ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, October 3, 2010

ရွေးကောက်ပွဲသပိတ်မှောက်ခြင်းနှင့် ဒီမိုကရေစီအပြောင်းအလဲ (ဘင်္ဂလားဒေ့ရှ် မှ သင်ခန်းစာ)

> ဒီမိုကရေစီအပြောင်းအလဲတွင် နည်းနာအမျိုးမျိုး ရှိနိုင်သော်လည်း မည်သည့်အပြောင်းအလဲမဆို အောက်ပါ နှစ်ချက်အောက်မှ ပြေးမလွတ်နိုင်ပေ။
၁။ တည်ဆဲဥပဒေကို ပြုပြင်ပြောင်းလဲခြင်းနှင့်
၂။ ဥပဒေကို ကြပ်ကြပ်မတ်မတ် လိုက်နာလာခြင်း ဟူ၍ဖြစ်သည်။
ထိုရှုထောင့်မှကြည့်လျှင် ရွေးကောက်ပွဲသပိတ်နှင့် ဒီမိုကရေစီအပြောင်းအလဲသည် တိုက်ရိုက်အချိုးကျနေ သည်ကို တွေ့ရသည်။ အထူးသဖြင့် ထိုအပြောင်းအလဲသည် မေဂျာဘွိုင်းကောက်ဟုခေါ်သည့် အတိုက်အခံပါ တီကြီးတို့ မှောက်သောသပိတ်နှင့် သက်ဆိုင်သည်။
ပထမနည်းမှာ သပိတ်ဖြင့် ပြည်တွင်းပြည်ပမှ ထောက်ခံမှုကို ရယူပြီး ဖိအားပေးသည့်နည်းဖြစ်ပြီး ဒုတိယနည်း မှာ အာဏာလက်ရှိအစိုးရကို ဖြုတ်ချနိုင်ဖွယ်ရှိသည်ဟု ပြသသောအခါ သပိတ်စုံသူပုန်ထသည့်နည်း ဖြစ် သည်။ အစိုးရအနေနှင့် အထက်ပါ ဖိအားနှစ်မျိုးအနက် တမျိုးကိုဖြစ်စေ၊ နှစ်မျိုးစလုံးကိုဖြစ်စေ ရင်ဆိုင်လာရ သောအခါ အပြောင်းအလဲကို မဖြစ်မနေ လုပ်ပေးလာရသည်။ ဒုတိယနည်းသည် အပြောင်းအလဲကို ပို၍သိ သာစွာ အလျင်အမြန် မြင်ရသည့်နည်းဖြစ်သည်။ သို့သော် အလျော်အစားကြီးသည်။

“တရားသော အောင်ပွဲသည် သူ့အလိုလို ရောက်မလာဖူးပေ။ ဘင်္ဂလားဒေ့ရှ်အတိုက်အခံ၏ ရွေးကောက်ပွဲသပိတ်မှ ဒီမိုကရေစီအပြောင်းအလဲသို့ သွားရာလမ်းတွင် အပျော့စား စစ်တပ်အာဏာသိမ်းမှုဖြင့် ကြုံခဲ့ရသေးသည်။ ပါတီခေါင်းဆောင်ကို အကျဉ်းချပြီး ခေါင်းဆောင်မပါဘဲ ရွေးကောက်ပွဲဝင်ရန် သိမ်းသွင်းခံခဲ့ရသည်။ သို့သော် အဝါမိလိပါတီသည် ကိုယ်ခံအားကောင်းကောင်းဖြင့် မဟာမိတ်ပါတီတို့နှင့် ညီညွတ်မှု၊ ပြည်သူ၏ ထောက်ခံမှုကို ရယူကာ အခက်အခဲအားလုံးကို ကျော်လွှားပြီး အောင်ပွဲရခဲ့သည်”
ရေရှည်သဘောဆောင်သော ဒီမိုကရက်တစ်အပြောင်းအလဲတွင် တည်ဆဲဥပဒေကို ပြုပြင်ပြောင်းလဲခြင်း၊ နိုင် ငံရေးပါတီတချို့ကို ပိတ်ပင်ထားပြီး ပါတီခေါင်းဆောင်များအား ရွေးကောက်ပွဲ ဝင်ခွင့်မရအောင် ပိတ်ပင်ထား ခြင်းတို့ကို ရုပ်သိမ်းပေးခြင်း၊ တရားမျှတသော ရွေးကောက်ပွဲကော်မရှင်၊ ဘက်မလိုက် ကြားဖြတ်အစိုးရဖြင့် ရွေးကောက်ပွဲကျင်းပခြင်းမျိုး လုပ်ဆောင်ကာ ဒီမိုကရေစီအသွင် ကူးပြောင်းသည်။
တည်ဆဲဥပဒေကို လိုက်နာခြင်းမှာ ဒေသအဖွဲ့အစည်း၊ နိုင်ငံတကာနှင့် အလှူရှင်နိုင်ငံများ၏ ဖိအားကြောင့် ရွေး ကောက်ပွဲတွင် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များကို ဖိတ်ခေါ်ခြင်းမျိုးဖြစ်သည်။ ထို အဖွဲ့များသည် နေရာအနှံ့ မရောက်နိုင်သည့်တိုင် လေ့လာခွင့်ရသည့်နေရာတွင် ဥပဒေနှင့် ညီ မညီကို အကဲ ခတ်နိုင်ကြသည်။
မြန်မာပြည်ကိစ္စတွင် နှစ်မျိုးစလုံး လိုအပ်နေသည်။ မတရားသည့် တည်ဆဲဥပဒေတချို့ကို အရင်ပြောင်းလဲရန် ဖြစ်ပြီး နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များကို ဖိတ်ခေါ်ခြင်းသည် ဒုတိယကိစ္စဖြစ်ရ မည်။ အတိုက်အခံပါတီ (အန်အယ်လ်ဒီ) ရွေးကောက်ပွဲမဝင်ခြင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များကို ဖိတ်လည်း မလာနိုင်ဟုဆိုခြင်းမှာ တည်ဆဲမတရားသည့် ဥပဒေက အဓိကအကြောင်း ရင်း ဖြစ်နေသည်။
ရွေးကောက်ပွဲသပိတ်နှင့်ဆက်စပ်သော ဒီမိုကရက်တစ်အပြောင်းအလဲမှာ ဖိအားအတိမ်အနက်အပေါ် မူတည် ပြီး အဆင့်ဆင့်ဖြစ်ပေါ်ခြင်းဖြစ်သည်။ မည်သည့်အချိန်ဖြစ်ရမည်ဟု အချိန်ကို ဘောင်သတ်မထားသော်လည်း သပိတ်မှောက်သော ပါတီ၏ နိုင်ငံရေးရှင်သန်နေရန်မှာ အရေးအကြီးဆုံးကိစ္စဖြစ်သည်။ ၁၉၈၃ ဂျမေကာ ရွေး ကောက်ပွဲကို အတိုက်အခံက သပိတ်မှောက်သောအခါ သပိတ်မှောက်ရသည့်အကြောင်းကို လူထုစုဝေးပွဲများ ဖြင့် ရှင်းလင်းခဲ့သည်။ ရွေးကောက်ပွဲပြီးသော်လည်း ရှင်းလင်းပွဲများ ဆက်လုပ်နေခဲ့သည်။ ထိုနည်းဖြင့် လွှတ် တော်တွင် နေရာမရှိသော်လည်း လူထုထောက်ခံမှုနှင့် နိုင်ငံရေးရှင်သန်နေအောင် ဆောင်ရွက်ခဲ့သည်။ လက် ရှိ အန်အယ်လ်ဒီ၏ လူထုရှင်းလင်းပွဲများနှင့် တူသည်။
၂ဝဝဝ ခုနှစ် အတိုက်အခံက သပိတ်မှောက်ထားသော အာဘိုင်ဇာဂျန် ရွေးကောက်ပွဲအပြီးတွင် ရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်သည့် လူတသောင်းခွဲသည် မြို့တော်တွင် ဆန္ဒပြသလို အသေးစား ဆန္ဒပြမှုများလည်း မြို့ ကြီး၊ မြို့ငယ်များတွင် ပျံ့နှံ့ခဲ့သဖြင့် အစိုးရက ဒီမိုကရက်တစ်အပြောင်းအလဲများစွာ လုပ်ပေးခဲ့ရသည်။ ၁၉၉၇ ခုနှစ် အင်ဒိုနီးရှားရွေကောက်ပွဲသပိတ်သည် ကျယ်ပြန့်သော အကြမ်းဖက်မှုများ ခြံရံလျက် အာဏာရှင် ဆူဟာ တိုကို ဖြုတ်ချပြီး ကြီးမားသော ဒီမိုကရေစီအပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အဝါမိလိပါတီ (Awami League) ၏ ရွေးကောက်ပွဲသပိတ်သည် အခက်ခဲဆုံးနှင့်အအောင်မြင် ဆုံးဟု မှတ်တမ်းတင်ထိုက်သည်။ ပထမ အတိုက်အခံ အဝါမိလိပါတီသည် ရွေးကောက်ပွဲ တရားမျှတရေးအ တွက် တောင်းဆိုရာ မအောင်မြင်သဖြင့် ရွေးကောက်ပွဲမဝင်ဘဲ အထွေထွေသပိတ်ဖော်ခဲ့သည်။ ဖွဲ့စည်းပုံအရ အာဏာရပါတီက (၃) လအလိုတွင် ရာထူးမှဆင်းပြီး လွတ်လပ်သောကြားဖြတ်အစိုးရဖြင့် ရွေးကောက်ပွဲကျင်း ပရန် ဖြစ်သော်လည်း အာဏာရပါတီက ကြားဖြတ်အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်တွင် သူ့လူများဖြစ်ရန် (၂) နှစ်ကြိုပြီး အတိုက်အခံသပိတ်မှောက်သော ပါလီမန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့သည်။
အတိုက်အခံ အဝါမိလိပါတီနှင့် တခြားပါတီငယ်တို့က ရွေးကောက်ပွဲကို သပိတ်မှောက်ကြသည်။ မှတ်ပုံတင် ထားသော လွှတ်တော်ကိုယ်စားလှယ်ပေါင်းမှာ (၂၃၇ဝ)၊ အားလုံး၏ (၆ဝ) ရာခိုင်နှုန်းဖြစ်သည်။ တနိုင်ငံလုံး ဆန္ဒပြပွဲများ ဖော်ခဲ့ပြီး ၂ဝဝ၆ နှစ်လည်ပိုင်းတွင် တပြည်လုံးအနှံ့ ပျံ့နှံ့နေသည်။ လူပေါင်း (၂ဝဝ) ကျော်သေဆုံး ပြီး (၁၃,၀၀၀) ကျော် ဒဏ်ရာရသည်။ အာဏာရပါတီ၏လုပ်ရပ်က မတရားမှန်း ပေါ်လွင်လွန်းသဖြင့် ပြည်တွင်း မှ လွတ်လပ်သော ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ (၃ဝ) ကျော်၊ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့ (အန်ဒီအိုင်)၊ (အိုင်အာရ်အိုင်) တို့ကလည်း သူတို့အဖွဲ့ဝင်များကို ရွေးကောက်ပွဲစောင့်ကြည့်ခိုင်းတော့မည် မဟုတ်ဟု ထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂကလည်း ဘင်္ဂလားဒေ့ရှ်၏ လက်ရှိ နိုင်ငံရေးအကျပ်အတည်းသည် ရွေးကောက်ပွဲရလဒ် တရားဝင်မှုအတွက် ဆိုးဆိုးရွားရွား ထိခိုက်လိမ့်မည်ဟုဆိုသည်။ ရွေးကောက်ပွဲအ ထောက်အပံ့ပေးရေး အစီအစဉ်အားလုံးကို ရုပ်သိမ်းလိုက်သည်။ ရွေးကောက်ပွဲကို ၂ဝဝ၇ နှစ်ဆန်းတွင် ကျင်း ပရန် စီစဉ်ထားသော်လည်း ဆန္ဒပြပွဲများကြောင့် မကျင်းပနိုင်တော့ပေ။
ကြားဖြတ်အစိုးရက အကြီးအကဲများ တယောက်ပြီး တယောက် နှုတ်ထွက်ရပြီး နောက်ဆုံးမှာ စစ်တပ်က ကျောထောက်နောက်ခံပြု ကြားဖြတ်အစိုးရသစ် တက်လာသည်။ တတိုင်းပြည်လုံး အရေးပေါ်အခြေအနေ အောက်ရောက်သွားခဲ့သည်။ မီဒီယာလွတ်လပ်ခွင့်များ ကန့်သတ်ခံရသည်။ နိုင်ငံရေးလှုပ်ရှားခွင့်များ ပိတ်ပင်ခံ ရသည်။ အဓိက ပါတီနှစ်ရပ်လုံးမှ အမျိုးသမီးခေါင်းဆောင် နှစ်ဦးစလုံးကို ဖမ်းထားပြီး ကြားဖြတ်အစိုးရသစ်က ဟိုနှစ်ယောက်မပါ (minus two formula) ပေါ်လစီဖြင့် နိုင်ငံရေးပါတီများကို ညှိနှိုင်းသော်လည်း နိုင်ငံရေးပါ တီများက လက်မခံဘဲ ခေါင်းဆောင်များ မလွတ်ပေးလျှင် ရွေးကောက်ပွဲမဝင်ဟုဆိုကာ ဆက်တင်းခံနေသည်။ အဓိက ပါတီကြီးနှစ်ရပ် မပါသော ရွေးကောက်ပွဲကလည်း နိုင်ငံတကာကို တရားဝင်မှုပြသရန် ခက်ခဲသည်။ နောက်ဆုံးတွင် စစ်တပ်ကျောထောက်နောက်ခံပြု ကြားဖြတ်အစိုးရက နိုင်ငံရေးခေါင်းဆောင်များကို ပြန်လွှတ် ပေး၊ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ထားသည်များကို ရုပ်သိမ်းပေးပြီး ၂ဝဝ၈ နှစ်ကုန်တွင် လွတ်လပ်မျှတသော ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။ ရွေးကောက်ပွဲတွင် အတိုက်အခံ အဝါမိလိပါတီက တခဲနက် အနိုင်ရခဲ့ သည်။
တရားသော အောင်ပွဲသည် သူ့အလိုလို ရောက်မလာဖူးပေ။ ဘင်္ဂလားဒေ့ရှ် အတိုက်အခံ၏ ရွေးကောက်ပွဲသ ပိတ်မှ ဒီမိုကရေစီအပြောင်းအလဲသို့ သွားရာလမ်းတွင် အပျော့စား စစ်တပ်အာဏာသိမ်းမှုဖြင့် ကြုံခဲ့ရသေး သည်။ ပါတီခေါင်းဆောင်ကို အကျဉ်းချပြီး ခေါင်းဆောင်မပါဘဲ ရွေးကောက်ပွဲဝင်ရန် သိမ်းသွင်းခံခဲ့ရသည်။ သို့သော် အဝါမိလိပါတီသည် ကိုယ်ခံအားကောင်းကောင်းဖြင့် မဟာမိတ်ပါတီတို့နှင့် ညီညွတ်မှု၊ ပြည်သူ၏ ထောက်ခံမှုကို ရယူကာ အခက်အခဲအားလုံးကို ကျော်လွှားပြီး အောင်ပွဲရခဲ့သည်။ အနာဂတ် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးယဉ်ကျေးမှုအတွက် ကောင်းသောအမွေကို ပေးလိုက်နိုင်သည်ဟု ဆိုရမည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး တွင် မတရားမှုတို့အတွက် နောက်ထပ်နေရာရှိတော့မည်မဟုတ်ပေ။

**နေသွင်**
စက်တင်ဘာ ၃ဝ၊ ၂ဝ၁ဝ

**Silver Moon**

ဒီမိုကရေစီအပြောင်းအလဲတွင် နည်းနာအမျိုးမျိုး ရှိနိုင်သော်လည်း မည်သည့်အပြောင်းအလဲမဆို အောက်ပါ နှစ်ချက်အောက်မှ ပြေးမလွတ်နိုင်ပေ။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)