(ဘဂ္ဂဒက်၊ အောက်တိုဘာလ ၂၀-ရက်)
အီရတ်နိုင်ငံရှိ ကုလသမဂ္ဂသံတမန်အကြီးအကဲတစ်ဦး စီးနင်းလိုက်ပါသော ယာဉ်တန်းသည် အောက်တိုဘာလ ၁၉-ရက်နေ့က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသော်လည်း ယာဉ်တန်းတွင် လိုက်ပါလာသူ ကုလသံတမန် အကြီးအကဲမှာ အသက်ဘေးမှ လွတ်ကင်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** အာဖဂန်နစ္စတန်ရောက် ဆွီဒင်တပ်ဖွဲ့ကိစ္စ အစိုးရအဖွဲ့နှင့် အတိုက်အခံပါတီ ဆွေးနွေးမည် **
(စတော့ဟုမ်း၊ အောက်တိုဘာလ ၂၀-ရက်)
အာဖဂန်နစ္စတန်နိုင်ငံတွင် မိမိတို့၏ တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ထားမှုနှင့် ပတ်သက်၍ အဓိကအတိုက်အခံပါတီနှင့် သဘောတူညီမှုရရှိရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆွီဒင်ဝန်ကြီးချုပ် ဖရက်ဒရစ်ရင်းဖဲလ်က အောက်တိုဘာလ ၂၀-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** လက်ဘနွန်ဝန်ကြီးချုပ် လုပ်ကြံခံရမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ စမ်းသပ်ဖောက်ခွဲမှု လုပ်ဆောင် **
(ပါရီ၊ အောက်တိုဘာလ ၂၀-ရက်)
ကုလသမဂ္ဂတရားရေးဆိုင်ရာ အဖွဲ့တစ်ဖွဲ့က ယခင် လက်ဘနွန်ဝန်ကြီးချုပ် ရာဖစ်ခ်ဟာရီရီလုပ်ကြံခံရမှုကို စုံစမ်းစစ်ဆေးရာတွင် ပါဝင်သော အစိတ်အပိုင်းတစ်ရပ်အဖြစ် စမ်းသပ်ဖောက်ခွဲမှုတစ်ရပ်ကို ပြင်သစ် စစ်အခြေစိုက်စခန်းတစ်ခု၌ အောက်တိုဘာလ ၁၉-ရက်နေ့တွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (အေပီ)
** မီဂီမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံသား နှစ်သိန်းကျော် အိုးအိမ်မဲ့ဖြစ် **
(မနီလာ၊ အောက်တိုဘာလ ၂၀-ရက်)
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ၀င်ရောက်တိုက်ခတ်ခဲ့သော စူပါတိုင်ဖွန်းမီဂီကြောင့် လူ ၁၉ ဦးသေဆုံး၍ ၂၀၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း အောက်တိုဘာလ ၂၀-ရက်နေ့တွင် သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အာကာကျော် **
** ကုလအထူးကိုယ်စားလှယ်၏ ယာဉ်တန်း အီရတ်၌ ဗုံးခွဲတိုက်ခိုက်ခံရ **

No comments:
Post a Comment