မြန်မာစာများ၌ အရေးကြီးပြီ၊ သွေးစည်းကြစို့ဟု ရေးလေ့ရှိ၏။ သို့သော် စာရေးသူက ဤနှယ်သွေဖယ်
်၍အ ရေး ကြီးပြီ၊ ဘေးတီးကြစို့´ဟု ဘာ့ကြောင့် ရေးပါသနည်း။ မစ္စတာဆန်တာကလော့စ် အခေါ်ခွေးခ
လောက်ဆွဲ မဲ့ရွေးကောက်ပွဲက နီးသထက်နီးလာပါပြီ၊ နိုဝင်ဘာလ ၇ ရက်ဆိုတာ လက်ချိုးရေရင် ၁လ
တောင် မလိုတော့ဘူး။ နီးသထက်နီးလာလေ မဟာဇော်မှာ နေမထိ ထိုင်မထိဖြစ်လာလေ။သြော်…
မြန်မာပြည်သားတွေ ကျနော်တို့မြန်မာနိုင်ငံသားတွေ… သမိုင်းကို ပြန်ကြည့်ရင်…။နှစ်ပေါင်း (၁၂၄)နှစ်
အင်္ဂလိပ် ကျွန်ဖြစ်ခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်း, လို့ ပုဂ္ဂိုလ်မျိုးပေါ်ပေါက်ခဲ့လို့သာ ၁၉၄၈ ခုနှစ်မှာ
လွတ်လပ်ရေးရခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း, တကယ်လို့ မပေါ်ပေါက်ခဲ့ရင် ခုချိန်ထိများ သူ့ကျွန်ဖြစ်
နေမလား…။ဤခေါင်းစဉ်အရ စာရေးသူက ဘေးတီးပေးလိုပါသည်။ နိုင်ငံရေးကိုနားလည်ပါ၊ စစ်ကျွန်
်ဖြစ်ခဲ့တာ နှစ်ပေါင်း ဘယ်လောက်ကြာပြီလဲ၊ ဆက်ပြီးတော့ စစ်ကျွန်ဖြစ်ချင်လား၊ စစ်ကျွန်ဘ၀မှာ နေ
ခဲ့ရတဲ့၊ ဒုက္ခတွေ၊ ဆိုးကျိုးတွေ ကိုယ်တိုင်ခံစားရသည်။ ကိုယ့်တိုင်းပြည်မှာ နေလို့မရ၊ သမုဒ္ဒရာဝမ်းတစ်
ထွာ အူကရှစ်မီတာ၊ နေ့စဉ်ပြည့်အောင်ဖြည့်ဘို့ သူများနိုင်ငံမှာ အခစားလုပ်ရသည်။ ဒါတွေဟာ စစ်ကျွန်
်ဘ၀ရဲ့ ဆိုးဝါးတဲ့ အနိဌာရုံတွေဘဲ မဟုတ်ပါလား...။အကြောင်းတိုက်ဆိုင်လို့ ကိစ္စလေးတခုတင်ပြလိုက်
်ပါဦးမည်။ မကြာသေးမီက အားရက်တစ်နေ့ စာရေးသူ၏ အောင်မြေ ဘုံရိပ်သာလေးသို့ အသိမိတ်ဆွေ
ထဲက `အူကြောင်ကြား´တယောက် ရောက်လာ၏။ ထိုင်ဘို့နေရာ ပေးလိုက်တော့ သူက၀င်ထိုင်၏။
`ဘယ့်နှယ်လဲ ကိုယ့်လူ ဆိုင်းမဆင့် ဗုံမဆင့် ဘယ်ဂျောက်ထဲက ထွက်လာတာတုံး´လို့ စာရေးသူက
ကိုယ့်ဝသီလေးနဲ့ မေးလိုက်တော့ `ဆရာ့ဆီကို တည့်တည့်လာတာပါဗျာ- ဘယ်ဂျောက်ကမှ မဟုတ်
ပါဘူး´တဲ့ ဒီလိုဆိုတော့ စာရေးသူက `ကိုယ့်လူကြည့်ရတာ ပါးစပ်လေး တပြင်ပြင်နဲ့ ဘာပြောစရာရှိ
တုန်း- ပိုက်ဆံတော့ချေး စရာမရှိဘူး၊ စကားပြောလို့တော့ ရတယ်´ဆိုတော့ သူက `ဆရာ့ကို ဒေါ်အောင်
်ဆန်းစုကြည့်´နဲ့ ပတ်သက်လို့ ခံယူချက်လေးသိချင်လို့ပါတဲ့။ `ဟိုက်ရှားလပတ်ရည်၊ တယ်ကြီးကျယ်လှပါ
လားကိုယ့်လူ- ဘာခံယူချက်ကို ပြောရမှာလဲ´ ဆိုတော့ `ဆရာ ဒေါ်စုကို လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တယောက်
်လို့ ဘာ့ကြောင့် ခံယူထားတာလဲ´တဲ့...။`ဒီမှာ ကိုယ့်လူ ကျုပ်ပြောမယ်နားထောင် ကျုပ် ဒေါ်စုကို သူ့ရဲ့ နိုင်ငံ
ရေးအမြင့်တွေ၊ သဘောထားတွေ၊ သူရဲ့ ပညာအရည်အချင်းတွေ၊ ဒါတွေမပါသေးဘူး။ မပါနဲ့ဦးထားလိုက်တော့ အမျိုးသားခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့၊ တစ်ဦးတည်းသော သမီးဆိုတဲ့ ဂုဏ်အင်္ဂါအရကို နံပါတ်(၁)
အရ လေးစားသွားပြီ၊ ကဲဘယ့်နှယ်တုန်း´ ထိုသူမှာ ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်နေ၏။ ကျနော်က ဆက်ပြော
လိုက်သည်။ `ဒီတော့ နိုင်ငံသားတွေ ဒီမိုကရေစီ အခွင့်အရေးတွေရဖို့ ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ဖို့ အနစ်နာ
ခံပြီး တိုက်ပွဲတွေဝင်နေတာ သူဘ၀ကြီးက `သူများ ရီဖို့ ကိုယ်ငိုမယ်´ဆိုတာမျိုးဖြစ်မနေဘူးလား။ ဒါတွေ ပေါင်း
စပ်လိုက်ရင် အလွန်တကာ့ အလွန်လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တယောက်ဖြစ် မသွားဘူးလား´ဆိုတော့ `ကျနော်တို့က ဆရာ့လောက် ဥာဏ်မမှီဘူးဆရာ´တဲ့ သူ့လေသံက နည်းနည်းပြောင်းသွားတယ်လို့ စာရေးသူထင်လိုက်မိသည်။ စာရေးသူက ဆက်ပြီး...။
`ကဲ ဒါဆိုရင် ခုဒို့မြန်မာပြည်မှာ သန်းရွှေ၊ မောင်အေး၊ အမိန့်အရ တစ်ဖက်သတ်ရွေးကောက်ပွဲကြီး တစ်ပြည်လုံးမှာ ကျင်းပတော့မယ် ကိုယ့်လူ သဘောအရဆိုရင် ဘယ်ပါတီကို အသဲကြားက မဲတစ်ပြား ပေးမတုန်း´လို့ မေးလိုက်တော့ သူ့အဖြေက ဘာတဲ့... ဒီအဖြေမျိုးတွေကို စာရေးသူ ဒီတလော စကားပြောဖြစ်တဲ့ လူတွေတော်တော်များများထံက ကြားနေရသည်။ `သြော်... ကြားရ၊ ကြားရ နားဝ တကတဲ မရွှင်ပျနိုင်ဘူး။ သဲရင်ဝ လှိုက်ခါဖို အောင်မယ်လေး... ဆရာရဲရင်အောင်ရဲ့ ဟိုကောင်မလေးက အပျိုလား´လို့ ငိုချင်းတောင်ချလိုက်ချင်တော့...။
အရပ်ကိတဲ့မှ အားမနာ `သူတို့ အထည့်ခိုင်းတဲ့ ပါတီကိုဘဲထည့်ရမှာပေါ့ ဆရာတဲ့´သွားပါပြီ၊ သွားပါပြီ ဒီလိုအတွေးအခေါ်တွေ ပြီးရင်ပြီးတာဘဲဆိုတဲ့ စိတ်တွေ ဒါတွေ မပြောင်းသရွေ့တော့ ကျနော်တို့ မြန်မာပြည်ကြီးမှာ အဆိပ်ပင်ကြီးက- ကြီးသည်ထက်ကြီး၊ ရှင်သည်ထက်ရှင်နေဦးမှာမလွဲပါ။ ဘာ့ကြောင့်လဲ အဆိပ်ပင်ကြီးကိုဘဲ ပြည်သူတွေက ရေ၀ိုင်းလောင်းကြဦးမှာ...။
သို့အတွက် စာရေးသူက အရေးကြီးတဲ့ အချိန်ရောက်လာပါ၍ ဘေးတီပေးလိုပါ၏။ ပြည်သူတွေ ပြီးရင်ပြီးရော စိတ်တွေဖျောက်ပစ်ကြပါ။ လူသစ်ဝါဒကို စွဲကိုင်ထားတဲ့ ဘောင်းဘီဝတ်တဖြစ်လဲ ကြံ့ဖွတ်ဆိုတဲ့ မသူတော်ကောင်တွေကို အောင်ပွဲမခံပါစေနဲ့။ (၄၈)နှစ်ကြာအောင် စစ်ဖိနပ်အောက်နေခဲ့ရတာကို ပြန်ပြောင်းစဉ်းစားတတ်ကြဘို့ လိုပါသည်။
ဒီတော့ ဘာတွေလုပ်ကြမလဲ `ဘာလုပ်ဖို့လဲ ငါဆုပ်လို့ ဖြဲ´ဆုပ်ဗြဲ ပစ်လို့တော့မရဘူး။ ဒါက ဥပဒေအရငြိစွန်းနေတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားတဲ့ စကားတခွန်း ဥပဒေအရ အလွန်ထိရောက်ပါတယ်။ `ပြည်သူတွေမှာ မဲပေးဘို့အခွင့်အရေးရှိသလို၊ မဲမပေးဘဲနေလို့ရတာလဲ ဥပဒေအရ အခွင့်အရေးဘဲ´လို့ ဆိုထားပါတယ်။ ရိုးရိုးလေးဘဲဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ လူပုဂ္ဂိုလ်၊ ကိုယ်ကြိုက်တဲ့ပါတီမဟုတ်ဘူးဆိုရင် မထည့်ဘဲနေလို့ ရပါတယ်။ ဒါဟာ ပြဿနာမဟုတ်ပါဘူး။ အဓိက ကတော့၊ မြန်မာပြည်သားတွေမှာ ရှိနေတဲ့ အကြောက်တရား၊ သေနတ်ကို ကြောက်နေတဲ့ စိတ်တွေ ဒါတွေကို ဖျောက်ဖျက်ပစ်ဘို့ လိုအပ်လှပါပြီ။
ဒီလိုတော်လှန်ရေးစိတ်ဓာတ်တွေ၊ မကြောက်တဲ့စိတ်ဓာတ်တွေ၊ မြန်မာပြည်သားတွေမှာ မရှိသရွေ့တော့... ဟို ပုံပြင်ကလေး တခုလို ကိုသာအေးသားအဖ လိပ်မွေးတဲ့ပုံပြင်လိုဖြစ်သွားတတ်ပါတယ်။
`ဟိုတုန်းက တက်ဝင်ရွာမှာ ကိုသာအေး သားအဖနှစ်ယောက် လိပ်မွေးသတဲ့...။ လိပ်ကို အင်တုံထဲ ထည့်မွေး၊ အစာကျွေး လိပ်ကြီးက တဖြည်းဖြည်းကြီးလာတော့ အင်တုံမဆန့်တော့ဘူး။ ဒီတော့ သားက `အဖေ လိပ်ကြီးကကြီးလာပြီဗျ။ ဘယ်လိုလုပ်မတုန်း´ဆိုတော့ အဖေက `တယ် အ, တဲ့ကောင် အိမ်ဝိုင်းထဲ ပေါက်တူးနဲ့ မြေကြီး၊ ကန်တူး၊ ရေထည့်ပြီး မွေးပေါ့ကွာ´ဆိုတော့ သားက အဖေမှာတဲ့အတိုင်း လုပ်သတဲ့။ ဒီလိုနဲ့ အစာမှန်မှန်ကျွေး ကြာကြာမွေးထား၊ လိပ်ကကြာလေကြီးလေ, ကြီးလေ၊ ကြာကြီးဖြစ်လေတော့ `ကန်´မဆံ့ပြန်ဘူး။ `အဖေ ကန်မဆံ့ပြန်ဘူးဗျ။ ဘယ်လိုလုပ်မတုန်း´ ဆိုပြန်တော့ အဖေက `ဟကောင် ငါ့လာလာမေးမနေနဲ့ ကန်ချဲ့တူးပေါ့ကွ´ဆိုတော့ ကြီးလိုက်- ချဲ့လိုက်၊ ချဲ့လိုက်- ကြီးလိုက်နဲ့ သားပြောတာ မယုံလို့ တစ်နေ့ ကိုသာအေး ရှောက်ပတ်ကြည့်တော့ (ဖြည်းဖြည်းဖတ်ပါ)လိပ်ကြီးတာနဲ့ကို သာအေးကြုံရပါလေရော (ဒီနေရာကို ကျေးဇူးပြု၍ ပြောင်းပြန်မဖတ်ပါနဲ့) ဒီတော့ ချဲ့တူးလိုက်တာ ကိုသာအေး သားအဖ အိမ်ဝိုင်းမြေလည်း အိမ်နေရာဘဲ ကျန်တော့တယ်။ မြေတစ်ကွက်လုံး အိမ်တစ်ဝိုင်းလုံး လိပ်ကန်ဖြစ်သွားပြီ။
ဒီတော့ ဒီပုံပြင်ထဲကလို လိပ်က ကြီးလာတိုင်း ကန်ကိုချဲ့- ချဲ့တူးနေရရင်တော့ ပြည်သူတွေမှာ နောက်ဆုံး ကိုသာအေး သားအဖရဲ့ဘ၀လို နေစရာအိမ်မဲ့ယာမဲ့ဖြစ်ရသလို ဒီရွေးကောက်ပွဲမှာ အရွေးမှားသွားရင်ဖြင့် အဝေးသွားစရာ မလိုပါဘူး။ နဂိုရှိပြီးသား သုံးဂြိုင်းဂင်းမှာ တွင်းနက်နက်သာတူးကြပေတော့လို့ မေတ္တာုစကားနဲ့ လှစ်ခါပါးလိုက်ပါတယ်။
စာရေးသူက ရေးလက်စပုံပြင်လေးကို နဂုံးကပ္မအဆုံးသတ်ရရင်ဖြင့် ကိုသာအေး သားအဖ လိပ်ကြီးအတွက်ချဲ့စရာ မြေမရှိတော့ ရွာက ဥက္ကဌ(ငှက်ကထ)ကို တိုင်ပင်ပြီးတော့ လိပ်ကြီးကို ပေါ်ပြီး(သတ်ပြီး)ရွာထဲမှာ လိပ်သားရောက်လိုက်ရတာပေါ့။
ကံအားလျှော်စွာဘဲ အတော်ရောက်ကောင်းပါသတဲ့ ယောင်္ကျားတွေကတော့ ၀ယ်တာနည်းတယ်၊ တစ်ရွာလုံးမှာရှိတဲ့ မိန်းမတွေက အလုအယက် ကြိတ်ကြိတ်တိုး ၀ယ်ကြသတဲ့။ ရောင်းလို့တောင် မလောက်တော့ဘူး။
ဘာဖြစ်လို့ မိန်းမတွေ အလုအယက် ၀ယ်ကြတာလဲ အခြေအမြစ်ကို ဂဃနဏ ဆန်းစစ်လိုက်တော့ `ကိုသာအေး သားအဖရဲ့ လိပ်က လိပ်မ, မဟုတ်ဘူး။ လိပ်ထီးကြီးတဲ့။ မိန်းမတွေဟာ လိပ်ထီးသားကိုစားရင် တသွေးတမွေးလှလှလာသတဲ့။ ဒါကြောင့် မိန်းမတွေဟာ လိပ်ထီးသားကို အလုအယက်ဝယ်ကြတာပါလို့ ရွာတောင်ပိုင်းက အဖွား ဒေါ်မဲချိပ် ထံက ဗဟုသုတဖြစ်ဖွယ်ရာသတင်းစကားကြားခဲ့ရပါတယ်။ မှတ်သားစရာတစ်ခုကတော့ မိန်းမသားတွေဟာ လိပ်မနဲ့ မတည့်ဘူး။ လိပ်ထီးနဲ့ဘဲ တည့်ပါကြောင်း စကားလက်ဆောင်ပါးဘိုက်ရပါတယ်။
ပင်ပန်းသရွေ့ အစဉ်ချမ်းမြေ့ကြပါစေ…
**မဟာဇော်- မကွေး **
မြန်မာစာများ၌ အရေးကြီးပြီ၊ သွေးစည်းကြစို့ဟု ရေးလေ့ရှိ၏။ သို့သော် စာရေးသူက ဤနှယ်သွေဖယ်၍ အရေး

No comments:
Post a Comment