်ခဲ့ပါတယ်။အသက် ၁၉နှစ်အရွယ် ရဟန်းပြုပြီး နောက်ပိုင်း အန္ဒိယနိုင်ငံ ကာလကတ္တားမြို့ကိုရဟန်းဝတ်နှင့်ပင် သွားရောက်ခဲ့ရင်း နိုင်ငံ ရေးစိတ်၊ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားခဲ့ခြင်းဖြစ်သည်။

ဆရာတော်သည် ၁၉၂၀ ခုနှစ် တွင် ဗမာတပြည်လုံးသို့ လှည့်လည်ကာ နယ်ချဲ့ဆန်ကျင်ရေး တရားများကို ဟောပြောခဲ့သည်။
ထိုသို့ ဟောပြောမှုဖြင့် ၁၉၂၀ မတ်လ တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ်၁၂ လ အပြစ်ပေးခံရသည်။
ဆရာတော်သည် ၁၉၂၄တွင်လည်း“အစိုးရမကောင်းလျှင်မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့်အရေးပဲ၊ ဒီအခွင့်အရေးဟာ ငါတို့မှာ ရှိတယ်၊ ငုံ့မခံကြနဲ့” ဟု ပြည်သူများကို လှုံ့ဆော်ဟောပြောခဲ့သည့်အတွက်ကြောင့် ဒုတိယ အကြိမ် ထောင် ၃နှစ် ကျခဲ့ပြီး ၁၉၂၈တွင် တတိယအကြိမ်အဖမ်းခံခဲ့ရသည်။
ဆရာတော်ဟာ နိုင်ငံရေးပုဒ်မကြောင့် ထောင်ချခံရတဲ့ ပထမဦးဆုံးနိုင်ငံရေးအကျဉ်းသားဖြစ်ပါသည်။
ဆရာတော်သည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မှုခဲ့ပြီး ပျံလွန်တော်မှုချိန်တွင် သက်တော် ၆၀ နှစ်၊ ဝါတော် ၄၁ ၀ါ ဖြစ်သည်။ ၎င်းသည် ပျံလွန်ချိန်အထိ နယ်ချဲ့အစိုးရကိုဆန့်ကျင်ခဲ့သူ
ဖြစ်သည်။ဆရာတော်၏တပည့်တပန်းပညာတတ်နိုင်ငံရေးသများများ၊အာဏာများရရှိလာခဲ့သောအခါ
ဆရာတော်အားပစ်ပယ်ခဲ့ကြသည်။ဆရာတော်သည်၊အမျိုးသားလွတ်မြောက်ရေးအတွက်လှုပ်ရှားဟော
ပြောမှုတို့ ကြောင့်ဗြိတိသျှအစိုးရတို့ ၏ထောင်အကြိမ်ကြိမ်ချခြင်းခံရစဉ်၊အမျိုးအမျိုးသောဆေးတို့ ထိုးနှံခြင်း
ခံရရာမှ သာမန်လူများကဲ့သို့ မဟုတ်တော့ပဲ၊ခပ်ကြောင်ကြောင်ဖြစ်လာခဲ့သည်။ဆရာတော်ပျံလွန်တော်မူ
ခါနီးအချိန်တွင် အထူးချို့ငဲ့၊ဆင်း၇ဲခဲ့သည်။
ဆရာတော်သည်နေမ၀င်အင်ပါယာ၊နိုင်ငံခြားကုလားဖြူအစိုးရတို့ ကိုပင်လျှင်တွန်းလှန်ခဲ့သောသတ္တိရှင်ဖြစ်သည်။ထို့ ကြောင့်ဆရာတော် ဦးဥတ္တမ၏ နယ်ချဲ့တော်လှန်ရေး စိတ်ဓာတ်အားမြန်မာနိုင်ငံသားများ အတုယူလာ မည်ကို မြန်မာစစ်အာဏာပိုင် များကအထူးစိုးရိမ်သည်။ထို့ကြောင့် ၁၉၈၈ခုနှစ်နောက်ပိုင်းတွင် ဆရာတော်နှင့် ဆရာတော်သမိုင်းတို့ ကိုမေ့ပျောက်အောင်ပြုလုပ်ခဲ့သည်။ကျောင်းသုံးစာအုပ်တို့ မှဖယ်ထုတ်ခဲ့သည်။
ဆရာတော်အားဂုဏ်ပြုခေါ်ဆိုခဲ့သော၊ရွှေတိဂုံဘုရားအနှီးရှိ ဦးဥတ္တမပန်းခြံ ကို ကန်တော်မင်ပန်းခြံ အဖြစ်ပြောင်းလဲခေါ်ဆိုစေခြင်း၊ စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံရှိ ဦးဥတ္တမရုပ်တုကိုလည်း မွမ်းမံမှု မရှိခြင်းနှင့် ဆရာတော်ရုပ်တုကို ပူဇော် အရိုအသေပေးမှု များကို တားမြစ်အရေးယူခြင်းများလုပ်ဆောင်ခဲ့သည်။
ကံတော်မင်ပန်းခြံတွင်ထားရှိမည့် ဆ၇ာတော်၏ရုပ်တုမှာ ပန်းပုဆ၇ာကြီး ဦးဟန်တင်၏ခြံထဲတွင်ပင်
နိဂုံးချုပ်ခဲ့ရသည်။
လက်ရှိအုပ်ချုပ်နေသောမြန်မာစစ်အာဏာရှင်တို့ သည်၊ဆရာတော်ဦးဥတ္တမ၊ဗိုလ်ချုပ်အောင်ဆန်းနှုင့်ဒေါ်အောင်
ဆန်းစုကြည်တို့ ကဲ့သို့  တစ်တိုင်းပြည်လုံးကလေးစားကြည်ညိုကြသည့်အမျိုးသားခေါင်းဆောင်များ၏အရေးပါ
သောအခန်းကဏ္ဍများအားမှေးမိန်အောင်လုပ်နေကြကြောင်း တက်ရောက်ဟောပြောသူများကထောက်ပြကြ
သည်။
အထက်ပါသဘာပတိများနှင့်အတူ ဦးမြင့်ဝေ၊၈၈မျိုးဆက်ကျောင်းသားကြီး ကိုမိုးသီးဇွန်၊စာရေးဆရာဇေါ်မင်း
နှင့် ရခိုင်သတင်းစာဆရာ ၂ဦးတို့ လည်းဟောပြောသွားခဲ့ကြသည်။
ဆရာတော်ပျံလွန်တော်မူသည့်(၇၁)နှစ်မြောက်အောက်မေ့ဘွယ်အခမ်းအနားအားယမန်နေ့ ကထိုင်းနိုင်ငံဘန်ကောက်မြို့ နှင့်
ဂျပန်နိုင်ငံတို့ တွင်ကျင်းပခဲ့ သည်။ဆရာတော်ပျံလွန်တော်မူသည့်စက်တင်ဘာလ ၉ရက်နေ့ တွင် ထိုင်းနိုင်ငံတောင်ပိုင်း၊ဖူးခက်၊မဲဆောက်၊ချင်းမိုင်နှင့်ဘင်္ဂလားဒေ့ခ်ျနိုင်ငံနှင့်အခြားကမ္ဘာ့နိုင်ငံများတွင်ကျင်းပကြ
မည်ဖြစ်ကြောင်းသိရှိရသည်။

သတင်း ... ကိုကျော်သောင်း(ဘန်ကောက်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)