ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, October 2, 2010

ကိုယ့်အခွင့်အရေးကို ကိုယ်အသုံးချခြင်း

> ဒီရက်ပိုင်းကတော့ ရွေးကောက်ပွဲဆိုတဲ့ အသံတွေကပဲ စီစီညံနေတယ်ဆိုတာ လူတိုင်းသိပါတယ်။ ရွေး ကောက်ပွဲဟာ ဘာပဲပြောပြော မရှိတာထက်စာရင် ကောင်းတယ်လို့ ငြင်းခုံတဲ့သူတွေ ရှိနေသလို ရွေးကောက် ပွဲဝင်ပြီး ပါလီမန်တွင်းကနေ တိုက်ပွဲဝင်ယူမယ်။ နောင်မှာ တဖြည်းဖြည်းနဲ့ ပြင်ယူသွားမယ်ဆိုတဲ့ နိုင်ငံရေးပါတီ များလည်း ရှိနေပါတယ်။၊ တချိန်ထဲမှာလည်း ရွေးကောက်ပွဲကို မ၀င်ရေး၊ ရွေးကောက်ပွဲကို သပိတ်မှောက်ရေး၊ မဲရုံကိုသွားပြီး မဲမထည့်ရေးကို အဆိုတင်သူများလည်း ရှိပါတယ်။ အကယ်၍ ရွေးကောက်ပွဲသာ ချောချောမော မောဖြစ်ခဲ့မယ်ဆိုရင် စစ်အစိုးရက နောက်ခံပေးထားတဲ့ ကြံ့ဖွတ်ပါတီက နေရာအတော်များများမှာ အနိုင်ရဖို့ ကတော့ သေချာသလောက်ရှိနေပါတယ်။ နိုင်ငံရေးစိတ်ဝင်စားသူတိုင်းကလည်း အဲသလို ကြိုတင်သုံးသပ်ကြ ပါတယ်။

အကယ်၍ တစုံတဦးက ကျနော့်ကို မေးလာမယ်ဆိုပါတော့ ...။ ခင်ဗျားက ရွေးကောက်ပွဲ သပိတ်မှောက်ရေး လား သို့မဟုတ် ရွေးကောက်ပွဲလုပ်တာကို ထောက်ခံတဲ့ ဘက်ကလားလို့ မေးလာရင် ကျနော့်အဖြေကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ မဲမထည့်ဘူးဆိုတဲ့ အဖြေကို ပေးမှာဖြစ်ပါတယ်။ ကြိုတင်မဲလည်း မထည့်ဖူး။ မဲရုံကိုသွားပြီး လည်း မထည့်ဘူး။
တချို့ကတော့ ဆိုပါတယ်။ စစ်အစိုးရကို မကြိုက်ပေမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တာကိုတော့ လက်မခံ နိုင်ပါဘူးတဲ့။ ဘာဖြစ်လို့တုန်းဆိုတော့ ရွေးကောက်ပွဲဆိုတဲ့ အခွင့်အလမ်းကနေ နောင်မှာ ကိုယ်လိုချင်တာ တွေ ဖန်တီးယူသွားနိုင်တယ်လို့ ဆိုပါတယ်။ တချို့ကလည်း စစ်အစိုးရဟာ ရွေးကောက်ပွဲကို ကျင်းပပေးတာ ဟာ အကြောင်းရှိပါတယ်တဲ့။ ဘာအကြောင်းလဲဆိုတော့ စစ်တပ်ဟာ နိုင်ငံရေးကနေ တဖြည်းဖြည်းချင်း စနစ် တကျ ဆုတ်ခွာသွားနေတာလည်း ဖြစ်လို့ပါတဲ့။ အယူအဆကတော့ အမျိုးမျိုးပေါ့လေ။ ကိုယ့်အယူအဆကို ကိုယ်တင်ပြတာ တင်ပြခွင့်ရှိပါတယ်။
ကျနော် ဘာကြောင့် မဲသွားမထည့်ဘူးဆိုတာကို ပြောပြလိုပါတယ်။
နိုင်ငံသားတိုင်းမှာ မွေးရာပါ နိုင်ငံသားတဦးရဲ့ အခွင့်အရေးများရှိပါတယ်။ အဲဒီ့အခွင့်အရေးတွေ ပိတ်ပင်ခံထား ရတယ်ဆိုရင် ပိတ်ပင်တဲ့ အုပ်ချုပ်သူများကို ဝေဖန်ရမှာပဲဖြစ်ပါတယ်။ နိုင်ငံသားတွေဟာ ၂၀၀၈ ခုနှစ်က အ တည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအသစ်ကို ဘာမှန်းသေသေချာချာ မသိလိုက်ရဘဲ မဲထည့်ကြဆိုလို့ မဲထည့်ခဲ့ရပါတယ်။ နိုင်ငံသားတွေအနေနဲ့ မဲမထည့်ခင် အဲဒီ့ဖွဲ့စည်းပုံကို ပြန်လှန်ဆွေးနွေးခွင့်ရခြင်း မရှိခဲ့ပါဘူး။ မရဘူးဆိုတာက လည်း နိုင်ငံသားတွေဆီကို ချပြခဲ့တာမှ မဟုတ်တာကိုး။ သူတို့ဟာ သူတို့ ညီလာခံလုပ်။ သူတို့ဟာသူတို့ ဥပ ဒေတွေရေး၊ ပြီးတော့မှ လူတွေကို ဇွတ်အတင်း မဲထည့်ခိုင်းခဲ့တာ မဟုတ်လား။ မဲထည့်တော့လည်း မဲညစ်ပတ် တာတွေ အများကြီး၊ တိုင်းပြည်မှာ ဖြစ်ခဲ့တာလည်း လူတိုင်းသိနေပါတယ်။
အခုလည်း ရွေးကောက်ပွဲကို မဲထည့်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ် ဘာညာဆိုပြီး လုပ်လာပြန်ပါတယ်။ ကျုပ်တို့မှာ ဘာတာဝန်ရှိလို့တုန်းလို့ ပြန်မေးလိုပါတယ်။ အစကတည်းက သူတို့လုပ်ချင်သလို လုပ်ထားတယ်။ လူတွေကိုလည်း ဘာမှအသိမပေး။ လူတွေဆီက သဘောထား တောင်းခံတာလည်း မရှိ။ လူအများကြားမှာ အကျယ်တ၀င့် ရှင်းလင်းပြဆိုခဲ့တာလည်းမရှိ၊ လုပ်ချင်သလိုလုပ်ခဲ့ပြီးမှ အခုကျတော့ မဲထည့်ဖို့ တာဝန်ရှိတယ် ဆိုပြီးပြောတာ နည်းလမ်းကျပါ့မလား။ အဲတာကိုလည်း စစ်အုပ်စုနဲ့ နီးစပ်တဲ့ နိုင်ငံရေးပါတီတွေ၊ စစ်အုပ်စုနဲ့ မ နီးစပ်ပေမယ့် ရွေးကောက်ပွဲဝင်လိုသူ နိုင်ငံရေးပါတီများက ပြောလာပြန်ပါတယ်။
တခါ ရွေးကောက်ပွဲ မ၀င်ဘူးဆိုရင် နိုင်ငံရေးအခွင့်အလမ်းတခုကို လက်လွှတ်လိုက်သလို ဖြစ်သွားမယ်ဆိုပြီး ပြောနေတဲ့ ပညာရှင်အုပ်စုဆိုသူများလည်း ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာ အခုအတည်ပြုထားတဲ့ ဖွဲ့စည်းပုံဟာ အမေရိကန်ဖွဲ့စည်းပုံနဲ့ နင်လားငါလား ကောင်းမွန်တယ်လို့ ဟောပြောတဲ့ ပညာရှင်ဆိုသူများလည်း တွေ့ရပါ သေးတယ်။ အမေရိကန်တွေကြားရင် တက်တောင်သေဦးမယ်။ တကယ်လို့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအသစ် ဟာ အမေရိကန်ဖွဲ့စည်းပုံလို ထပ်တူနီးပါး ကောင်းပါတယ်ဆိုရင် ကောင်းတဲ့အကြောင်းကို ဘီဘီစီတီဗွီတို့၊ စီ အန်အန်တို့၊ အယ်ဂျာဇီးရားတီဗွီတို့မှာ ကမ္ဘာသိ ပြောရဲသလား (သို့) အမြင်မတူသူများနဲ့ ဒီဘိတ်လုပ်ရဲသလား၊ ဆွေးနွေးရဲသလားလို့ မေးချင်ပါသေးတယ်။
ဒါတင်မကသေးပါဘူး၊ မြန်မာပညာရှင်များက ဒီရွေးကောက်ပွဲကို နည်းနာတခုအနေနဲ့၊ နည်းဗျူဟာတခုအနေ နဲ့ အကျိုးရှိစွာ အသုံးချဖို့ဆိုတာလည်း ပြောပါသေးတယ်။ စိတ်ရှည်ရမယ်၊ သည်းခံရမယ်။ အချိန်ကောင်းကို စောင့်ရမယ်လို့လည်း ထပ်ဆောင်းဆိုပါသေးတယ်။ ဒါဟာ တကယ်စိတ်စေတနာ အမှန်နဲ့ ပြောတာလား (သို့) ကိုယ်ဖြစ်စေလိုတဲ့ လမ်းကြောင်းကို ချပေးခြင်တာလား ဆိုတာကတော့ ကာယကံရှင်တွေမှ သိမှာပါ။ နိုင်ငံ သားတွေကို ကိုယ်ဖြစ်စေလိုတဲ့ နည်းဗျူဟာအတိုင်း လိုက်လုပ်စေချင်ရင် အစကတည်းက လူတွေက အသိအ မှတ်ဝိုင်းပြုထားတဲ့ လူပုဂ္ဂိုလ်တွေ ဖြစ်ဖို့တော့ လိုတာပေါ့။ အသိအမှတ်ပြုတယ်ဆိုတာကလည်း အသိအမှတ် ပြုရလောက်အောင် ကောင်းမွန်တဲ့ ချီးကျူးခံရလောက်တဲ့ အလုပ်တွေ ဆက်တိုက်လုပ်ခဲ့မှ ဖြစ်မှာကိုး။
အခုတော့ အဲသလိုမဟုတ်ဘဲ ဘုရားသခင်က ခိုင်းလိုက်လို့၊ တိုက်ရိုက်လွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေလို ပဲ သူတို့နည်းဗျူဟာအတိုင်း လူတွေ လုပ်ဆောင်သင့်တယ်လို့ ပြောနေကြတာ နိုင်ငံသားတိုင်းမှာ အခွင့်အရေး ရှိတယ်လို့ ပြောခဲ့ပြီးသားပါ။ မဲထည့်ဖို့ လိုအပ်တယ်လို့ ယူဆရင် ထည့်မယ်။ မဲမထည့်သင့်ဘူးလို့ ယုံကြည်စရာ အကြောင်းတွေ ရှိနေရင်လည်း မဲမထည့်နိုင်ခွင့် လူတွေမှာ ရှိနေတယ်ဆိုတာကိုလည်း လက်ခံဖို့လိုတာပေါ့။ ဒီ မိုကရေစီမှာ သဘောထားကွဲပိုင်ခွင့် ရှိတာကိုး၊ ဟုတ်တယ်မို့လား။
အမှန်ဆိုရင် ဖြစ်သင့်တာက ဖွဲ့စည်းပုံအသစ်နဲ့ ပတ်သက်လို့ နိုင်ငံသားတွေအကြားမှာ ရေရေရာရာ ရှင်းပြတာ တွေ၊ ဆွေးနွေးတာတွေ လုပ်ခဲ့ဖို့လိုပါတယ်၊ ကောင်းတဲ့အချက်တွေ မကောင်းတဲ့ အချက်တွေကို ထောက်ပြ ခွင့် ပေးခဲ့ဖို့လိုပါတယ်။ ဘာဆိုဘာမှ လူတွေကို သိခွင့်၊ ကြားခွင့်၊ ဆွေးနွေးခွင့် မပေးခဲ့ဘဲ အခုကျမှ နိုင်ငံသား တိုင်း မဲထည့်သင့်တယ်လို့ ပြောနေတာ အရုပ်ဆိုးလွန်းတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ကျနော်တို့ မဲတွေထည့်ခဲ့ပါတယ်။ ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေးစနစ် အ ပြောင်းအလဲကို လိုချင်ကြလို့ပါ။ ရွေးကောက်ပွဲပြီးတာနဲ့ ဟုန်းကနဲ စီးပွားရေးကောင်းလာဖို့ မျှော်မြင်ပြီး မဲကို ထည့်ခဲ့ကြတာမဟုတ်ပါ။ သို့သော် အနှစ် (၂၀) သာ ကြာခဲ့တယ်။ နိုင်ငံသားတွေ ပေးခဲ့တဲ့ မဲတွေဟာ အမှိုက် တောင်းထဲ အထည့်ခံလိုက်ရသလိုပါပဲ။ ဘာမှ ဖြစ်မလာခဲ့ပါဘူး။ နိုင်ငံသားလူထုတွေရဲ့ဆန္ဒထက် သေနတ် ပြောင်းဝကသာ အဆုံးအဖြတ်ပေးတဲ့ ပေါ်လစီကို ကိုင်ထားခဲ့တာကိုး။ အခုလည်း လာပြန်ပြီ နောက်တခါ။ ရွေး ကောက်ပွဲအသစ်တဲ့။ အရင်တခါကလည်း အလိမ်ခံထားရပြီးပြီ။ ဘာဖြစ်လို့ မဲထည့်ရမှာတုန်း၊ နောက်တခါ ထပ်လိမ်မယ်ဆိုတာကြီးကို သိနေတဲ့ဥစ္စာပဲ။ နိုင်ငံရေးနည်းဗျူဟာတို့ ဘာတို့ ပြောပြီး လူတွေကို မဲထည့်ခိုင်း တဲ့ သူတွေကို ဘယ်လိုယုံကြည်ရမှာလဲ။ ပြီးတော့ အဲသည့်လူတွေဟာ ဘယ်ဥက ပေါက်တာတွေမှန်းလဲမသိ။ သူတို့ဟာ နိုင်ငံသားလူထုတွေဘက်ကလား (သို့) စစ်တပ်ရဲ့ ပျော်တော်ဆက်တွေလားဆိုတာ ကိုယ်တွေမှ မသိတာ။
နောက်တခုက မြန်မာနိုင်ငံဟာ ဆင်းရဲတွင်းနက်နေတာ နှစ်ပေါင်းများပါပြီ။ ဆင်းရဲတဲ့ အကျိုးဆက်အဖြစ် ငယ် ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ရတဲ့ လူဦးရေက များသထက် များလာနေပါတယ်။ ပညာတတ်တွေ နည်းနည်း လာနေပါတယ်။ လိုအပ်တဲ့အတိုင်းအတာတခုအထိ ပညာသင်ကြားနိုင်ခြင်းမရှိတဲ့ လူ့အဖွဲ့အစည်းတခုအတွင်း မှာ အသိပညာဗဟုသုတ သူများထက် နောက်ကျလေ့ရှိပါတယ်။ အဲတော့ကာ သူများထက် အသိပညာ ဗဟု သုတ နောက်ကျနေတဲ့ ကိုယ့်ရဲ့နိုင်ငံသားတွေကို လိုအပ်တဲ့ ပညာပေးမှုတွေ၊ အသိပေးမှုတွေ အစရှိတာတွေ ကိုတော့ မလုပ်ခဲ့ဘဲနဲ့ ရွေးကောက်ပွဲတော့ ရောက်လာပြီ၊ ကိုင်း ကိုင်း မဲသွားထည့်ကြလို့ ပြောရုံနဲ့တော့ ဒီမို ကရေစီကို တည်ဆောက်ဖို့ ရလိမ့်မယ်လို့ မထင်ပါ။ အရပ်စကားနဲ့ ပြောရရင် ဘာမှမသိတဲ့သူတွေကို နှပ်ချ တယ်လို့ ကျနော်ကတော့ စွပ်စွဲပါတယ်။
နိုင်ငံသားတွေအားလုံးနဲ့သက်ဆိုင်တဲ့ နိုင်ငံ့အရေးအရာ ကိစ္စတွေဟာ ဖြောင့်ဖြောင့်တန်းတန်းနဲ့ ရိုးရိုးသားသား လုပ်ရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ နည်းနာအရ နည်းဗျူဟာအရ ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါလို့ ပြောသင့်တာမျိုး မဟုတ်ပါဘူး။ သံတမန်ရေး၊ စစ်ရေး၊ စီးပွားရေး ... အစရှိတဲ့ ကိစ္စတွေမှာတော့ နည်းနာတို့ ဗျူဟာတို့ကြောင့် အဆုတ်၊ အတက်၊ အကွေ့၊ အပတ်တွေ ရှိပါတယ်။ သို့သော်လည်း နိုင်ငံသားတွေ ကြိုက်ခွင့် မကြိုက်ခွင့်၊ သ ဘောတူခွင့် မတူခွင့်တွေ ပါရှိနေတဲ့ နိုင်ငံရေးကိစ္စများမှာတော့ ပွင့်လင်းမှုနဲ့ သွားမှသာ အနာဂတ်အတွက် ရ လဒ်ကောင်းရမှာလည်း ဖြစ်ပါတယ်။ အကောင်းအဆိုး ခွဲခြားသိမြင်အောင် အကူအညီတော့ မပေးခဲ့ဘဲနဲ့ အခုမှ တက်ပါဦး၊ ဆုတ်ပါဦး၊ ကွေ့လိုက်ပါဦးဆိုပြီး လိုင်းခြပေးနေတဲ့သူများကို ကျနော်ကတော့ မယုံပါ။ မယုံရတဲ့သူ တွေ များနေလို့ ဒီရွေးကောက်ပွဲကို ကျနော်သာဆိုရင် မဲမပေးဖူးလို့ ပြောတာဖြစ်ပါတယ်။ နိုင်ငံသားတိုင်းဟာ ကိုယ့်အခွင့်အရေးကို ကိုယ်အသုံးချခွင့် ရှိပါတယ်။ ဒါသာလျှင် ဒီမိုကရေစီရဲ့အစိတ်အပိုင်းများထဲက တခုဖြစ်ပါ တယ်။ ။

**ဇော်မင်း**
(၃၀) ရက်၊ စက်တင်ဘာလ၊ ၂၀၁၀ ခုနှစ်

ဒီရက်ပိုင်းကတော့ ရွေးကောက်ပွဲဆိုတဲ့ အသံတွေကပဲ စီစီညံနေတယ်ဆိုတာ လူတိုင်းသိပါတယ်။ ရွေး ကောက်ပွဲဟာ ဘာပဲပြောပြော မရှိတာထက်စာရင် ကောင်းတယ်လို့ ငြင်းခုံတဲ့သူတွေ ရှိနေသလို ရွေးကောက် ပွဲဝင်ပြီး ပါလီမန်တွင်းကနေ တိုက်ပွဲဝင်ယူမယ်။ နောင်မှာ တဖြည်းဖြည်းနဲ့ ပြင်ယူသွားမယ်ဆိုတဲ့ နိုင်ငံရေးပါတီ များလည်း ရှိနေပါတယ်။၊ တချိန်ထဲမှာလည်း ရွေးကောက်ပွဲကို မ၀င်ရေး၊ ရွေးကောက်ပွဲကို သပိတ်မှောက်ရေး၊ မဲရုံကိုသွားပြီး မဲမထည့်ရေးကို အဆိုတင်သူများလည်း ရှိပါတယ်။ အကယ်၍ ရွေးကောက်ပွဲသာ ချောချောမော မောဖြစ်ခဲ့မယ်ဆိုရင် စစ်အစိုးရက နောက်ခံပေးထားတဲ့ ကြံ့ဖွတ်ပါတီက နေရာအတော်များများမှာ အနိုင်ရဖို့ ကတော့ သေချာသလောက်ရှိနေပါတယ်။ နိုင်ငံရေးစိတ်ဝင်စားသူတိုင်းကလည်း အဲသလို ကြိုတင်သုံးသပ်ကြ ပါတယ်။

အကယ်၍ တစုံတဦးက ကျနော့်ကို မေးလာမယ်ဆိုပါတော့ ...။ ခင်ဗျားက ရွေးကောက်ပွဲ သပိတ်မှောက်ရေး လား သို့မဟုတ် ရွေးကောက်ပွဲလုပ်တာကို ထောက်ခံတဲ့ ဘက်ကလားလို့ မေးလာရင် ကျနော့်အဖြေကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ မဲမထည့်ဘူးဆိုတဲ့ အဖြေကို ပေးမှာဖြစ်ပါတယ်။ ကြိုတင်မဲလည်း မထည့်ဖူး။ မဲရုံကိုသွားပြီး လည်း မထည့်ဘူး။
တချို့ကတော့ ဆိုပါတယ်။ စစ်အစိုးရကို မကြိုက်ပေမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တာကိုတော့ လက်မခံ နိုင်ပါဘူးတဲ့။ ဘာဖြစ်လို့တုန်းဆိုတော့ ရွေးကောက်ပွဲဆိုတဲ့ အခွင့်အလမ်းကနေ နောင်မှာ ကိုယ်လိုချင်တာ တွေ ဖန်တီးယူသွားနိုင်တယ်လို့ ဆိုပါတယ်။ တချို့ကလည်း စစ်အစိုးရဟာ ရွေးကောက်ပွဲကို ကျင်းပပေးတာ ဟာ အကြောင်းရှိပါတယ်တဲ့။ ဘာအကြောင်းလဲဆိုတော့ စစ်တပ်ဟာ နိုင်ငံရေးကနေ တဖြည်းဖြည်းချင်း စနစ် တကျ ဆုတ်ခွာသွားနေတာလည်း ဖြစ်လို့ပါတဲ့။ အယူအဆကတော့ အမျိုးမျိုးပေါ့လေ။ ကိုယ့်အယူအဆကို ကိုယ်တင်ပြတာ တင်ပြခွင့်ရှိပါတယ်။
ကျနော် ဘာကြောင့် မဲသွားမထည့်ဘူးဆိုတာကို ပြောပြလိုပါတယ်။
နိုင်ငံသားတိုင်းမှာ မွေးရာပါ နိုင်ငံသားတဦးရဲ့ အခွင့်အရေးများရှိပါတယ်။ အဲဒီ့အခွင့်အရေးတွေ ပိတ်ပင်ခံထား ရတယ်ဆိုရင် ပိတ်ပင်တဲ့ အုပ်ချုပ်သူများကို ဝေဖန်ရမှာပဲဖြစ်ပါတယ်။ နိုင်ငံသားတွေဟာ ၂၀၀၈ ခုနှစ်က အ တည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအသစ်ကို ဘာမှန်းသေသေချာချာ မသိလိုက်ရဘဲ မဲထည့်ကြဆိုလို့ မဲထည့်ခဲ့ရပါတယ်။ နိုင်ငံသားတွေအနေနဲ့ မဲမထည့်ခင် အဲဒီ့ဖွဲ့စည်းပုံကို ပြန်လှန်ဆွေးနွေးခွင့်ရခြင်း မရှိခဲ့ပါဘူး။ မရဘူးဆိုတာက လည်း နိုင်ငံသားတွေဆီကို ချပြခဲ့တာမှ မဟုတ်တာကိုး။ သူတို့ဟာ သူတို့ ညီလာခံလုပ်။ သူတို့ဟာသူတို့ ဥပ ဒေတွေရေး၊ ပြီးတော့မှ လူတွေကို ဇွတ်အတင်း မဲထည့်ခိုင်းခဲ့တာ မဟုတ်လား။ မဲထည့်တော့လည်း မဲညစ်ပတ် တာတွေ အများကြီး၊ တိုင်းပြည်မှာ ဖြစ်ခဲ့တာလည်း လူတိုင်းသိနေပါတယ်။
အခုလည်း ရွေးကောက်ပွဲကို မဲထည့်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ် ဘာညာဆိုပြီး လုပ်လာပြန်ပါတယ်။ ကျုပ်တို့မှာ ဘာတာဝန်ရှိလို့တုန်းလို့ ပြန်မေးလိုပါတယ်။ အစကတည်းက သူတို့လုပ်ချင်သလို လုပ်ထားတယ်။ လူတွေကိုလည်း ဘာမှအသိမပေး။ လူတွေဆီက သဘောထား တောင်းခံတာလည်း မရှိ။ လူအများကြားမှာ အကျယ်တ၀င့် ရှင်းလင်းပြဆိုခဲ့တာလည်းမရှိ၊ လုပ်ချင်သလိုလုပ်ခဲ့ပြီးမှ အခုကျတော့ မဲထည့်ဖို့ တာဝန်ရှိတယ် ဆိုပြီးပြောတာ နည်းလမ်းကျပါ့မလား။ အဲတာကိုလည်း စစ်အုပ်စုနဲ့ နီးစပ်တဲ့ နိုင်ငံရေးပါတီတွေ၊ စစ်အုပ်စုနဲ့ မ နီးစပ်ပေမယ့် ရွေးကောက်ပွဲဝင်လိုသူ နိုင်ငံရေးပါတီများက ပြောလာပြန်ပါတယ်။
တခါ ရွေးကောက်ပွဲ မ၀င်ဘူးဆိုရင် နိုင်ငံရေးအခွင့်အလမ်းတခုကို လက်လွှတ်လိုက်သလို ဖြစ်သွားမယ်ဆိုပြီး ပြောနေတဲ့ ပညာရှင်အုပ်စုဆိုသူများလည်း ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာ အခုအတည်ပြုထားတဲ့ ဖွဲ့စည်းပုံဟာ အမေရိကန်ဖွဲ့စည်းပုံနဲ့ နင်လားငါလား ကောင်းမွန်တယ်လို့ ဟောပြောတဲ့ ပညာရှင်ဆိုသူများလည်း တွေ့ရပါ သေးတယ်။ အမေရိကန်တွေကြားရင် တက်တောင်သေဦးမယ်။ တကယ်လို့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအသစ် ဟာ အမေရိကန်ဖွဲ့စည်းပုံလို ထပ်တူနီးပါး ကောင်းပါတယ်ဆိုရင် ကောင်းတဲ့အကြောင်းကို ဘီဘီစီတီဗွီတို့၊ စီ အန်အန်တို့၊ အယ်ဂျာဇီးရားတီဗွီတို့မှာ ကမ္ဘာသိ ပြောရဲသလား (သို့) အမြင်မတူသူများနဲ့ ဒီဘိတ်လုပ်ရဲသလား၊ ဆွေးနွေးရဲသလားလို့ မေးချင်ပါသေးတယ်။
ဒါတင်မကသေးပါဘူး၊ မြန်မာပညာရှင်များက ဒီရွေးကောက်ပွဲကို နည်းနာတခုအနေနဲ့၊ နည်းဗျူဟာတခုအနေ နဲ့ အကျိုးရှိစွာ အသုံးချဖို့ဆိုတာလည်း ပြောပါသေးတယ်။ စိတ်ရှည်ရမယ်၊ သည်းခံရမယ်။ အချိန်ကောင်းကို စောင့်ရမယ်လို့လည်း ထပ်ဆောင်းဆိုပါသေးတယ်။ ဒါဟာ တကယ်စိတ်စေတနာ အမှန်နဲ့ ပြောတာလား (သို့) ကိုယ်ဖြစ်စေလိုတဲ့ လမ်းကြောင်းကို ချပေးခြင်တာလား ဆိုတာကတော့ ကာယကံရှင်တွေမှ သိမှာပါ။ နိုင်ငံ သားတွေကို ကိုယ်ဖြစ်စေလိုတဲ့ နည်းဗျူဟာအတိုင်း လိုက်လုပ်စေချင်ရင် အစကတည်းက လူတွေက အသိအ မှတ်ဝိုင်းပြုထားတဲ့ လူပုဂ္ဂိုလ်တွေ ဖြစ်ဖို့တော့ လိုတာပေါ့။ အသိအမှတ်ပြုတယ်ဆိုတာကလည်း အသိအမှတ် ပြုရလောက်အောင် ကောင်းမွန်တဲ့ ချီးကျူးခံရလောက်တဲ့ အလုပ်တွေ ဆက်တိုက်လုပ်ခဲ့မှ ဖြစ်မှာကိုး။
အခုတော့ အဲသလိုမဟုတ်ဘဲ ဘုရားသခင်က ခိုင်းလိုက်လို့၊ တိုက်ရိုက်လွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေလို ပဲ သူတို့နည်းဗျူဟာအတိုင်း လူတွေ လုပ်ဆောင်သင့်တယ်လို့ ပြောနေကြတာ နိုင်ငံသားတိုင်းမှာ အခွင့်အရေး ရှိတယ်လို့ ပြောခဲ့ပြီးသားပါ။ မဲထည့်ဖို့ လိုအပ်တယ်လို့ ယူဆရင် ထည့်မယ်။ မဲမထည့်သင့်ဘူးလို့ ယုံကြည်စရာ အကြောင်းတွေ ရှိနေရင်လည်း မဲမထည့်နိုင်ခွင့် လူတွေမှာ ရှိနေတယ်ဆိုတာကိုလည်း လက်ခံဖို့လိုတာပေါ့။ ဒီ မိုကရေစီမှာ သဘောထားကွဲပိုင်ခွင့် ရှိတာကိုး၊ ဟုတ်တယ်မို့လား။
အမှန်ဆိုရင် ဖြစ်သင့်တာက ဖွဲ့စည်းပုံအသစ်နဲ့ ပတ်သက်လို့ နိုင်ငံသားတွေအကြားမှာ ရေရေရာရာ ရှင်းပြတာ တွေ၊ ဆွေးနွေးတာတွေ လုပ်ခဲ့ဖို့လိုပါတယ်၊ ကောင်းတဲ့အချက်တွေ မကောင်းတဲ့ အချက်တွေကို ထောက်ပြ ခွင့် ပေးခဲ့ဖို့လိုပါတယ်။ ဘာဆိုဘာမှ လူတွေကို သိခွင့်၊ ကြားခွင့်၊ ဆွေးနွေးခွင့် မပေးခဲ့ဘဲ အခုကျမှ နိုင်ငံသား တိုင်း မဲထည့်သင့်တယ်လို့ ပြောနေတာ အရုပ်ဆိုးလွန်းတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ကျနော်တို့ မဲတွေထည့်ခဲ့ပါတယ်။ ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေးစနစ် အ ပြောင်းအလဲကို လိုချင်ကြလို့ပါ။ ရွေးကောက်ပွဲပြီးတာနဲ့ ဟုန်းကနဲ စီးပွားရေးကောင်းလာဖို့ မျှော်မြင်ပြီး မဲကို ထည့်ခဲ့ကြတာမဟုတ်ပါ။ သို့သော် အနှစ် (၂၀) သာ ကြာခဲ့တယ်။ နိုင်ငံသားတွေ ပေးခဲ့တဲ့ မဲတွေဟာ အမှိုက် တောင်းထဲ အထည့်ခံလိုက်ရသလိုပါပဲ။ ဘာမှ ဖြစ်မလာခဲ့ပါဘူး။ နိုင်ငံသားလူထုတွေရဲ့ဆန္ဒထက် သေနတ် ပြောင်းဝကသာ အဆုံးအဖြတ်ပေးတဲ့ ပေါ်လစီကို ကိုင်ထားခဲ့တာကိုး။ အခုလည်း လာပြန်ပြီ နောက်တခါ။ ရွေး ကောက်ပွဲအသစ်တဲ့။ အရင်တခါကလည်း အလိမ်ခံထားရပြီးပြီ။ ဘာဖြစ်လို့ မဲထည့်ရမှာတုန်း၊ နောက်တခါ ထပ်လိမ်မယ်ဆိုတာကြီးကို သိနေတဲ့ဥစ္စာပဲ။ နိုင်ငံရေးနည်းဗျူဟာတို့ ဘာတို့ ပြောပြီး လူတွေကို မဲထည့်ခိုင်း တဲ့ သူတွေကို ဘယ်လိုယုံကြည်ရမှာလဲ။ ပြီးတော့ အဲသည့်လူတွေဟာ ဘယ်ဥက ပေါက်တာတွေမှန်းလဲမသိ။ သူတို့ဟာ နိုင်ငံသားလူထုတွေဘက်ကလား (သို့) စစ်တပ်ရဲ့ ပျော်တော်ဆက်တွေလားဆိုတာ ကိုယ်တွေမှ မသိတာ။
နောက်တခုက မြန်မာနိုင်ငံဟာ ဆင်းရဲတွင်းနက်နေတာ နှစ်ပေါင်းများပါပြီ။ ဆင်းရဲတဲ့ အကျိုးဆက်အဖြစ် ငယ် ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ရတဲ့ လူဦးရေက များသထက် များလာနေပါတယ်။ ပညာတတ်တွေ နည်းနည်း လာနေပါတယ်။ လိုအပ်တဲ့အတိုင်းအတာတခုအထိ ပညာသင်ကြားနိုင်ခြင်းမရှိတဲ့ လူ့အဖွဲ့အစည်းတခုအတွင်း မှာ အသိပညာဗဟုသုတ သူများထက် နောက်ကျလေ့ရှိပါတယ်။ အဲတော့ကာ သူများထက် အသိပညာ ဗဟု သုတ နောက်ကျနေတဲ့ ကိုယ့်ရဲ့နိုင်ငံသားတွေကို လိုအပ်တဲ့ ပညာပေးမှုတွေ၊ အသိပေးမှုတွေ အစရှိတာတွေ ကိုတော့ မလုပ်ခဲ့ဘဲနဲ့ ရွေးကောက်ပွဲတော့ ရောက်လာပြီ၊ ကိုင်း ကိုင်း မဲသွားထည့်ကြလို့ ပြောရုံနဲ့တော့ ဒီမို ကရေစီကို တည်ဆောက်ဖို့ ရလိမ့်မယ်လို့ မထင်ပါ။ အရပ်စကားနဲ့ ပြောရရင် ဘာမှမသိတဲ့သူတွေကို နှပ်ချ တယ်လို့ ကျနော်ကတော့ စွပ်စွဲပါတယ်။
နိုင်ငံသားတွေအားလုံးနဲ့သက်ဆိုင်တဲ့ နိုင်ငံ့အရေးအရာ ကိစ္စတွေဟာ ဖြောင့်ဖြောင့်တန်းတန်းနဲ့ ရိုးရိုးသားသား လုပ်ရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ နည်းနာအရ နည်းဗျူဟာအရ ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါလို့ ပြောသင့်တာမျိုး မဟုတ်ပါဘူး။ သံတမန်ရေး၊ စစ်ရေး၊ စီးပွားရေး ... အစရှိတဲ့ ကိစ္စတွေမှာတော့ နည်းနာတို့ ဗျူဟာတို့ကြောင့် အဆုတ်၊ အတက်၊ အကွေ့၊ အပတ်တွေ ရှိပါတယ်။ သို့သော်လည်း နိုင်ငံသားတွေ ကြိုက်ခွင့် မကြိုက်ခွင့်၊ သ ဘောတူခွင့် မတူခွင့်တွေ ပါရှိနေတဲ့ နိုင်ငံရေးကိစ္စများမှာတော့ ပွင့်လင်းမှုနဲ့ သွားမှသာ အနာဂတ်အတွက် ရ လဒ်ကောင်းရမှာလည်း ဖြစ်ပါတယ်။ အကောင်းအဆိုး ခွဲခြားသိမြင်အောင် အကူအညီတော့ မပေးခဲ့ဘဲနဲ့ အခုမှ တက်ပါဦး၊ ဆုတ်ပါဦး၊ ကွေ့လိုက်ပါဦးဆိုပြီး လိုင်းခြပေးနေတဲ့သူများကို ကျနော်ကတော့ မယုံပါ။ မယုံရတဲ့သူ တွေ များနေလို့ ဒီရွေးကောက်ပွဲကို ကျနော်သာဆိုရင် မဲမပေးဖူးလို့ ပြောတာဖြစ်ပါတယ်။ နိုင်ငံသားတိုင်းဟာ ကိုယ့်အခွင့်အရေးကို ကိုယ်အသုံးချခွင့် ရှိပါတယ်။ ဒါသာလျှင် ဒီမိုကရေစီရဲ့အစိတ်အပိုင်းများထဲက တခုဖြစ်ပါ တယ်။ ။

**ဇော်မင်း**
(၃၀) ရက်၊ စက်တင်ဘာလ၊ ၂၀၁၀ ခုနှစ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)