(၁)
နေညိုချိန်
ပြိုကွဲဘ၀များရဲ့ အတွေးစုရပ်။
(၂)
`ဖက်ဆစ်´နဲ့ `နယ်စပ်´က
သမီးနဲ့ သား
အခြားသောသူများ။
ရေဒီယိုထဲပါနေကျ
အာသီသများ
အန်ဖတ်များ။
ကြိုးဝိုင်းထဲက
လက်ညှိုးနဲ့
လက်မများ။
လမ်းမတွေထက်က
လက်သီးစုပ်နဲ့
လက်အုပ်ချီများ
(၃)
တာဝေးပြေးပွဲမှာ
ပူးတွဲ ပထမ- မရှိ။ ။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများ၊ ၁၀ ဇူလိုင်လ ၂၀၀၄)
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
(၁)
နေညိုချိန်
ပြိုကွဲဘ၀များရဲ့ အတွေးစုရပ်။
(၂)
`ဖက်ဆစ်´နဲ့ `နယ်စပ်´က
သမီးနဲ့ သား
အခြားသောသူများ။
ရေဒီယိုထဲပါနေကျ
အာသီသများ
အန်ဖတ်များ။
ကြိုးဝိုင်းထဲက
လက်ညှိုးနဲ့
လက်မများ။
လမ်းမတွေထက်က
လက်သီးစုပ်နဲ့
လက်အုပ်ချီများ
(၃)
တာဝေးပြေးပွဲမှာ
ပူးတွဲ ပထမ- မရှိ။ ။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများ၊ ၁၀ ဇူလိုင်လ ၂၀၀၄)


No comments:
Post a Comment