**စပါးခင်းတွေကို တမြှော်တခေါ်မြင်နေရ
ပြည်တွင်းစစ်ကိုလဲ တမြှော်တခေါ် မြင်နေရ။
နယ်စပ်ပျံကျဈေးမှာ
မ ၀ရေစာရယ်၊ သဘာဝ အဆီအနှစ်တွေရယ်
အမျိုးကောင်းသား၊ သမီးလေးတွေရယ်
ပက်ပက်စက်စက် လျှော့ဈေးထိုးပေးနေပုံတွေက
နေ့မအား ညမနားကြီး။
**ကျွန်းပွင့်တွေ ပါးရှားကုန်တယ်
ဧရာဝတီက ရေမိုးမချိုးရဲ
စက်မှုမစင်တွေက အနံ့ တထောင်းထောင်း
တောင်တန်းတွေက ဟိုးလို့ ဟောင်းလောင်း
စမ်းချောင်းရေကြည်မှာ ဘီယာဘူးခွံ၊ ကွန်ဒွန်အဟောင်း။
**စစ်ထောက်လှမ်းရေးက ပတ္တမြားကိုရှာ
ပတ္တမြားက ဒေါ်လာဖြစ်
ဒေါ်လာက စစ်ရုံးချုပ်ထဲရောက်သွားတဲ့အခါ
ထောင်ထဲက သစ်ပင်တွေလိုပါဘဲ။
**ဆင်ဖြူတော်လို့ အခေါ်ခိုင်းလိုက်
ရာထူးတွေတိုး (ထွ င်)ယူလိုက်
ကြက်ဆူပင်တွေစိုက်လိုက်နဲ့
ကယ် မနေတော်မှုကြပုံများ။
`ရေ အတွက်
ရတက် မပွေစေရ´
`ဆာလောင်မှုအတွက်
မျက်ရည်မကျစေရ´
နုပျိုမှုဟာ
စိမ်းလန်းခြင်းပါ
နဲနဲလေးမှ၊ မမှားခဲ့ပါဘူး။
(နှင်းခါးမိုး)ရေ
တောင်တန်းတွေကို
ရွှေ့ပစ်ကြရအောင်။
** ထက်မိုး **
(၉ ရက် အောက်တိုဘာလ ၂၀၀၂)
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
**စပါးခင်းတွေကို တမြှော်တခေါ်မြင်နေရ
ပြည်တွင်းစစ်ကိုလဲ တမြှော်တခေါ် မြင်နေရ။
နယ်စပ်ပျံကျဈေးမှာ
မ ၀ရေစာရယ်၊ သဘာဝ အဆီအနှစ်တွေရယ်
အမျိုးကောင်းသား၊ သမီးလေးတွေရယ်
ပက်ပက်စက်စက် လျှော့ဈေးထိုးပေးနေပုံတွေက
နေ့မအား ညမနားကြီး။
**ကျွန်းပွင့်တွေ ပါးရှားကုန်တယ်
ဧရာဝတီက ရေမိုးမချိုးရဲ
စက်မှုမစင်တွေက အနံ့ တထောင်းထောင်း
တောင်တန်းတွေက ဟိုးလို့ ဟောင်းလောင်း
စမ်းချောင်းရေကြည်မှာ ဘီယာဘူးခွံ၊ ကွန်ဒွန်အဟောင်း။
**စစ်ထောက်လှမ်းရေးက ပတ္တမြားကိုရှာ
ပတ္တမြားက ဒေါ်လာဖြစ်
ဒေါ်လာက စစ်ရုံးချုပ်ထဲရောက်သွားတဲ့အခါ
ထောင်ထဲက သစ်ပင်တွေလိုပါဘဲ။
**ဆင်ဖြူတော်လို့ အခေါ်ခိုင်းလိုက်
ရာထူးတွေတိုး (ထွ င်)ယူလိုက်
ကြက်ဆူပင်တွေစိုက်လိုက်နဲ့
ကယ် မနေတော်မှုကြပုံများ။
`ရေ အတွက်
ရတက် မပွေစေရ´
`ဆာလောင်မှုအတွက်
မျက်ရည်မကျစေရ´
နုပျိုမှုဟာ
စိမ်းလန်းခြင်းပါ
နဲနဲလေးမှ၊ မမှားခဲ့ပါဘူး။
(နှင်းခါးမိုး)ရေ
တောင်တန်းတွေကို
ရွှေ့ပစ်ကြရအောင်။
** ထက်မိုး **
(၉ ရက် အောက်တိုဘာလ ၂၀၀၂)
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)


No comments:
Post a Comment