** လူတစ်ဦးကို တစ္ဆေအဖြစ်မှားယွင်းယူဆရာမှ မိသားစုတစ်စုလုံး တတိယအထပ်မှ
ကြောက်လန့်ခုန်ချ **
(ပါရီ၊ အောက်တိုဘာလ ၂၄-ရက်)
ပြင်သစ်နိုင်ငံမြို့တော်ပါရီ ဆင်ခြေဖုံးဒေသ၌ နေထိုင်သော မိသားစုတစ်စုသည် လူတစ်ဦးကို သရဲတစ္ဆေအဖြစ် ထင်မြင်ယူဆကာ ၄င်းတို့နေထိုင်ရာ တတိယအထပ်တိုက်ခန်းပြတင်းပေါက်မှ အလန့်တကြားခုန်ချထွက်ပြေးခဲ့ခြင်းကြောင့် ၁၀ ဦးဒဏ်ရာရရှိပြီး ကလေးတစ်ဦးသေဆုံးခဲ့ကြောင်း အောက်တိုဘာလ ၂၄-ရက်နေ့ တသင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** ဗြိတိန်၏ ပင်လယ်ပြင်လုံခြုံရေးအတွက် ပြင်သစ်ကို အားထားရတော့မည်ဟုဆို **
(လန်ဒန်၊ အောက်တိုဘာလ ၂၄-ရက်)
ဗြိတိန်တော်ဝင်လေတပ်မတော်၏ နင်းရော့ဒ်သူလျှိုလေယာဉ်များကို ပျံသန်းမှုအနားပေးခဲ့ခြင်းကြောင့် ဗြိတိန်၏ ကာကွယ်ရေးစွမ်းပကားသည် အင်အားယုတ်လျော့ခဲ့ရာ ရေကြောင်းတိုက်ခိုက်မှုများကို ကာကွယ်တားဆီးရန် ပြင်သစ်နိုင်ငံကိုသာ အားထားရတော့မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံထုတ် သည်ဆန်းသတင်းစာက အောက်တိုဘာလ ၂၂-ရက်နေ့တွင် ဖော်ပြသည။ (အင်တာနက်)
** စက်ရုပ်လက်နက်နည်းပညာများဆိုင်ရာ ကျင့်ဝတ်ဥပဒေများ ပြဌာန်းရန် ကုလသမဂ္ဂတိုက်တွန်း **
(ကုလသမဂ္ဂ၊ အောက်တိုဘာလ ၂၄-ရက်)
မောင်းသူမဲ့လေယာဉ်ကဲ့သို့သော လူမဲ့စစ်လက်နက်များကို စစ်မြေပြင်၌ အသုံးပြုခြင်းသည် ဥပဒေအရ ဘောင်ဝင်ခြင်းရှိ၊ မရှိနှင့် ကျင့်ဝတ်အရ သင့်၊ မသင့်ကို လေ့လာသုံးသပ်ရန် အဖွဲ့အစည်းတစ်ရပ် ထူထောင်သင့်ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးက အောက်တိုဘာလ ၂၂-ရက်နေ့တွင် တောင်းဆိုခဲ့သည်။ (အင်တာနက်)
** ဟေတီ၌ ၀မ်းရောဂါဖြစ်ပွားသေဆုံးသူ ၂၀၀ ကျော်အထိရှိ နိုင်ငံမြို့တော်ကိုပါ ကူးစက်လာ **
(ပေါ်တိုပရင့်စ်၊ အောက်တိုဘာလ ၂၄-ရက်)
ဟေတီနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသော ၀မ်းရောဂါသည် မြို့တော်ပေါ်တိုပရင့်စ်အတွင်းထိ ကူးစက်လာခဲ့ရာ ၀မ်းရောဂါဖြစ်ပွားသူ ငါးဦးကို စိစစ်တွေ့ရှိရကြောင်းကုလသမဂ္ဂက ယနေ့တသင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အာကာကျော် **
t

No comments:
Post a Comment