(၁)
`ကိုး´ ဂဏန်းသမား
၉၁ မှာ ပုဒ်မချသွားပြီ။
(၂)
အဆင်းရဲဆုံးနိုင်ငံတခုအဖြစ်သွန်းထု
အကောင်းဆုံး ဗိသုကာ။
ပြည်တွင်းစစ် မီးထောက်ကြီးရဲ့
အတက်ကြွဆုံး စစ်ခေါင်းဆောင်
ပြည်သူတွေကို ပစ်တဲ့သေနတ်များနဲ့
အဲ့ဒီသေနတ်တွေကို ပစ်ခိုင်းသူ။
ခြေပြတ်လက်ပြတ်တကာတို့အတွက်
မိုင်းထောင်သမား
မယားများ၊ သားအစဉ်၊ မြေးအဆက်ဆက်တို့ရဲ့
အကြွယ်ဝဆုံး ဘဏ်တိုက်ကြီး။
အာဃာသ တညီးညီးနဲ့
မဟာလူမျိုးကြီးဝါဒ။
မြို့ပြအရေးတော်ပုံများရဲ့
လုံထိန်းတပ်မှုးချုပ်
နိုင်ငံအတွက်
ဆိုးမွေ တနင့်တပိုးမှ အပ
ဘာတခုမှ ထားမသွားတဲ့ခေါင်းဆောင်ဆိုသူ။
(၃)
ရှားရှားပါးပါး သံယောဇဉ်စည်းရိုးထဲမှာ
ပထွေးက အမွေဖြတ်ထားချိန်
မယားပါသားက စိန်ခေါ်နေချိန်။
(၄)
လွမ်းသူ့ပန်းခွေ မပါ
မျက်ရည်စတွေ မပါ
အလောင်းထမ်းပေးချင်သူတွေ မပါ။
(၅)
တတိုင်းပြည်လုံးက
ဝမ်းသာအားရ
အပို့ခံလိုက်ရတဲ့ အသုဘ။
** ထက်မိုး **
(၅ ဒီဇင်ဘာလ ၂၀၀၀၊ ည ၈ နာရီ)
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
(၁)
`ကိုး´ ဂဏန်းသမား
၉၁ မှာ ပုဒ်မချသွားပြီ။
(၂)
အဆင်းရဲဆုံးနိုင်ငံတခုအဖြစ်သွန်းထု
အကောင်းဆုံး ဗိသုကာ။
ပြည်တွင်းစစ် မီးထောက်ကြီးရဲ့
အတက်ကြွဆုံး စစ်ခေါင်းဆောင်
ပြည်သူတွေကို ပစ်တဲ့သေနတ်များနဲ့
အဲ့ဒီသေနတ်တွေကို ပစ်ခိုင်းသူ။
ခြေပြတ်လက်ပြတ်တကာတို့အတွက်
မိုင်းထောင်သမား
မယားများ၊ သားအစဉ်၊ မြေးအဆက်ဆက်တို့ရဲ့
အကြွယ်ဝဆုံး ဘဏ်တိုက်ကြီး။
အာဃာသ တညီးညီးနဲ့
မဟာလူမျိုးကြီးဝါဒ။
မြို့ပြအရေးတော်ပုံများရဲ့
လုံထိန်းတပ်မှုးချုပ်
နိုင်ငံအတွက်
ဆိုးမွေ တနင့်တပိုးမှ အပ
ဘာတခုမှ ထားမသွားတဲ့ခေါင်းဆောင်ဆိုသူ။
(၃)
ရှားရှားပါးပါး သံယောဇဉ်စည်းရိုးထဲမှာ
ပထွေးက အမွေဖြတ်ထားချိန်
မယားပါသားက စိန်ခေါ်နေချိန်။
(၄)
လွမ်းသူ့ပန်းခွေ မပါ
မျက်ရည်စတွေ မပါ
အလောင်းထမ်းပေးချင်သူတွေ မပါ။
(၅)
တတိုင်းပြည်လုံးက
ဝမ်းသာအားရ
အပို့ခံလိုက်ရတဲ့ အသုဘ။
** ထက်မိုး **
(၅ ဒီဇင်ဘာလ ၂၀၀၀၊ ည ၈ နာရီ)
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)


No comments:
Post a Comment