
**အမေရေ
ဝေးလွင့်ခြင်း ရဲ့ 
ခြေရာတွေထဲမှာ
တိကျတဲ့ အနာဂတ်အတွက်
အိပ်မက်တွေပါတယ် ။
**အမေရေ
သွေးနဲ့ စိုက်ခဲ့တဲ့
နှင်းဆီခင်း
ရဲရင့်ခြင်းရဲ့  သင်္ကေတ
ဆူးခက်တွေနဲ့ 
လှပ မွှေးမြနေခဲ့ ။
**အမေရေ
မနာလိုသူတွေ
အုံနဲ့  ကျင်းနဲ့ 
ပိတ်ဆို့ တားဆီး
အမုန်းတရားက
အလျှံ တငြီးငြီး တောက်လောင် လို့ ။
**အမေရေ
ပကတိ အရှိတရား
ရေသောက်မြစ်များကတော့
ခေတ်တိုင်းရဲ့ 
မျိုးဆက်တိုင်းမှာ
ရှင်သန်ကြတယ် ။
**အမေရေ
အမေရဲ့သားစစ်စစ်လို
အမေ့သားတွေကို
ပြောပြပေးပါ။
ရဲရဲ
ရင့်ရင့် နဲ့ 
သက်ဆုံးတိုင်
ဇွဲနဘဲနဲ့ ................ရိုးသားစွာ. ဖက်ဆစ်မြန်မာ့စစ်အာဏာရှင်စနစ်..တော်လှန်ရေးမှာ......တထောင့်တနေရာကပါဝင်ကြဖို့ ။
**ရဲရင့်သက်ဇွဲ**
၁၃ အောက်တိုဘာ ၂၀၁၀
**အမေရေ
ဝေးလွင့်ခြင်း ရဲ့ 
ခြေရာတွေထဲမှာ
တိကျတဲ့ အနာဂတ်အတွက်
အိပ်မက်တွေပါတယ် ။
**အမေရေ
သွေးနဲ့ စိုက်ခဲ့တဲ့
နှင်းဆီခင်း
ရဲရင့်ခြင်းရဲ့  သင်္ကေတ
ဆူးခက်တွေနဲ့ 
လှပ မွှေးမြနေခဲ့ ။
**အမေရေ
မနာလိုသူတွေ
အုံနဲ့  ကျင်းနဲ့ 
ပိတ်ဆို့ တားဆီး
အမုန်းတရားက
အလျှံ တငြီးငြီး တောက်လောင် လို့ ။
**အမေရေ
ပကတိ အရှိတရား
ရေသောက်မြစ်များကတော့
ခေတ်တိုင်းရဲ့ 
မျိုးဆက်တိုင်းမှာ
ရှင်သန်ကြတယ် ။
**အမေရေ
အမေရဲ့သားစစ်စစ်လို
အမေ့သားတွေကို
ပြောပြပေးပါ။
ရဲရဲ
ရင့်ရင့် နဲ့ 
သက်ဆုံးတိုင်
ဇွဲနဘဲနဲ့ ................ရိုးသားစွာ. ဖက်ဆစ်မြန်မာ့စစ်အာဏာရှင်စနစ်..တော်လှန်ရေးမှာ......တထောင့်တနေရာကပါဝင်ကြဖို့ ။
**ရဲရင့်သက်ဇွဲ**
၁၃ အောက်တိုဘာ ၂၀၁၀
No comments:
Post a Comment