ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, October 3, 2010

အိပ်မက် မက်မနေကြနဲ့တော့

> **(၀င်းတင်၊အောက်တိုဘာ ၁၊ ၂၀၁၀ )**

နယူးယောက်တိုင်း သတင်းစာတွင် ပါရှိသော ဦးဝင်းတင်၏ An Election Not Worthy of Support ဆောင်းပါး တစိတ် တဒေသကို မိုးမခက ဆီလျော်အောင် ပြန်ဆိုသည်။
http://www.nytimes.com/2010/10/01/opinion/01iht-eduwintin.html
ဥရောပနိုင်ငံ တချို့က စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်နေကြရုံတင် မကဘဲ ထောက်ခံလိုက်ကြသေးတယ်။ ကျနော်တို့နဲ့ တွေ့တုန်းက သူတို့ ဘာပြောလဲ ဆိုတော့ ရွေးကောက်ပွဲဟာ တခုတည်းသော ထွက်ပေါက် ဖြစ်တယ်၊ NLD က ၀င်ပြိုင်သင့်တယ် တဲ့။
ကျနော်တို့က စစ်ကျွန်သက်ရှည်ရေးကို တရားဝင် မလုပ်ပေးနိုင်ဘူးလို့ ပြန်ရှင်းပြတော့ တခြားသူတွေကို သွားညှိနှိုင်းပါတယ်။ ညှိနှိုင်းပြီးတော့ အခု ဆိုရင် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲတော်ကို ၀င်ဖို့ ကူညီတာတွေ လုပ်နေပြီ။
စစ်အုပ်စုကို ထောက်ခံတဲ့ ပညာရှင်တွေ၊ အခွင့်အရေးသမားတွေကို ကူညီနေကြပြီ။ အဲဒီလူတွေက ဥရောပအထိ သွားပြီးတော့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ရောင်းစွံအောင် လုပ်ရင်းနဲ့ သူတို့သဘောကျတဲ့ နိုင်ငံရေးပါတီတွေ အကူအညီ ရဖို့ လုပ်နေကြပါတယ်။

ဒီမိုကရေစီအရေး လှုပ်ရှားမှုထဲက တချို့ ပါတီတွေဟာ ဥရောပရဲ့ ထောက်ခံမှုတွေ ရနေပေမယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့အခွင့်အလမ်းက နည်းနည်းလေးပဲ ရှိတယ်။ သူတို့မဲဆွယ်စည်းရုံးတာတွေက တနေ့ထက်တနေ့ ပိုပြီး အတားအဆီးတွေနဲ့ ကြုံနေရပြီ။ စစ်အုပ်စုက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နဲ့တိုင်း လွှတ်တော်တွေမှာ နေရာ အကုန်ရဖို့ လိမ်တာ ညာတာ ခြိမ်းခြောက်တာတွေ လုပ်မှာပဲ။
လွှတ်တော်မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း အလိုအလျောက် နေရာ ရမယ်လို့ ဆိုတယ်။ အခုတော့ စစ်တပ်နဲ့ သူ့လူတွေကပဲ ရာနှုန်းပြည့် နေရာရဖို့ တဖြည်းဖြည်း သိသာလာနေပြီ။ တချို့တလေ ကံကောင်းထောက်မလို့ အရွေးခံရပါပြီတဲ့၊ အပြောင်းအလဲ လုပ်ဖို့ ဘယ်လို အခွင့်အရေး ရနိုင်မလဲ။ လွှတ်တော်က အစိုးရ ဖွဲ့လို့ မရဘူး၊ စစ်ဘက်ရေးရာနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့် မရှိဘူး၊ သမ္မတက ခန့်အပ်တာတွေ၊ ဘတ်ဂျက် သတ်မှတ်တာတွေကို ငြင်းပိုင်ခွင့် မရှိဘူး။
ဒါဆိုရင် ရွေးကောက်ပွဲက အလုပ်မဖြစ်နိုင်ဘူး ဆိုရင် ပြဿနာ ဖြေရှင်းတဲ့ နည်းလမ်းက ဘာဖြစ်မလဲ ဆိုတဲ့ မေးခွန်း ပေါ်လာပြီ။ အဲဒီ နည်းလမ်းကတော့ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းပဲ။ ဒါကို ကျနော်တို့ ပြောနေတာ နှစ်ပေါင်းများစွာ ရှိပြီ။ စစ်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသားသား ကိုယ်စားလှယ်တွေ အဓိပ္ပာယ်ရှိရှိ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာကြဲ။တာကပဲ မြန်မာပြည် ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ရှင်းလို့ ရတဲ့ တခုတည်းသော နည်းလမ်းပါပဲ။
စစ်တပ်ကတော့ ဆွေးနွေးချင်စိတ် ဘယ်ရှိမလဲ။ ဒါပေမယ့် နိုင်ငံတကာ အ၀န်းအ၀ိုင်းက အလေးအနက် ထားပြီးတော့ စစ်အုပ်စုကို ထိထိရောက်ရောက် ဖိအား ပေးနိုင်မယ် ဆိုပါတော့၊ ဒါဆိုရင် ပြည်ပ ဖိအားနဲ့ ပြည်တွင်းက အကြမ်းမဖက် လှုပ်ရှားမှုတွေကြောင့် စစ်အုပ်စုက ဆွေးနွေးပွဲစကားဝိုင်းကို ရောက်လာမှာပဲ။
ဥရောပက ကျနော်တို့ မိတ်ဆွေနိုင်ငံတွေဟာ ရွေးကောက်ပွဲကနေ ထွက်ပေါ်မလာနိုင်တဲ့ အရာတခုကို မျှော်တလင့်လင့်ဖြစ်မနေနဲ့တော့၊ အိပ်မက် မက်မနေကြနဲ့တော့။ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့အတွက် စစ်အုပ်စုကို ထိထိရောက်ရောက် အရေးယူဖို့ လုပ်သင့်ပါပြီ။ မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမယ့် ကုလသမဂ္ဂ ကော်မရှင်တခု ပေါ်ပေါက်လာအောင် သူတို့ စပြီး လုပ်သင့်ပါပြီ။

**Silver Moon**

**(၀င်းတင်၊အောက်တိုဘာ ၁၊ ၂၀၁၀ )**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)