ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, October 25, 2010

ဤအရာသည် ကြံ့ဖွံ့ပိုင်ဖြစ်သောကြောင့်

>
ဤဓာတ်တိုင်သည် ကြံ့ဖွံ့ပိုင်ဓာတ်တိုင် ဖြစ်သောကြောင့် မည်သည့်ခွေးမှ သေးလာမပန်းရ” ဟု ရေးထားသော စာရွက်ကို ကြံ့ဖွံ့ခေါင်းဆောင် ဦးသိန်းဂိန်က ဓာတ်တိုင် တတိုင်တွင် ကပ်လိုက်သည်။
“ဤသစ်ပင်သည် ကြံ့ဖွံ့ပိုင် သစ်ပင်ဖြစ်သောကြောင့် မည်သည့် မျောက်မှ တက်မဆော့ရ” ဟူ၍ သစ်ပင် တပင်တွင် ကပ်လိုက် ပြန်သည်။ ထိုသစ်ပင်မှာ ရန်ကုန်သို့ ရောက်တုန်းရောက်ခိုက် ဦးရုက္ခစိုး တည်းနေကျ သစ် ပင်ဖြစ်ကြောင်း ဦးသိန်းဂိန် မသိပေ။
စာရွက်ထပ်ကြီးကို ကိုင်ကာသစ်ပင်အောက်တွင် မောမောနှင့် ထိုင်လိုက်သော ဦးသိန်းဂိန်ရှေ့၌ ဦးရုက္ခစိုး ကိုယ် ထင် ပြလိုက်သည်။
သိန်းဂိန်။ ။ အောင်မလေးဗျ။ လန့်လိုက်တာ ဦးရုက္ခစိုးရယ်။ အသံမပေးဘာမပေးနဲ့။
ရုက္ခစိုး။ ။ ခင်ဗျား စာရွက် ကပ်ကတည်းက ကျုပ် ဒီသစ်ပင်ပေါ်ကနေ ကြည့်နေတာ။ ဒါ ကျုပ် ရန်ကုန်လာရင် တည်းနေကျ သစ်ပင်ဗျ။ ဘယ်တုန်းက ကြံ့ဖွံ့ပိုင် ဖြစ်သွားတာလဲ။

သိန်းဂိန်။ ။ (ခပ်တည်တည်နှင့် ဦးရုက္ခစိုးကိုကြည့်၍ ဓာတ်တိုင်ကို လက်ညှိုးထိုးကာ) ဟို ဓာတ်တိုင်ကိုလည်း ကြည့်လိုက်ဦး။ ဓာတ်တိုင်တောင် ကြံ့ဖွံ့ပိုင်တာ သစ်ပင်လောက်တော့ ပျင်းသနားတယ်။
ရုက္ခစိုး။ ။ ဓာတ်တိုင် ကြံ့ဖွံ့ပိုင်တာတော့ ဟုတ်ပါပြီ။ ဘာဖြစ်လို့ ဘယ်ခွေးမှ သေးမပန်းရလို့ ရေးထားတာလဲဗျ။ ခွေးတွေက စာဖတ်တတ်လို့လား။
သိန်းဂိန်။ ။ အဲဒီလိုတော့ မဟုတ်ဘူးလေဗျာ။ အခုဟာက ကမ်ပိန်းကာလ မဟုတ်လား။ ကျုပ်တို့ ကြံ့ဖွံ့ကို လူသိများလေ ကောင်းလေဆိုတော့ ကြံ့ဖွံ့နာမည်ပါရင်ပြီးရော စာတန်းတွေ ရေးပြီး လိုက်ကပ်တာလေ။
ရုက္ခစိုး။ ။ ဘာဖြစ်လို့ ကြံ့ဖွံ့ပိုင်လိုက်လုပ်နေတာလဲဗျ။ ဓာတ်တိုင်တို့ သစ်ပင်တို့ဆိုတာ အများပိုင် ဖြစ်ရတာ မဟုတ်ဘူးလား။
သိန်းဂိန်။ ။ ဦးရုက္ခစိုးက ခက်တော့တာပဲ။ ငယ်ငယ်က တိုင်ဦးတမ်း မကစားဖူးဘူး ထင်တယ်။ ကျနော်တို့ ကြံ့ဖွံ့က ရရာ နေရာလွတ်တွေကို ဦးထားမှ တခြား ပါတီတွေ မလာမှာပေါ့ဗျ။ နောက်ကို လမ်းဆုံလမ်းခွတွေမှာ ဗီနိုင်းတွေ၊ ဘီလ်ဘုတ်ကြီး တွေနဲ့ ဒီ့ထက် လူသောက်မြင်ကပ် … အဲလေ ယောင်လို့ ဒီထက်လူပိုသိအောင် လုပ်ဦးမှာဗျား။
ရုက္ခစိုး။ ။ ကောင်းပါလေ့ဗျာ။ ဒါနဲ့ ကြံ့ဖွံ့က ဝန်ထမ်းတွေဆီက ကြိုတင်မဲတွေလည်း အတင်းအကျပ် လိုက်ကောက် နေတယ်ဆို။
သိန်းဂိန်။ ။ ဒါကတော့ဗျာ … လုပ်ထုံးလုပ်နည်းနဲ့ အညီ ကောက်တာပါဗျ။
ရုက္ခစိုး။ ။ ရွေးကောက်ပွဲ ကော်မရှင်ကပြောတော့ ကြိုတင်မဲဆိုတာ ကောက်ချင်တိုင်း ကောက်လို့ မရဘူးဆို။
သိန်းဂိန်။ ။ ဟုတ်တယ်လေဗျာ။ ကောက်ချင်တိုင်း ကောက်လို့တော့ ဘယ်ရမလဲ။ လိုအပ်တဲ့ အခြေအနေတွေနဲ့ ပြည့်စုံမှ ကောက်လို့ရတာလေ။ ဥပမာ - ကြံ့ဖွံ့ပါတီဖြစ်ရမယ်ပေါ့ဗျာ။ တခြားပါတီတွေတော့ ကောက်ချင်တိုင်း ကောက်လို့ ဘယ်ရမလဲ။
ရုက္ခစိုး။ ။ တော်တော်လေး တရားမျှတမှုရှိပါလား။ ဒါနဲ့ … ပိုက်ဆံ လိုက်ချေးတာ တော်တော် ခရီးရောက်နေပြီလား။
သိန်းဂိန်။ ။ ရောက်သလားတော့ မမေးနဲ့။ ကျုပ်တို့ ချေးတဲ့ ပိုက်ဆံကို ပြည်သူလူထုက အားတက်သရော ယူသဗျ။
ရုက္ခစိုး။ ။ ဒါဆို ခင်ဗျားတို့ပါတီကို လူတော်တော် သိနေပြီပေါ့နော်။
သိန်းဂိန်။ ။ သိတယ်၊ သိတယ်။ ကျုပ်ကို လူတွေက လမ်းမှာတွေ့ရင် ငွေတိုးပေးစားတဲ့ လူကြီးတဲ့ ...။ တော်တော်ကို သိနေကြပြီ။
ရုက္ခစိုး။ ။ နိုင်ငံတော်က ပိုက်ဆံတွေ အတော်ကုန်ရောပေါ့။
သိန်းဂိန်။ ။ ကုန်ချက်ကတော့ ပြောမနေနဲ့။ နေပြည်တော်မှာ ဝင်အရွေးခံမယ့် ရွှေပန်းတို့ကလည်း လူတွေကို ဖုန်းတွေ အလကားပေးတယ်၊ ရန်ကုန်က အောင်သိန်းပျင်းတို့ဆိုလည်း ရှိသမျှလမ်းတွေ ပျက်ပျက် မပျက်ပျက် အကုန်ခင်းတယ်။ နယ်စွန်နယ်ဖျား၊ ရပ်ကွက်ကြို ရပ်ကွက်ကြားမှာ အရွေးခံမယ့်ကောင်တွေကလည်း နိုင်ငံတော်ပိုက်ဆံ ကိုယ့်ပိုက်ဆံ ဆိုပြီး လူတကာကို ငွေတိုးပေးတယ်။
ရုက္ခစိုး။ ။ တော်တော် တိုးတက်မှု ရှိတဲ့သဘောပေါ့။
သိန်းဂိန်။ ။ အမယ် … ကျုပ်လူတွေက လည်သဗျ။ နိုင်ငံတော်က ရန်ဘုံးငွေ … အဲလေ … ရန်ပုံငွေတွေကို သုံးချင်သလို သုံးတယ်ဆိုပေမယ့် ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်မယ်ဆိုတဲ့ ပုံစံနဲ့ သွားတာနော်။
ရုက္ခစိုး။ ။ ရှင်းစမ်းပါဦးဗျာ။
သိန်းဂိန်။ ။ ဒီလိုလေဗျာ ...။ ဥပမာ … အောင်သိန်းပျင်း ဆိုရင် နိုင်ငံတော်က ပိုက်ဆံကို သူ့အိတ်ထဲ အရင်ထည့် လိုက်တယ်။ လမ်းခင်းဖို့ လိုတဲ့ ပိုက်ဆံကိုတော့ စီးပွားရေး လုပ်ငန်းရှင်တွေဆီက လည်ပင်းညှစ်ပြီး တောင်းတယ်။ လမ်းမှာ နာမည်တပ်တော့ ကြံ့ဖွံ့နာမည်တပ်တယ်။ အဲဒီသဘောပေါ့ဗျာ။
ရုက္ခစိုး။ ။ တကယ်ဆိုရင် နိုင်ငံတော် ဘဏ္ဍာသုံးပြီး မဲဆွယ် စည်းရုံးရင် ပါတီဖျက်သိမ်းရမယ် မဟုတ်ဘူးလား။
သိန်းဂိန်။ ။ ဟုတ်တယ်လေဗျာ။ တခြားပါတီတွေ ဆိုရင်တော့ ဟုတ်တာပေါ့။ ဒါပေမယ့် မည်သို့ပင် ဖြစ်စေကာမူ အနိုင်ရအောင် ကြံဖန်လုပ်မယ့် ဝန်ကြီးချုပ် ဦးဆောင်တဲ့ ကြံ့ဖွံ့ပါတီကတော့ လုပ်ချင်သလိုလုပ်လို့ရတယ် ဟဲဟဲ။
ရုက္ခစိုး။ ။ တော်လိုက်လေဗျာ။ ဒါနဲ့ ရေစကြိုဘက်မှာ ကြံ့ဖွံ့ မျက်စိအလကား ကုပေးတာ တော်တော်များများ အပြီးကွယ်ကုန် ကြလို့ဆို။
သိန်းဂိန်။ ။ ဟာ ကွယ်ရုံတင် ဘယ်ကမလဲ၊ ဆရာတော်တပါးဆို မျက်လုံးတောင် ထုတ်လိုက်ရတာ။ ဒါလည်း စေတနာဗျ၊ စေတနာ။ စေတနာကြောင့် မဆိုစလောက်လေး မှားသွားတာကို သိပ်ပြောကြတာပဲဗျာ။
ရုက္ခစိုး။ ။ ဗျာ … လူ ၅၀ လောက် မျက်စိ ကွယ်ကုန်တာ စေတနာကြောင့် မဆိုစလောက်လား … ရှင်းပါဦးဗျာ။
သိန်းဂိန်။ ။ အဲဒီနယ်ဘက်မှာ လူတွေက မျက်စိတိမ်စွဲတာတို့၊ မျက်ခမ်းစပ် ဖြစ်တာတို့ တော်တော်များတယ်လေ။ အဲဒါ ကျုပ်တို့ပါတီက စေတနာနဲ့ ကုပေးချင်တယ်၊ ဆရာဝန် အစစ်တွေကလည်း မလိုက်ချင်ကြဘူး၊ အဲဒါနဲ့ ရရာပေါ့ဗျာ ဒေါက်တာရမ်းကုလေးတွေ ခေါ်သွားပြီး ကုပေးလိုက်တာ ခုလို ဖြစ်ကုန်တာပဲ။ ဒါ မှားသလားဗျာ။ ပြည်ပက မီဒီယာတွေက ပိုကို ပိုလွန်းတယ်။
ရုက္ခစိုး။ ။ ဟုတ်တာပေါ့ … ဟုတ်တာပေါ့။ ကြံ့ဖွံ့ပါတီရဲ့ မဲဆွယ်စည်းရုံးပုံကိုတော့ အမေရိကန်က နိုင်ငံရေးပါတီတွေတောင် အတုယူလောက်ပါတယ်။
ဦးရုက္ခစိုးစကားကြောင့် ဦးသိန်းဂိန် ဘဝင်လေဟပ်သွားပြီး “ယူရမယ်လေ။ ယူကို ယူရမှာ။ တကယ်တော့လည်း စည်းရုံးရေး ဆင်းတယ်ဆိုတာ တနည်းအားဖြင့် ပြောမယ်ဆိုရင် မဲဝယ်တာ၊ နောက်တနည်းက မဲသိမ်းပိုက်တာပဲဗျ” ဟု ဟန်ပါပါ ပြောလိုက်သည်။
ရုက္ခစိုး။ ။ ဗျာ … မဲဝယ်တာကတော့ ထားပါတော့၊ မဲသိမ်းပိုက်တယ်ဆိုတာ သမိုင်းမှာ တခါမှ မကြားဖူးဘူး။
သိန်းဂိန်။ ။ သမိုင်းမှာတင်မကဘူး … ခဝဲခြံမှာကော အင်းစိန်မှာကော တကမ္ဘာလုံးမှာပါ ကြားဖူးမှာ မဟုတ်ဘူး။ ဒါအသစ်ဗျ။
ရုက္ခစိုး။ ။ တမျိုးပါလား။
သိန်းဂိန်။ ။ အဟမ်း … ဒါက ဒီလိုဗျ။ တလုပ်စားဖူး သူ့ကျေးဇူးဆိုတာ သိတယ်မဟုတ်လား။ ကြံ့ဖွံ့ဆီက တခုခု ယူရင်ပဲ ဖြစ်ဖြစ်၊ ကြံ့ဖွံ့က အတင်းအကျပ် တခုခု အတင်းလုပ်ပေးတာကို လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ လက်ခံ လိုက်ရရင်ပဲ ဖြစ်ဖြစ် ဒီလူဟာ ကြံ့ဖွံ့ပါတီဝင် ဖြစ်သွားပြီ။
ရုက္ခစိုး။ ။ အဲ … တမျိုးတောင် မကပါလားဗျ။
သိန်းဂိန်။ ။ ဟုတ်ပါ့ ...။ ဥပမာဗျာ … ကြံ့ဖွံ့က ဓာတ်တိုင်တတိုင် ထောင်ပြီး မီးလင်းအောင် လုပ်ပေးလိုက်ရင် အဲဒီအလင်းရောင်ကို ရတဲ့ မည်သူမဆို … ကုန်ကုန်ပြောမယ် ... ဓာတ်တိုင်အောက်က ဖြတ်လျှောက်သွားတဲ့ ခွေးကအစ ကြံ့ဖွံ့ပါတီဝင် ဖြစ်ပြီ။
ရုက္ခစိုး။ ။ ကျုပ် … ကျုပ်ကောဟင်။
သိန်းဂိန်။ ။ ပါတာပေါ့။ ဒီ သစ်ပင်ကို ကြံ့ဖွံ့ပိုင်တယ်လို့ စာကပ်ထားတာပဲ။ ဒီသစ်ပင်အရိပ်ခိုတဲ့သူတွေ၊ ဒီသစ်ပင်ပေါ်တက်တဲ့ မျောက်တွေ၊ ရုက္ခစိုးပါမကျန် ကြံ့ဖွံ့ပါတီဝင် ဖြစ်ပြီဗျာ။
ရုက္ခစိုး။ ။ ဒါ … ဒါဆို ...။
သိန်းဂိန်။ ။ ဟုတ်တယ်။ ဒီ သစ်ပင်ပေါ်မှာ နားတဲ့ ငှက်တွေ၊ တက်တဲ့ ပုတ်သင်ညိုတို့ ရှဥ့်တို့၊ မျောက်တို့ပါမကျန် … အကောင်ပလောင် အားလုံးကော ဦးရုက္ခစိုးကော ကြံ့ဖွံ့ပါတီဝင် ဖြစ်တဲ့အတွက် ကြံ့ဖွံ့ပါတီကို မဲပေးပြီးသားဖြစ်သွားပြီ။
ဦးရုက္ခစိုး ဘာဆက်ပြောရမှန်း မသိဖြစ်သွားစဉ် … ဦးသိန်းဂိန်မှာ စာရွက်ထပ်ကြီးကို ကိုင်၍ သစ်ပင်အောက်မှ ခပ်တည်တည် ထွက်သွားပြီး လမ်းဘေးသောက်ရေအိုးစင် တစင်ရှေ့တွင် ရပ်ကာ စာရွက်တရွက်ကို ကပ်လိုက်သည်။
ထိုစာရွက်ပေါ်တွင် “ဤ သောက်ရေအိုးစင်သည် ကြံ့ဖွံ့၏ အရိပ်အာဝါသအောက်တွင် ရှိပြီး ကြံ့ဖွံ့ပိုင်ဖြစ်သောကြောင့် အရူးများ ရေခပ်မသောက်ရ” ဟု ရေးထားသည်။
ဦးသိန်းဂိန်မှာ သူကပ်ထားသည်စာရွက်ကို သူ့ဘာသာ ကျေနပ်စွာကြည့်၍ ရေတခွက်ကို အားပါတရ ခပ်သောက်၍ ပြုံးပြုံးကြီး လုပ်ကာ ထိုနေရာမှ ထွက်ခွာသွားလေတော့သည်။ ။

shwe htee (အီးမေးလ်မှ ကူးယူဖော်ပြသည်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)