ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, October 25, 2010

မျက်စိတဆုံး

>
အခုတလော ငယ်ငယ်တုန်းက ကစားဖူးတဲ့ ကျားကစားပွဲလေးတွေကို သတိသွားရမိနေတတ်ပါတယ်။ ဖိုးဖိုးက အားရင် ကျားကွက်လေးတွေ ရွှေ့ပြီး တယောက်တည်း ကစားလေ့ရှိပါတယ်။ ကျွန်မကလဲ ကလေးသဘာဝ ဖိုးဖိုး လုပ်တာဆို အကုန် လိုက်လုပ်ချင်တတ်တယ်။ သတင်းစာဖတ်ရင်လဲ လိုက်ဖတ်ချင်တာပဲ။ ရေဒီယိုနား ထောင်လဲ လိုက်နားထောင်တာပဲ။ လူကြီးတွေနဲ့ စားပွဲဝိုင်းမှာ ထိုင်စကားပြောရင်လဲ ၀င်ထိုင် နားထောင်ပြီး အရိပ်လို တ ကောက်ကောက် လိုက်နေတတ်ပါတယ်။ ဒီတော့ ကျားကွက်လေးတွေ ရွှေ့နေတာကိုလဲ စိတ်ဝင်စားမိပြန်ရော။

ဒီလိုနဲ့ တနေ့တော့ ကျွန်မ ကျောင်းစနေစ အရွယ်လောက်မှာ ဖိုးဖိုးက ကျားကစားနည်း စသင်ပေးပါတယ်။ ကျွန်မကလဲ ကြိုးစားပြီး သင်ယူပါတယ်။ မတောက်တခေါက်လေး တတ်လာတော့ ဖွားဖွားကို သွားစိန်ခေါ်ပြီး ကစားတယ်။ နိုင်သွားတော့ သိပ်ပျော်တာပဲ။ ဖွားဖွားကမှ သေချာ မကစားတတ်တာကိုးနော်။ ဒီလိုနဲ့ ကိုယ့်ဘာသာကိုယ် အဟုတ်ကြီး ထင်ပြီး ဖိုးဖိုးကို စိန်ခေါ်တာပေါ့။ ဖိုးဖိုးနဲ့ ပွဲပေါင်းများစွာ ကစားဖြစ်တယ်။ တခါမှ မနိုင်ပါဘူး။ ကြာတော့ စိတ်တိုလာရော။ စိတ်မရှည် သိပ်ဖြစ်တာပဲ။ ဒီတော့ ပြောလိုက်တယ်။ ဖိုးဖိုးက ကစားပွဲကို ညစ်တယ်လို့။ ဒီလိုပြောတော့ ဖိုးဖိုးက ရီတယ်။ 'မြေးလေးက ပွဲကစားတာ နိုင်ချင်စိတ်များပြီး လောနေတာကိုး။ ကျားကစားတယ်ဆိုတာ သေသေချာချာ ပြင်ဆင်ပြီးတော့မှ တကွက်ချင်းကို စဉ်းစဉ်းစားစားရွှေ့ရတယ်။ မျက်တောင်တခတ်ထက် မျက်စိ တဆုံးကို ကြည့်တတ်ရတယ်' လို့ ဆိုပါတယ်။ နောက်ပိုင်း ဖိုးဖိုး မဆုံးခင် နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာတော့ ကျွန်မ နိုင်ပါတယ်။ ဖိုးဖိုးက တမင် အရှုံးပေးသွားတာပါ။
အရွယ်ရောက်လာတော့ ကျွန်မရဲ့ စိတ်ဝင်စားမှု အသစ်တွေကလဲ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ ကျားကစားပွဲလေးတွေကို စိတ်ဝင်စားတတ်တဲ့ ကျွန်မဟာ chess ထိုးတာကို စိတ်ဝင်စားလာလေ မလားလို့ နီးစပ်သူတွေက ထင်ကြပေမယ့် ကျွန်မတကယ် စိတ်ဝင်စားလာတာ ကတော့ စစ်ပွဲတွေနဲ့ နိုင်ငံတကာရေးရာတွေကိုပါ။ စစ်ပွဲတွေမှာ တဘက်နဲ့ တဘက် ဘယ်လို အနိုင်ယူသွားကြသလဲ။ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံအချင်းချင်း ဘယ်လို game တွေ အပြန်အလှန် ကစားကြသလဲ။ နိုင်ငံငယ်လေးတွေကို အင်အားကြီးနိုင်ငံတွေက ဘယ်လို ကြိုးဆွဲလေ့ရှိကြသလဲ။ ၀ါဒရေးရာ အားပြိုင်ပွဲတွေမှာ ဘယ်လို ကစားခဲ့ကြသလဲ။ နိုင်ငံခေါင်းဆောင်နှစ်ယောက် လက်ဆွဲနှုတ်ဆက် နေချိန်မှာ သူတို့တွေ အမှန်တကယ် နောက်ကွယ်မှာ ကစားနေကြတဲ့ ဂိမ်းတွေက ဘာတွေ ဖြစ်နေမလဲ။ တော်လှန်ရေးနဲ့ ပဋိပက္ခတွေမှာ ပါဝင်ကြတဲ့ multi-players တွေအကြားမှာ ဘယ်လို အတွေးအခေါ်တွေ၊ ရည်မှန်းချက်တွေနဲ့ ဂိမ်းတွေ ကစားနေကြသလဲ။ စတာတွေကို အလွန်ပဲ စိတ်ဝင်စားလာခဲ့ပါတော့တယ်။
ဒီလိုနဲ့ လေ့လာနေရေး တနေ့တော့ လန်ဒန်က ကျွန်မသူငယ်ချင်း အိမ်မှာ ကျားကစားပွဲလေး တခုနဲ့ သွားတိုးပါတယ်။ ကျွန်မသူငယ်ချင်းကတဘက်၊ သူငယ်ချင်းရဲ့ မိတ်ဆွေက တဘက် အပျင်းပြေ ကျားကစားနေကြတာပါ။ သူငယ်ချင်းက လာထိုင်ကြည့်ဖို့ ခေါ်တယ်။ သူတို့က ကောဇောပေါ်မှာ ထိုင်ကစားနေပြီး၊ ကျွန်မက ဆိုဖာပေါ်မှာ ထိုင်နေတာဆိုတော့ ကျားကွက်တွေကို အတိုင်းသား မြင်နေရပါတယ်။ နှစ်ဘက်စလုံးက ရွှေ့နေတဲ့ ကျားကွက်တွေကိုပါ။ သူက အရမ်းလောတာပဲ။ ကျွန်မ ဖိုးဖိုးနဲ့ ကစားတုန်းက နိုင်ချင်စိတ်များပြီး လောနေသလိုမျိုးပါ။ အနာခံပြီး ဇွတ်တိုးနေတာပဲ။ ဒီတပွဲတော့ နင့်ကို အနိုင်ကစားမယ်ဆိုပြီး ပါးစပ်ကလဲ ခဏခဏ ပြောနေသေးတယ်။ နောက်တော့ ရှုံးသွားရော။ ဒီလိုနဲ့ အဲလိုပွဲတွေ များလာတော့ ကျွန်မ မနေနိုင်တော့ဘူး။
'မီးဖိုထဲ ခဏ လိုက်ခဲ့စမ်းပါ။ မုန့်ကျွေး'ဆိုပြီး သူငယ်ချင်းကို မီးဖိုထဲ လက်တို့ ခေါ်သွားရတော့တယ်။ အထဲရောက်တော့ ပြောတယ်။
'နင်သိပ်လောနေပြီ။ နိုင်ချင်စိတ်များပြီး ဒီပွဲတော့ နိုင်မယ်လို့ ခဏခဏ ပြောနေတာက ကြာလေ၊ ကြာလေ နင့်ကို ထိခိုက်လာနေတယ်။ auto-suggestion လုပ်တယ်ဆိုတာက ဘ၀နဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက် တွေမှာ လုပ်ဖို့ပဲ လိုအပ်တာ။ ဒီလို ဂိမ်းတွေမှာ လုပ်နေလို့ မရဘူး။ ပြင်ဆင်မှု၊ ကျွမ်းကျင်မှု၊ တဘက်ရဲ့ အရည်အချင်း ဆိုတာတွေကိုလဲ ထည့်ပြီး စဉ်းစားရသေးတယ်။ ပြီးတော့မှ ဖြစ်နိုင်ချေကို တွက်ရတယ်။ အဲလို မဟုတ်ပဲ နိုင်မယ်ဆိုတာ ခဏခဏ ပြောပြီး လုပ်နေတော့ နင့်ဘာသာနင် လောနေအောင် တွန်းနေသလို ဖြစ်လာတယ်။ ပုံမှန် စဉ်းစားဥာဏ်တွေ ပျောက်ကုန်တယ်။ နိုင်ချင်စိတ်က များလာလေလေ၊ အမှားတွေ လုပ်မိလေလေ။ ရှုံးလာလေလေပဲ။ ကြာတော့ နိုင်ရမယ်လို့ ပါးစပ်က ပြောနေပေမယ့် နင့်ဘာသာနင်လဲ ယုံကြည်ချက် နည်းလာတယ်။ ဘေးက ကြည့်နေတဲ့ လူတွေကလဲ ဒါတွေကို မသိဘူး မထင်နဲ့။ နင်ဘယ်လောက်ပြောနေနေ နင်ပြောတာကို ဘေးက လူတွေကလဲ မယုံတော့ဘူး။ နင့်ဘာသာနင်လဲ မသေချာတော့ဘူး ဖြစ်လာနေတယ်။ ကျားကစား တယ်ဆိုတာမျက်စိတဆုံးကြည့်ရတယ်ဟ။ မျက်တောင်တခတ်တည်းကြည့်ရင် အမှားပါ တတ်တယ်'
လူရင်းတွေမို့ ကျွန်မကလဲ အားမနာတမ်းပဲ ပြောပါတယ်။ သူကလဲ အားမနာတမ်း ပြန်ပြီး ပြောပါတယ်။
'သူ့ကိုက တော်လွန်းတာလဲ ပါပါတယ်ဟာ။ မယုံရင်နင်ကိုယ်တိုင် ၀င်ကစားကြည့်ပါလား။ နင်နိုင်ရင် ချိုင်းနားတောင်းမှာ ဘဲကင်လိုက်ကျွေးမယ်။ ဘေးကထိုင်ပြီး ပြောမနေနဲ့' တဲ့။
'နင်တို့က မိတ်ဆွေတွေလေ။ အပျင်းပြေကစားနေကြတာ။ ငါနဲ့ သူနဲ့က ခုမှ မြင်ဖူးတာ။ ငါကလဲ နင်တို့ကစားပွဲမှာ နင့်နေရာက ၀င်ကစားဖို့ အဆင်မပြေနိုင်သလို၊ သူ့ဘက်ကလဲ နင်နဲ့ အပျော်ကစားနေတာကို သူစိမ်းတယောက်က ၀င်ပြီး အနိုင်အရှုံးစိတ်နဲ့ ၀င်ကစားတာကို ကြည်ဖြူမှာ မဟုတ်ဘူး။ ငါ့ကို နင်လို့ အသိအမှတ်ပြုမှာလဲ မဟုတ်ဘူး။ နင်တို့နှစ်ယောက်လုံးမှာ တယောက်ကိုတယောက် အသိအမှတ်ပြုထားတဲ့ role တွေ ရှိတယ်လေဟာ။ အဲဒါကို ငါဝင်စီးလို့ မရဘူး။ ဒီလိုပြောလို့ ငါက သူ့ကို ကြောက်လို့ မဟုတ်ဘူးနော်။ တချိန်မှာ ငါနဲ့ သူနဲ့ တယောက်ကိုတယောက် အသိအမှတ်ပြုမိပြီး ကစားပွဲတော့ ရှိချင်ရှိလာဦးမှာပေါ့ဟာ။ အဲလိုဆိုရင်တော့ ပ၀ါ မကူစတမ်းပေါ့။ ခုတော့ ငါမပါချင်ဘူး။ ဒါပေမယ့် နင်က ငါ့သူငယ်ချင်း ဖြစ်နေတော့ ငါဘက်လိုက်နေမိတယ်။ နင့်ကို နိုင်စေချင်မိတယ်လေ။ တခါ ငါကလဲ ကျားကစားနည်းတွေ၊ ကျားကွက်ရွှေ့နည်းတွေကို မသိရင်တော့လဲ တမျိုးပေါ့ဟာ။ သိတော့လဲ မချင့်မရဲဖြစ်မိ၊ ပြောဆိုမိတာပေါ့။ သူငယ်ချင်းဘက်က ဘက်လိုက်လိုစိတ်၊ ကစားနည်းကို သိနေတဲ့ အသိဥာဏ်နဲ့ ငါနင့်ကို သတိပေးတာပါ။ နင့်ကို အသုံးမကျဘူးလို့ နှိမ်နေတာမဟုတ်သလို၊ ငါသိတယ်၊ ငါတော်တယ်လို့ ပြောနေတာလဲ မဟုတ်ဘူး။ နင့်ဘက်ကသာ ဘက်မလိုက်ဘူးဆိုရင်လဲ ငါနဲ့ အနေသာကြီးနော်'
ကျွန်မသေချာရှင်းပြလိုက်တော့ ဘေးထိုင်ဘုပြောလုပ်နေတယ်ထင်ပြီး ပြန်ရန်တွေ့တဲ့ သူငယ်ချင်းက ငြိမ်သွားပါတယ်။ သူ့ထုံးစံအတိုင်း မျက်နှာလေးကို ဖြီးပြတယ်။
'အင်း။ ဒီလိုဆိုရင်တော့လဲ နင်ဝင်မကစားပေမယ့် ငါ့ကို အကြံကောင်းပေးတဲ့အတွက် ဘဲကင်လိုက်ကျွေးပါမယ်" တဲ့။ အဲဒီနေ့က ဆက်လဲ မကစား ဖြစ်တော့ပါ။ သူ့မိတ်ဆွေကို နိုင်ချင်ဇောနဲ့ ရှုံးတာပါလို့ ပြောလိုက်ပြီး ပွဲရပ်လိုက်ပါတယ်။ ပြီးတော့မှ အားလုံးတူတူ ချိုင်းနားတောင်းကို သွားဖို့ အကြံပြုပါတော့တယ်။ အဲဒီနေ့ညက ဘဲကင်ကလဲ စားလို့ ကောင်းလိုက်ပါဘိ။
နောက်ပိုင်းမှာ ကျွန်မကလဲ တခြားမြို့ငယ်လေး တခုကို အလုပ်တာဝန်နဲ့ ပြောင်းသွားပြီး၊ သူကတော့ သူ့မိဘတွေရဲ့ စီးပွားရေး လုပ်ငန်းကို ပြန်လုပ်ပါတယ်။ ဝေးလံတဲ့ နိုင်ငံနှစ်ခုမှာ ကိုယ်စီကိုယ်စီ အလုပ်တွေ ရှုပ်နေကြရင်း တနေ့တော့ သူနဲ့ ဖုန်းအဆက်အသွယ်ရပါတယ်။
'ဟဲ့။ နင်ပြောတဲ့ မျက်စိတဆုံးကြည့်ရမယ် ဆိုတဲ့ စကားက အဖိုးတန်တယ် သိလား'
'ငါပြောတာ မဟုတ်ပါဘူးဟာ။ ရှေးလူကြီးတွေရဲ့ စကားကို ငါ့အဖိုးက တခါ ပြန်ပြီး ငါ့ကို ပြောခဲ့တာပါ'
'ဘာပဲဖြစ်ဖြစ်ဟာ။ ကြားဖူးသလိုရှိပေမယ့် နင်ပြောမှ ငါပြန်သတိထားမိတာ။ နင့်ကို ကျေးဇူးတင်တယ်'
'ဘာလဲ။ နင်ကျားကစားတာ နိုင်လို့လား'
'မဟုတ်ဘူးဟေ့။ စီးပွားရေး လုပ်ငန်းတွေမှာ အောင်မြင်လို့ အဖိုးတန်တယ် ပြောတာ။ စီးပွားရေးမှာ ပြိုင်ဘက်တွေပေါ်လာရင် ငါတော့ ကျားကစားဘက်လိုပဲ သဘောထားလိုက်တယ်။ မျက်တောင် တခတ်ကို မကြည့်ပဲ မျက်စိတဆုံးကြည့်ပြီး ဘယ်လို ဒေါက်ဖြုတ်ရမလဲ ဆိုတာ သေချာ တွေးတယ်။ နိုင်ချင်စိတ်ကို မလောပဲ သွေးအေးအေးနဲ့ အနိုင်ပိုင်းနိုင်မယ့် အချိန်ကို စောင့်ကြည့်တယ်။ ခု ငါတော်တော်အောင်မြင်နေပြီဟ။ နင်ရှယ်ယာ ထည့်မလား။ ပြန်လာမလား။ ငါတို့နှစ်ယောက်ပေါင်းပြီး စီးပွားရေး ကျားကွက်တွေ ရွှေ့ကြတာပေါ့။
'ဗုဒ္ဓေါ'
ကျွန်မလဲ တအံ့တသြနဲ့ ဘုရားတမိပါရဲ့။ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ သူငယ်ချင်းလေးက စီးပွားရေးမှာ အောင်မြင်နေတယ်ဆိုလို့ ၀မ်းသာရပါတယ်။ သူငယ်ချင်းလေးရယ်- သတိရလိုက်တာ။

ခင်မမမျိုး (၂၀၊ ၁၀၊ ၂၀၁၀)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)