ကျနော့်မိတ်ဆွေတစ်ယောက် အရက်သောက်နေစဉ်က ဟုဆို၏။
လူတစ်ယောက်ဝင်ရောက်လာ၍ အရက်ရောင်းသူအား အရက်အကောင်းစားသုံးလေးမျိုးအား စပ်ခိုင်း၏။ ထိုသူသောက်ရန် ခပ်ပေးသော ခွက်အတွင်းရှိ အရက်တန်ဖိုးမှာ ငွေတစ်ရာခန့် တန်ဖိုးရှိနေ၏။
ထိုသူက အရက်ကို စသောက်နေရင်း အရောင်းစာရေးကို ပြောနေသည်မှာကား…
`ကျုပ်အခြေအနေနဲ့ဆို အဲဒီလို ရောစပ်မသောက်သင့်ဘူးဗျ´ဟု ပြောလိုက်သဖြင့် အရက်ရောင်းသူက စိုးရိမ်စွာဖြင့်…
`ဟုတ်လား… ခင်ဗျားမှာ ဘာရောဂါရှိနေလို့လဲ´ဟု မေးလိုက်ရာ ထိုသူက…
`ကျနော် ဘာရောဂါမှမရှိပါဘူး´ဟု ဖြေလိုက်သည်ဆို၏။ ထိုအခါ အရောင်းစာရေးက…
`ဒါနဲ့များဗျာ… ခင်ဗျားအခြေအနေနဲ့ ဒီအရက်မသောက်သင့်ဘူးရယ်လို့´ဟု ပြောလိုက်သဖြင့် အရက်သောက်နေသူက ပြန်ပြောလိုက်သည်မှာကား…
`ဟုတ်ပါတယ် ကျနော့်အခြေအနေနဲ့ ဒီအရက်ကို မသောက်သင့်ဘူးဆိုတာက ကျုပ်မှာ ပိုက်ဆံနှစ်ဆယ်ပဲ ရှိတာကိုးဗျ´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment