
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
(၁)
အာရှ၊ အာဖရိက၊ လက်တင်အမေရိက တလွှား
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲသံများ တဖြောင်းဖြောင်း
အဟောင်းနဲ့ အပြောင်းအလဲတို့ သဲကြီးမဲကြီး
တော်လှန်စစ်အလံများ ဖွေးဖွေးလှုပ်ကြွ
ပြည်သူ့ သူရဲကောင်းများရဲ့ ခမ်းနားမှုတွေ
ကမ္ဘာကြီးရဲ့ ရင်ခွင်ကြား ထွေးလျှားဝှေ့ယှက်။
(၂)
လွတ်လပ်ရေးကျောက်တိုင်ရှေ့ အနေခက်သူများက
`ရာဇဓမ္မ´ကို ကိုင်ထားနိုင်တဲ့အခါ
မယ်ပြိုင်ပွဲရဲ့ ပေါင်တံအဖွေးသားတွေ လူရှေ့သူရှေ့
စစ်မီးတောက်ထဲ မုဆိုးမတွေ
ဟောတယောက် ဟောတယောက်
`ပြည်တော်သာရမည်´ဆိုတာလဲပါရဲ့။
(၃) (အခုခါ အပျိုးကြီးဖားဖား)
အမျိုးသမီးများ အခွင့်အရေးဆိုတာ
`မွန်ရိုး´ရဲ့ ကံကြမ္မာနဲ့ ထပ်တူထပ်မျှ
ဗီယက်နမ်မိခင်များမှအစ
မြရာပင်ကြောထဲက သားချော့တေးသံ။
(၄)
ပြည်ချစ်စိတ်ဓာတ်တို့ ကိုယ်ပိုင်နံပါတ် အတပ်ခံရတဲ့အခါ
`မျှော်ပေါ့ လေးနာရီ´မရှိနိုင်တော့ပြီ။
(၅)
အမေ ဒေါ်ကြည်ကြည်ပါ
ခေတ်ရဲ့ ဖတ်စာကိုရိုးရိုးသားသားဖတ်သွားနိုင်သူ။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)

**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
(၁)
အာရှ၊ အာဖရိက၊ လက်တင်အမေရိက တလွှား
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲသံများ တဖြောင်းဖြောင်း
အဟောင်းနဲ့ အပြောင်းအလဲတို့ သဲကြီးမဲကြီး
တော်လှန်စစ်အလံများ ဖွေးဖွေးလှုပ်ကြွ
ပြည်သူ့ သူရဲကောင်းများရဲ့ ခမ်းနားမှုတွေ
ကမ္ဘာကြီးရဲ့ ရင်ခွင်ကြား ထွေးလျှားဝှေ့ယှက်။
(၂)
လွတ်လပ်ရေးကျောက်တိုင်ရှေ့ အနေခက်သူများက
`ရာဇဓမ္မ´ကို ကိုင်ထားနိုင်တဲ့အခါ
မယ်ပြိုင်ပွဲရဲ့ ပေါင်တံအဖွေးသားတွေ လူရှေ့သူရှေ့
စစ်မီးတောက်ထဲ မုဆိုးမတွေ
ဟောတယောက် ဟောတယောက်
`ပြည်တော်သာရမည်´ဆိုတာလဲပါရဲ့။
(၃) (အခုခါ အပျိုးကြီးဖားဖား)
အမျိုးသမီးများ အခွင့်အရေးဆိုတာ
`မွန်ရိုး´ရဲ့ ကံကြမ္မာနဲ့ ထပ်တူထပ်မျှ
ဗီယက်နမ်မိခင်များမှအစ
မြရာပင်ကြောထဲက သားချော့တေးသံ။
(၄)
ပြည်ချစ်စိတ်ဓာတ်တို့ ကိုယ်ပိုင်နံပါတ် အတပ်ခံရတဲ့အခါ
`မျှော်ပေါ့ လေးနာရီ´မရှိနိုင်တော့ပြီ။
(၅)
အမေ ဒေါ်ကြည်ကြည်ပါ
ခေတ်ရဲ့ ဖတ်စာကိုရိုးရိုးသားသားဖတ်သွားနိုင်သူ။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)


No comments:
Post a Comment