အခု ရက်ပိုင်းတွေအတွင်း `ဘန်ကောက် ရဲ´တွေ အဖမ်းအဆီးပြီးပြန်တော့ ဒီကနေ့ မနက် ၇-နာရီ ခွဲလောက် မှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မြောက်ဘက် အစွန်ဆုံးကျေးရွာတစ်ခုဖြစ်တဲ့ မယ်ကုလွမ်ကျေးရွာ ဘက်မှာတော့ စက်ရုံကိုသွားတဲ့ လိုင်းကားပေါ်ကနေ မြန်မာအလုပ်သမတစ်ဦး ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။ ဖြစ်စဉ် ကတော့ မြန်မာအလုပ်သမ မပုတို(သို့ )မရီရီဝင်း -၂၅ နှစ်နဲ့ လုပ်ဖော်ကိုင်ဖက် ၇-ဦးလောက်ဟာ အဆိုပါကျေးရွာ ဦးထုပ် ချုပ်စက်ရုံရှိရာကိုအသွား စက်ရုံရှေ့ရောက်တဲ့အခါမှာ လိုင်းကားမောင်းသူက ရပ်မပေးတာမို့ အလုပ်ချိန် လည်း နီးကပ်နေတာကြောင့်ကားပေါ်ကဆင်းခါနီးမှာ "ပုလိပ် ပုလိပ်''လို့ အော်ကြတာကြောင့်အထိတ်တလန့် နဲ့ ခုန်အဆင်းမှာ အတွဲလိုက်ပြုတ်ကျကြတာဖြစ်ပါတယ်။ အဲဒီလိုပြုတ်ကျတဲ့ အခါမှာ ယာဉ်မောင်းက
တစုံတရာတာဝန်ယူဖြေရှင်းမပေးပဲ ကားမောင်းထွက်ပြေးသွားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အဲဒီ ဒဏ်ရာရရှိသူတွေကို ပထမဦးဆုံး (၀မ်းဖာ တိုက်နယ်ဆေးရုံ)ကို အရင်ပို့၊ ပြီးတော့ မယ်တော်ဆေးခန်းကို ဆက်လက်ပို့ပြီး ကုသတဲ့အခါ ဒီကနေ့ မွန်းလွဲပိုင်းမှာ မပုတိုကတော့ သေဆုံးသွားကြောင်းသိရပါတယ်။ အခြားဒဏ်ရာရရှိသူတွေကတော့ ဆေးဝါးကုသမှုခံနေတုန်းပဲဖြစ်ပြီး တရားခံဖြစ်သူ ယာဉ်မောင်းကိုတော့ သက်ဆိုင်ရာအာဏာပိုင်တွေက စုံစမ်းနေဆဲဖြစ်ပါတယ်။
** သတင်း- သောင်ရင်းနဂါး (မြန်မာပြည်သား) **

No comments:
Post a Comment