
**အိမ်ဆိုတာ
ငြိမ်ဆိတ်အေးချမ်း
ဘေးမသန်းတဲ့ ကဗျာကလေးပါ။
**အိုးအိမ် မရှိရင်
ညှိုးမှိန်စရာ အတိ။
အလုပ်လုပ်ရာက ပြန်လာ
စိတ်ချမ်းသာ ကိုယ်ချမ်းသာ အပန်းဖြေ
မလေမလွင့် အခြေနှင့်
နေစချင်ဖွယ် သိုက်မြုံကလေးပေါ့။
**ကလေးအတွက်
အသွေး တက်စေတဲ့
အားဆေးတခွက်ပါ။
**မေတ္တာနဲ့ ကိုယ့်ကျင့်တရား
စီးပွားတိုးတက်
အမျိုးအတွက်ပါ အကျိုးဆောင်တဲ့
အိမ်ထောင် မိသားစု
သမုဒယ စံအိမ်ကလေး တခုပေါ့။ ။
**တင်မိုး**
(၂၆၊ ဇူလိုင် ၁၉၉၉- တနင်္လာနေ့ နံနက်ခင်း)
(တင်မိုး ကဗျာပေါင်းချုပ်မှ)
**အိမ်ဆိုတာ
ငြိမ်ဆိတ်အေးချမ်း
ဘေးမသန်းတဲ့ ကဗျာကလေးပါ။
**အိုးအိမ် မရှိရင်
ညှိုးမှိန်စရာ အတိ။
အလုပ်လုပ်ရာက ပြန်လာ
စိတ်ချမ်းသာ ကိုယ်ချမ်းသာ အပန်းဖြေ
မလေမလွင့် အခြေနှင့်
နေစချင်ဖွယ် သိုက်မြုံကလေးပေါ့။
**ကလေးအတွက်
အသွေး တက်စေတဲ့
အားဆေးတခွက်ပါ။
**မေတ္တာနဲ့ ကိုယ့်ကျင့်တရား
စီးပွားတိုးတက်
အမျိုးအတွက်ပါ အကျိုးဆောင်တဲ့
အိမ်ထောင် မိသားစု
သမုဒယ စံအိမ်ကလေး တခုပေါ့။ ။
**တင်မိုး**
(၂၆၊ ဇူလိုင် ၁၉၉၉- တနင်္လာနေ့ နံနက်ခင်း)
(တင်မိုး ကဗျာပေါင်းချုပ်မှ)
No comments:
Post a Comment